" အာ ! Annyeongsayo Sunbae nim "

နှုတ်ဆက်လိုက်တော့ထိုSunbaeက
ပြုံးပြီးခေါင်းငြိမ့်သည်။

အပြုံးကနွေးထွေးပုံကိုကြည့်ရတာ
YooJungတို့လူရွေးမှန်သွားပုံပဲ။

" BaekHyun Ssiအကြောင်းတွေ
ကျွန်တော်အများကြီးကြားထားပါတယ် .. "

" အာ .. Nae "

ဘာဆက်ပြောရမှန်းမသိတော့သည်မို့
တုံးတိတိအဖြေသာပြန်ပြောမိလိုက်သည်။

" YooJung ~ မနက်စာစားပြီးပြီလား ! "

" အင်းပြီးပြီ ကိုကိုရော "

ဘာပါလိမ့် ..
ဒီလိုနေရခက်နေတဲ့ခံစားချက်ကြီးက ..

RSတွေကြားနေရခက်နေသော
FAလေးကဲ့သို့ဖြစ်နေသော
ခံစားချက်ကိုမကြိုက်။

ထိုစဉ် ကျောင်းထဲဝင်လာတဲ့
ChanYeolပုံရိပ်ကို မျက်လုံးထောင့်က
လှမ်းမြင်မိလိုက်သည်မို့
သူ့ဆီသွားဖို့ပြင်လိုက်သည်။

" YooJungငါသွားတော့မယ်နော် ..
Sunbae nim ကျွန်တော့်ကို
ခွင့်ပြုပါဦး "

ပြန်ဖြေမည့် စကားလုံးတွေကိုမစောင့်တော့ပဲ
ChanYeolဆီသာအမြန်ပြေးလိုက်မိသည်။

လှေကားတက်နေသောChanYeolကို
လက်ကနေဆွဲရင်း
ပြေးနေသောကျွန်တော့်ကို
လူတွေအကုန်လှည့်ကြည့်နေမည်ထင်၏။

***

ဘယ်ခေါ်သွားရမှန်းမသိသည်မို့
ရောက်ချင်တဲ့နေရာရောက်ကွာဆိုပြီး
ပြေးလာလိုက်တာ .. ရောက်လာသည့်နေရာက
အရင်တစ်ခါကChanYeolနှင့်သူ
နမ်းခဲ့သည့် အိမ်သာဟောင်းလမ်း။

" အဟက် ! ထပ်နမ်းချင်သေးလို့လား ..
ဟမ် ဒီကိုခေါ်လာတာ "

ပြုံးစိစိနှင့်ပြောနေပေမဲ့
ChanYeolမျက်နှာက လှောင်ချင်စိတ်
တစ်စက်ကလေးတောင်မပါသည်ကို
ကျွန်တော် သိသည်။

" မဟုတ်ဖူး !
မနေ့ကငါ့ပါးကိုနမ်းသွားတာမကျေနပ်လို့ "

" အဲ့တော့ ..?
ပြန်လက်စားချေမလို့လား ?
ဘယ်လိုချေမလဲ ..
ငါ့ပါးကိုပြန်နမ်းပြီးတော့လား ?
အာ ! ဟိုတစ်ခေါက်ကငါမင်းကိုနမ်းခဲ့တယ်လေ
အဲ့အတွက်လည်းလက်စားမချေချင်ဖူးလား ?
ပြန်နမ်းပြီးတော့လေ "

Dating With A GangsterWhere stories live. Discover now