သူတိုကျောင်းသား ကျောင်းသူတွေကတော့
နဖူးမှာလည်း အစိမ်းရောင် ကျောင်းတံဆိပ်
အစည်းတွေနဲ့ ရင်ဘက်မှာလည်း ရင်ထိုးစာတန်း
တွေနဲ့ လည်းကောင်း၊ ပွဲကြည့်စင်ရှေ့က
ကျောင်းတံဆိပ် အင်္ကျ ီတွေဖြင့်လည်းကောင်း
အားပါးတရအားပေးလျက်ရှိသည်။

'ဟာ...´

တစ်ဖက် ကျောင်းပရိသတ်တွေဆီ
ကတော့ ဂိုး ဟူသော အသံ
ကျယ်ကြီးက ဟိန်းထွက်လာသည်။

သူတို့ဘက်ကတော့.တောက်ခတ်သံတွေ၊
ဆွေးနွေးသံ၊ အပြစ်တင်သံတွေ ညံသွားသည်။
ကွင်းထဲရှိ ချွေးတလုံးလုံးနဲ့ ပြေးနေသော
လင်းထက်နိုင်ဆီကို လင်းဆက် ခဏတိုင်း
အကြည့်ရောက်သည်။ ပထမနှစ် အများစု
(မိန်းကလေးများ) က သူတို့ နှစ် ကင်းပါလာ
၍ လာအားပေးကြခြင်းဖြစ်သည်။.လင်းထက်နိုင်
က အတန်းထဲက ကလေးမ များကြားတော့
အတော် ပေါ်ပြူ လာဖြစ်သည်။

လာအားပေးသော ယောကျာ်းလေးများက
တော့ သူအပါဝင် လင်းထက်နိုင် ဘော်ဒါ
များသာ ဖြစ်သည်။

ပထမပိုင်းပြီးသွားတဲ့အထိ သူတို့ဘက်အသင်းက
ချေပဂိုးသွင်းယူ နိုင်ခြင်းမရှိသေးချေ ။

ခဏနားချိန် ဝယ် လင်းလက်ရွန်းတို့က အတင်း
လက်ဆွဲခေါ်သွား၍ လင်းဆက်လည်း ပွဲကြည့်
စင်အောက်ကနေ ဆင်းကာ ဘောလုံးသမား
များ နားနေသည့် နားကို ခဏကပ်သွားကြသည်။
လင်းလက်ရွန်းက ပိုကာရီဆွက်ဘူးကို လင်းဆက်
ကို ထိုးထည့်ပေးကာ မျက်ရိပ်ပြသည်။ အထဲ
က လင်းထက်နိုင်ကို ပေးပေးဖို့ပင်။

'လင်းထက်.....´

သူ့ခေါ်သံကြားတော့ ရေမော့သောက်ခါနီး
လင်းထက်နိုင်က လှည့်ကြည့်ပြီး သူ့နားကို
ပြေးလာသည်။ လင်းထက်နိုင် မျက်နှာတစ်ခု
လုံး ချွေးတွေ ရွဲနေပြီး ထုံးစံအတိုင်း သူ့ဆံပင်
တို့က မျက်ခူံးစပ်ထိ ကျနေသေးသည်။အနက်
ရောင်အင်္ကျ ီနဲ့ လက်ရွေးစင် ကျောနံပါတ် ၆
လင်းထက်နိုင်။

'မင်းဖို့....´

သူကမ်းပေးသော ပိုကာရီဆွက်ဘူးလေးကို
လင်းထက်နိုင်က ပြုံးပြုံးကြီးနဲ့ ယူလိုက်ပြီး
တဂွတ်ဂွတ် မော့ချလိုက်သည်။ မော့အသောက်
လှု့ပ်နေသော လင်းထက်နိုင်ရဲ့ အာဒမ် ပန်းသီး
ကို သူ အမှတ်တမဲ့ ကြည့်မိသည်။ လင်းထက်နိုင်
က သူ့ကို ဘူးခွံ ပြန်ပေးရင်း ထပ်ပြုံးပြနေပြန်
သည်။

It Must Be Love!Where stories live. Discover now