@@@@@ကြင်ယာတော် Byun@@@@@

ရပ်ကွက်ဈေးရှိ နန်းတွင်းစာကပ်သော သင်ပုန်းတွင် နန်းတွင်းသားတချို့နှင့် ရပ်ကွက်အဒေါ်ကြီး ဆယ်ယောက်ခန့် ဝိုင်းအုံနေသည်။

"ဘာလဲရှင့်"

"နန်းတော်က ဘာတွေလုပ်ပြန်ပြီလဲရော်"

"စောင့်ရတဲ့သူကို စိတ်မရှည်အောင် တယ်ကြာသကိုး! မြန်မြန်လေးဗျို့"

တယောက်တပေါက်နှင့် ဆူညံပွက်လောရိုက်နေသည်။ တအောင့်ကြာမှ စာကပ်ခြင်းကိစ္စပြီးသလို နန်းတွင်းသားလည်း အသံနက်ကြီးဖြင့် နန်းတော်အမိန့်ကို ရွတ်ဖတ်လေသည်။

"အမိန့်စာဗျို့ အမိန့်စာ!!"

အော်သံအဆုံး ဈေးတန်းထဲရှိ လှုပ်"ရှား"များ ခဏမျှ ငြိမ်သွားကြသည်။

"ကျနော်တို့ ဂျိုဆွန်းတိုင်းပြည်ရဲ့ အရှင်သခင်ဟာဆိုရင် သူ့ရဲ့သားတော် Chanyeol အိမ်ရှေ့စံ ရဲ့ မင်္ဂလာပွဲကို ကောင်းချီးပေးတဲ့အနေနဲ့ တနိုင်ငံလုံးမှာ ရှိတဲ့ အပျို လူပျို တွေကို အိမ်ထောင်မပြုမနေရ အမိန့်ချမှတ်လိုက်ပါတယ်။"

"ဘာ.."

"ဘယ်လို"

အာမေဋိတ်များ တစ်စ တစ်စ ထွက်လာသော်လည်း ထိုသူက ဆက်၍

"အိမ်တိုင်း အိမ်တိုင်း အသက်ဆယ့်နှစ်နှစ်ကနေ ဆယ့်ခုနှစ် တွေကတော့ မပြုမနေရ ကို ဒီရက်ပိုင်းထဲမှာ ပြုရမှာဖြစ်ပါတယ်နော်..ဒါအရမ်းအရေးကြီးပါတယ်..ညနေလောက်ကျ မိမိဆိုင်ရာ ရပ်ကွက်ရုံးမှာ သားရှင် သမီးရှင်ရွေးကြပါ.. အမိန့်နာခံစေ!"

@@@@@ကြင်ယာတော်Byun @@@@@

ညကအတော်ပင်နက်နေပြီဖြစ်သော်လည်း baekhyun တယောက် အိပ်မပျော်တာကြောင့် ပန်းချီထိုင်ဆွဲနေလိုက်သည်။

သို့သော် တညလုံး ထိုင်နေဖို့လဲမဖြစ်။ မနက်ဖန် နန်းတော်သို့ဝင်ရတော့မည်ဖြစ်တာကြောင့် မျက်စိလေးစေရန် တပုံမြန်မြန်ဆွဲပြီး အိပ်မှဖြစ်တော့မည်။

"Hyun လေး အိပ်ပြီလား"

အာရုံစိုက်ကာ ဆွဲနေချိန် တစ်စုံတစ်ယောက်ခေါ်သံကြားလိုက်ရပြီး ခေါ်သူမှာလဲ အကိုဖြစ်သူဖြစ်တာကြောင့် မြန်မြန် ထကာ အဆောင်ပြတင်းတံခါးကိုဖွင့်ကြည့်မိတော့ မှန်ပါသည်။ အကိုတော် kyuhyun

✡  ကြင်ယာတော် BYUN  ✡Where stories live. Discover now