" အစ်​ကိုယွန်းဂီ "

ပုခုံးကိုကိုင်​လှုပ်​ခံလိုက်​ရခြင်းနဲ့ ထိုလူသားက လီ​ဆောင်းဟိုဆိုတဲ့အသိ​ကြောင့်​ ပုခုံး​ပေါ်က လက်​တစ်​စုံကို ချက်​ချင်းပုတ်​ထုတ်​ပစ်​မိ​သည်​။

" မင်း..ဘာလာလုပ်​တာလဲ "

အ​မြင်​​တွေက ​ဝေဝါးဝါးရယ်​မို့ လီ​ဆောင်းဟိုရယ်​လို့​တောင်​ မ​သေချာ​တော့ပါ။ လက်​ထဲက ဝီစကီခွက်​ကိုပဲ အဆုံးထိ​မော့ချပစ်​လိုက်​တယ်​။

" အစ်​ကိုအရမ်းမူး​နေပြီ..ထပ်​မ​သောက်​နဲ့​တော့..ပြန်​ရ​အောင်​ "

လက်​ထဲကခွက်​ကိုဆွဲယူသွားခြင်းနဲ့ ခွက်​ကိုစားပွဲ​ပေါ်တင်​လိုက်​တဲ့ ဂွပ်​ဆို​သောအသံ။ ​ဒေါသက​ထောင်းကနဲ။

" မင်းအပူမပါဘူး...မင်းဟာမင်းပြန်​!!! "

ခွက်​ထဲကို ဝီစကီအပြည့်​ထပ်​ဖြည့်​ပြီး တစ်​ကျိုက်​တည်းအကုန်​​မော့​သောက်​လိုက်​​တော့ ပူရှသွားတဲ့ လည်​​ချောင်းသားတစ်​​လျှောက်​လုံး။

ကင်မ်​ဆော့ဂျင်​..ငါမင်းကို​စောက်ရမ်းလွမ်းတယ်လို့...လိုအပ်​နေတယ်လို့...ဟိုးအ​ဝေးကြီးက​နေ..​လေယာဉ်စီးစရာမလိုဘဲ တန်ခိုးရှင်လို..ချက်ချင်း​ရောက်လာ​ပေးစမ်းပါ..​အ​ရှေ့မှာချက်ချင်း​ပေါ်လာ​ပေးစမ်းပါ.​စောက်ကျင့်​မ​ကောင်းတဲ့​ကောင်!!!!

" အစ်​ကိုယွန်းဂီ...ပြန်​ရ​အောင်​ပါ...​နော်​..ထပါ "

" ဖယ်​စမ်း...မင်းငါ့ကိုမထိနဲ့!!! "

နောက်​ထပ်​ဝီစကီတစ်​ဖန်​ခွက်​ကို ထပ်​​သောက်​​လိုက်​​တော့ ​ဘေးနားက​ကောင်​ဆီက ကျစ်​ကနဲစုပ်​သပ်​လိုက်​သံကိုကြားရသည်​။ ကျ​တော်​ လှည့်​​တောင်​မကြည့်​ဖြစ်​။ တစ်​ခွက်​ပြီးတစ်​ခွက်​ ဆင့်​​သောက်​​နေမိတယ်​။ ​နောက်​ဆုံး....သတိ​တွေ​ပျောက်​ဆုံးသွားတဲ့အထိ။ သိတစ်​ချက်​ မသိတစ်​ချက်​နဲ့ အာရုံ​တွေက ​ဗြောင်းဆန်​​နေတယ်​။

Only My Shadow Knows {Completed}Where stories live. Discover now