နင် ပြန်သွားရင် ငါရဲ့ မနက်ဖြန် နေ့တွေ အတွက် ဘာမှ မပြင်ဆင်ရသေးဘူး...။

"ကောင်လေး က သူဌေးပေမဲ့ အောက်သက်ကျေတယ်နော်..."

ဒေါ်လေးပုက လတ်တို့ အခန်းထဲကို ပထမဆုံးရောက်ဖူးတာမို့ အခန်း တစ်ပတ်လည် လိုက်ကြည့်ပြီး မှတ်ချက်ပေးသည်..။

အ၀တ်တန်းကြိုး ကိုယ်တိုင် လုပ်ပေးပြီး အ၀တ်အစားလဲရင် ကာဖို့ မိုးကာဖျင်စ၀ယ်လာခါ သူကိုယ်တိုင် ဆင်ပေးခဲ့သည်လေ...။

ကြိုးတန်းပေါ် ခေါက်တင်ထားတဲ့ အကျီ င်္နဲ့ ပုဆိုးကိုကြည့်ရင်း ဒေါ်လေးပု က သူ့လူကို အမှတ်ပေးသည်..။

အိပ်ယာ ထရင် သူစောင် ခေါင်းအုံး အားလုံးခေါက်သိမ်းပြီးမှ မျက်နှာသစ်တက်သည်..။

ရောက်ခါစ ရက်တွေပဲ နှိုးရတာ နောက်ရက်ဆို သူ့ဟာသူ ခြောက်နာရီခွဲရင် နိုးနေပြီ..။

စားပြီးတဲ့ ထမင်းပန်းကန် ကိုယ်တိုင်ဆေးသလို သူ့ အ၀တ်လည်း လတ် မလျှော်ရပါဘူး..။

လတ် သုံးဖို့ ရေမပျက် ခပ်ပေးတက်တဲ့ နောင် က နိုင်ထူးထက်ကို ပိုသိတက်ပါသည်..။

လိမ်မာလွန်းလို့ မေ့မရဖြစ်တော့မယ်...နောင်ရယ်...။

"ဒေါ်ပု ကို ထမင်းချက်သင်ခိုင်းတုန်းက အပူတွေဘာတွေတောင် လောင်သေးတယ်...သမီး ပြန်လာမှ ချက်ရရင် ပင်ပန်းမှာ စိုးလို့တဲ့လေ..."

"အဟွင်း..သူထမင်းငတ်မှာ ကြောက်လို့ပါ..ဒေါ်လေးပုရယ်.."

"စိတ်ရင်းက ကောင်းပါတယ်...သူ့အလုပ် ကိုယ့်အလုပ် မခွဲခြားပဲ အမြင်မတော်တဲ့ အလုပ်မှန်သမျှ သိမ်းလုပ်တာပဲ...သမီးကိုတော့ ချစ်လို့ဖြစ်မယ်...အရမ်းစတာပဲ...ပြီးရင် အောင်ဦး နဲ့ ပြောလိုက်ရယ်လိုက် လုပ်နေတာ တစ်နေ့ကုန်ပါပဲ.."

"ဟင်.."

"ဟိုနေ့က အောင်ဦးနဲ့ သောက်ပြီး မူးရင်း.. မလတ် က နောင့် ကို မချစ်ဘူးလို့ ပြောတယ်..ဒေါ်ပု စိတ်မကောင်းလိုက်တာ မပြောပါနဲ့..."

"သူက အိမ်မှာနေပြီး အရက်သောက်နေတာကိုး.."

"မသောက်ပါဘူး..အောင်ဦး အတင်းတိုက်တာတောင် မလတ် မကြိုက်ဘူးဆိုပြီး ငြင်းပါတယ်...သမီးရယ်...လင်ကောင်း တော့ စံရတယ် သမီးရဲ့...သူက သမီးကို အစ်မကြီး တစ်ယောက်လိုလည်း ရိုသေရှာပါတယ်..ရန်သိပ်မဖြစ်နဲ့ကွယ်... ယောင်္ကျားလေး ဆိုတာ အပြင်ထွက် ရတာများရင် မကောင်းဘူး..အခုတော့ သမီးပဲ စိတ်ညစ်ရတာမလား.."

စွဲနေပြီ (Complete) Where stories live. Discover now