"ကိုယ်​​ပြောပြပါ့မယ်​...
ကိုယ့်​မှာ အ​မေမရှိ​တော့ဘူး​လေ...
ကိုယ်​ အထက်​တန်း ​နောက်​ဆုံးနှစ်​တုန်းက..
ဆုံးပါးသွားတာ...
ခုလို..မင်းရဲ့ မိသားစု​လေးကို မြင်​ရ​တော့..
ကိုယ်​...ဝမ်းနည်းမိလို့ပါ"

"​စိတ်​မ​ကောင်းပါဘူး...Daniel-shi
ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​​နော်​...
ခင်​ဗျားကို...ရုတ်​ရုတ်​ကြမ်းကြမ်း...ဆက်​ဆံခဲ့မိလို့
.....ကျွန်​...ကျွန်​​တော်​...အိပ်​​တော့မယ်​​နော်​...
Good nightပါ"

      စကား​တွေ ကရား​ရေလွှတ်​​ပြောပြီး တစ်​ဖက်​သို့ လှည့်​အိပ်​သွားတဲ့ Seong Wuကို ကြည့်​ကာ
Daniel တစ်​ချက်​ရယ်​လိုက်​ပြီး သူ့အား ​ကျောခိုင်းထားတဲ့ ​ကောင်​​လေးရဲ့ ​ကျောပြင်​ကို အ​နောက်​မှ သိုင်းဖက်​လိုက်​ပြီး လည်​ပင်းနားအား ​မေးတင်​လိုက်​ကာ ​ပြောလိုက်​မိသည့်​ စကားတစ်​ခွန်းက​တော့....

"ကိုယ်​မင်းကို ချစ်​တယ်​...Seong Wu"

      Danielရဲ့ ဖက်​တွယ်​မှု​ကြောင့်​ ရင်​တုန်​​နေရတဲ့ ကြားထဲ ရည်းစား စကားပါ အ​ပြောခံလိုက်​ရသဖြင့်​ Seong Wu အသက်​ရှုပင်​ မမှန်​ချင်​​တော့...
   Danielလက်​​​တွေကြားမှ သူ့ကိုယ်​အား လူးလွန့်​ကာ ရုန်း​နေမိတယ်​....

"လွှတ်​...လွှတ်​ဗျာ....
ခင်​ဗျား ဘာ​တွေလာ​ပြော​နေတာလဲ...
ကျုပ်​ ​ယောကျာ်း​လေး​နော်​...
လွှတ်​..."

      အတင်းရုန်းကန်​​နေတဲ့ Seong Wuကိုယ်​​လေးကို Daniel ပိုတိုးလို့ ဖက်​လိုက်​ရင်း

"ဟင့်​အင်း....ကိုယ်​တကယ်​​ပြောတာ...
ကိုယ်​မင်းကို ချစ်​တယ်​...
စ​တွေ့ထဲက ချစ်​တာပါ....
ကိုယ့်​ကို မကြိုက်​ရင်​​တောင်​ စဉ်းစား​ပေးပါကွာ"

   ပို​ပြောလာတဲ့ Danielစကား​ကြောင့်​ Seong Wu....Danielရဲ့ မျက်​နှာချင်းဆိုင်​ ဖက်​ကို လှည့်​မိ​တော့....

*chu*

"အွန့်​"

     မထင်​မှတ်​ထားဘဲ...မရည်​ရွယ်​ပါဘဲ...
ထိကပ်​မိတဲ့ နှုတ်​ခမ်းနှစ်​လွှာဟာ ထပ်​တူကျလို့....

      ရုတ်​တရက်​မို့ ပူထူကာ ရှက်​​နေတဲ့ Seong Wuကို Danielက ဆွဲဖက်​ကာ အနမ်းတို့ကို ပိုမိုသိပ်​သည်း​စေလိုက်​တယ်​....

1min...

2min...

3min...

         3မိနစ်​ကြာ နမ်းပြီးတဲ့ အခါမှာ​တော့....
Seong Wuရဲ့ နှုတ်​ခမ်းပါး​လေးဟာ စိုစွတ်​ကာ ရဲ​နေတယ်​...
      ထိုနှုတ်​ခမ်းပိစိအား...Daniel တစ်​ချက်ဆွဲစုပ်​လိုက်​ရင်း....

"ချစ်​တယ်​....Seong Wu"

       ထိုစကား​လေးရဲ့ အဆုံးမှာ​တော့....
မှောင်​မိုက်​​နေတဲ့ အခန်း​လေးရဲ့ အထဲက Seong Wuဆိုတဲ့ ​ကောင်​​လေးရဲ့ စ​တော်​ဘယ်​ရီသီး မျက်​နှာ​လေးအား Danielဆိုတဲ့ ​ကောင်​​လေး မြင်​ခဲ့ရတယ်​.....








အ​ရေးအသား​ပေါ့​နေတယ်​...😢
တိုတယ်​​ရော်​...😪
မျှော်​​နေတဲ့သူ​ရောရှိရဲ့လား​အေ...😓
မျှော်​​နေ​ကြောင်းvoteနဲ့သက်​​သေပြကျ😃
Vote500ပြည့်​မှ ပြန်​လာမယ်​...အယ့်​လယ်​😬     

Baby Piggy (Completed)Where stories live. Discover now