"ဟာ ...အဘွားရယ် မငိုပါနဲ့..တိတ်ပါနော်
Yeollie သွားပါ့မယ် ...ခုလိုကျ Yeollie စိတ်မကောင်းဖူး .....အဟင့်... "

ပြောရင်း သူပါလိုက်ငိုမိတော့သည်

အဘွားက အထိန်းတော်ကြီးဆိုပေမဲ့ အဘွားရင်းထက်တောင် Yeollie ချစ်သည။် မိတဆိုးလေး Yeollie ကို ဒီအဘွားကဘဲ အနွံတာခံခဲ့သည်မလား။
Yeollie ဆုံးဖြတ်လိုက်သည်​။ အဘွားစိတ်ချမ်းသာဖို့၊
မျိုးနွယ်စုကို ကာကွယ်ဖို့၊ Yeollie ကိုယ်တိုင် စစ်ရေးဗျူဟာစနည်းနာဖို့၊ တဲ့ဘတ်တောင်ကို သွားဖို့ နောက်ဆုံးဆုံးဖြတ်ချလိုက်တော့သည်။

_____  _____  _______

"Yeollie ....အဘွား....လမ်းမှာဆာရင်စားဖို့ မုန့်ချိုတွေထည့်ပေးလိုက်တယ်နော်။
ကောင်းကောင်းသွားနော်"........

"အာ့ကြောင့် အဘွားကိုချစ်နေရတာ။mwaks....
Yeollie ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်နေပါပြီ။ အရမ်းလည်း မစိုးရိမ်နဲ့နော်။ အမြန်ပြန်လာခဲ့မယ်"

"သွားပြီ အဘွားရေ..... "
မြင်းဖြူကြီးဆောင်းအာနဲ့ Yeollie ဒုန်းဆိုင်းတော့သည်။

______ _______ ________

ညည့်နက်လာတော့ yeollie ခရီးတစ်ထောက်နားဖို့
ဆုံးဖြတ်လိုက်ရသည်​။

"ဆောင်းအာ ရေဆာနေပြီလား။ ရှေ့မှာရေကန်ရှိမယ်ထင်တယ် ... " အချစ်တော်မြင်းမလေးကို လည်ဆံမွှေးသပ်ပေးရင်း
စကားပြောနေသည်မှာ အသည်းယားဖွယ်

"အယ်... ရေကန်ထဲမှာ လူတစ်ယောက်ပါလား။
ရေချိုးနေတာထင်တယ်....ဒုက္ခ...
ချောင်းကြည့်နေတယ်ဆိုပြီး ရန်လာရှာရင်တော့ သွားပါပြီ။
Ekkk...omma ရေ...."
လက်ကလေးနဲ့မျက်နှာကို
အုပ်ရင်း ပတွတ်ပတွတ်ပြောနေမိသည်။
လက်ကြားကနေ အသာထပ်ကြည့်မိတော့
ထိုလူ ရေချိုးပြီးပြီထင်ပ။ ပိုးထည်ရုံအသာလွှမ်းပြီး
ရေထဲက တက်လာသော အခိုက်အတန့် .......

 Oh ....ဘယ်လိုတောင်ချောမောတာလည်း။
အသားအရေက လရောင်အောက်မှာ ဝင်းဝါပြီးနို့နှစ်ရောင်သန်းနေသည်။
ထိုသူ သူ့ဆံစရှည်တွေကို ထုံးထားသည်မှ
ဖြန့်ကျက်လိုက်သည့် အခါတွင်မတော့........
လေအဝေ့မှာ ဆံနွယ်ဖြူတွေက ဝဲပျံနေသည်။

မျက်နှာသေချာ သဲသဲကွဲကွဲမမြင်ရပေမဲ့ အတော်ချောသည်။

*အမယ်လေး Yeollie စိတ်ထိန်းစမ်း။ နင်ယောကျာ်းတစ်ယောက်ကို ခု သေချာကြည့်ပြီးဝေဖန်နေတာလား။
 arr shi.....မဖြစ်သေးပါဖူး။
ခရီးဆက်မှဖြစ်မယ် ......*

"ဆောင်းအာရေ ငါ့ရေဘူးထဲကဘဲ မျှတိုက်တော့မယ်
ခုတော့ သွားကြမယ်နော်"
မြင်းဇက်ကြိုးကို အသာလေးဆွဲပြီး အသံတိတ် ပြန်လှည့်လာတော့သည်။
ရေကန်နဲ့နည်းနည်းဝေးမှ မြင်းကို အသော့နှင်ပြီး ပြေးလိုက်တော့သည။်

ခုနက ကိစ္စပြန်စဉ်းစားမိရင် လူကရင်တွေတောင် အခုန်မြန်လာသည်။
ကံကြုံရင် ပြန်ဆုံကြဖို့ Yeollie မျှော်တော့လင့်မိသည။်
ခုတော့ မျိုးနွယ်စုအရေးဘဲ ခေါင်းထဲ ထည့်ထားလိုက်တော့သည်။
...........................

Guess ....
Yeollie ကိုရင်ခုန်အောင်လုပ်တာ ပယ်သူလည်း😁

Long time no upload ပါ
Viewer လေး 260 ကျော်ပြီဆိုတော့ ဖတ်မဲ့သူ ရှိကြပြီထင်လို့ ခုမှတင်ရတာပါ 😁
မျှော်နေတဲ့သူ တစ်ယောက်စ နှစ်ယောက်စလောက်ဘဲ ရှိအုံး
Violet လေး ဒီ fic ကို ဖန်တီးမယ်နော်
အရမ်းကို ရေးချင်နေလို့ပါ

ဖတ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်

          #violet



The legendary king of love Where stories live. Discover now