မေလမင်းက မရရအောင်ခနဲ့လိုက်သေးသည်။ သွန်းခေတ်က ရယ်လေတော့ မေလမင်းကပြောလာလေသည်။

"နင်လည်းမဟုတ်ဘူးသွန်းခေတ်။ နင်ကျတော့တစ်မျိုး။ ယောက်ျားဖြစ်ပြီး ရှက်လိုက်ကြောက်လိုက်ပြေးလိုက်နဲ့။"

"အာ..အဲဒါ..."

သွန်းခေတ်ဘာမှမပြောနိုင်ခင် လွန်းက ဝင်ပြောလာလေသည်။

"ငါတို့စီစဉ်ထားပြီးပြီလမင်း။ သူ့crushလေးနဲ့ ပိုနီးသွားဖို့ ငါအား...လုံး စုံစမ်းစီစဉ်ထားပြီးသား။"

လွန်းစကားကိုကြားသည်နှင့် မေလမင်းက ဝမ်းသာအားရပြောလာလေသည်။

"ငါလည်းကူညီလို့ရမလားဟင်။"

"ဒါက နင်တို့မိန်းကလေးတွေ လုပ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။"

"ဟမ်?"

လွန်းစကားကြောင့် မေလမင်းကြောင်သွားလေသည်။ ထိုအချိန်မှ လွန်းက သေချာရှင်းပြလာလေသည်။

"ဒီလိုဟ....."

လွန်းအကြံကိုနားထောင်ပြီးသော်-

"ဪ..... ကောင်း...တာ...ပေါ့..."

မေလမင်းက အသံရှည်ဆွဲပြီးပြောလိုက်ရင်း နှစ်ယောက်သားတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပုံက မချိုမချဉ်နှင့်။ သူတို့နှစ်ယောက်ကိုကြည့်ရင်း သွန်းခေတ်ပင်လန့်လာသယောင်ယောင်။ ပုံစံတွေက အပီအပြင်ကြံစည်ကြတော့မည့်ပုံ။

ထိုအချိန်တွင်မေလမင်းက ရုတ်တရက် စဉ်းစားမိသွားပြီး ယူကြုံးမရဖြစ်သည့်အသံနှင့် ပြောလာလေသည်။

"ဒါဆို ငါ့သင်္ဘောကြီးနစ်ပြီပေါ့ဟာ..."

"သင်္ဘော?"

လွန်းကနားမလည်သလိုမေးလာတော့ မေလမင်းက စိတ်မရှည်စွာပြောလာလေသည်။

"လွန်းမာန်ထက်...နင့်ကိုတော့ ငါသေသေချာချာသင်တန်းပို့ချရတော့မယ်ဟာ။ ငါက နင်နဲ့သွန်းခေတ်ကိုတွဲပေးနေတာလေ။ အခုတော့ သွန်းခေတ်က တခြားတစ်ယောက်ကို လိုက်တော့မယ်ဆိုတော့ ငါတွဲပေးနေတဲ့အတွဲပျက်သွားတာပေါ့ဟ။"

"ဪ...အဲဒါကို သင်္ဘောနစ်တယ်ခေါ်တာလား?"

"အေး...အခုတော့အဲလောက်ပဲသိထား။"

Romance Is Dead (Completed)Where stories live. Discover now