"အပြင်မှာ အေးတယ် ငယ်ငယ်ရဲ့...အိမ်ထဲဝင်ပြီး နားတော့လေ...ဒီနေ့ ပင်ပန်းခဲ့တယ်မလား?"
"ကျွန်တော် မဝင်ချင်သေးလို့ပါ ကိုကို...ပြီးတော့ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ထပ်မေးလာမှလည်း မဖြေချင်လို့....."
"ငယ်ငယ် တကယ် ခေါင်းမာတယ်.."
မျက်နှာချင်းဆိုင်မှာ ထိုင်နေပြီး ကျွန်တော့်ကို သေချာတည့်တည့်ကြည့်ပြီး ပြောလာတာကြောင့် ခပ်လျှောလျှောထိုင်နေတဲ့ ကျွန်တော် ခါးမတ်သွားသည်။
"ခေါင်းမာတယ်....! ငယ်ငယ်ကလား?!"
"အင်း....တကယ် ခေါင်းမာတာ...."
"ဘယ်လိုကြောင့်လဲ ကိုကိုရဲ့...?"
"ကိုကို ဖွင့်ပြောတဲ့အချိန်ကသာ လက်ခံလိုက်ရင် ငယ်ငယ် ဒီလိုတွေ ခံစားနေရမှာမဟုတ်ဘူးလေ....အနည်းဆုံးတော့ ကိုကိုက ငယ်ငယ့်ကို ကလေးမွေးခိုင်းမှာ မဟုတ်ဘူး...ငယ်ငယ် ခေါင်းမာပြီး ငြင်းဆန်ခဲ့လို့သာ....."
"ဒီလိုအချိန်မှာ ဒါတွေ ပြန်မပြောပါနဲ့လား ကိုကိုရာ...ကျွန်တော် စိတ်အရှုပ်မခံနိုင်တော့ဘူး..."
အမှတ်ဝင်ယူနေတဲ့ သူကို စိတ်မရှည်စွာ ထဟောက်လိုက်တော့ ရယ်ပြန်သည်။ ဒီတစ်ခါ ကိုကိုရယ်တာ လှောင်နေသလို ခံစားရတယ်။ ကျွန်တော့်ဘဝ ကျွန်တော့်မိသားစု ကျွန်တော့်အချစ်ကို လှောင်ရယ်နေသလိုမျိုးပေါ့။
"အပြင်မှာ အကြာကြီးမနေနဲ့နော်....ကိုကို အလုပ်လေးရှိလို့ ဝင်တော့မယ်...."
"......"
အပြင်မှာ အချိန်အတော်ကြာသည်အထိ နေပြီးမှ အခန်းထဲပြန်ဝင်လာခဲ့သည်။ ကုတင်ပေါ်မှာ တင်ထားတဲ့ ဖုန်းလေးမှာတော့ အဝင် call တစ်ခုတောင်ရှိမနေ။ ဖုန်းဆက်ပြီးတောင် မချော့နိုင်တော့တဲ့အထိ သူကျွန်တော့်အပေါ် ထားတဲ့အချစ်တွေ အေးစက်သွားတာလား။ ကျွန်တော်တို့၂ယောက်ကြားက ဆက်ဆံရေးက ပြောင်းလဲသွားတာလား။ သူတို့ သားအဖ၂ယောက်အတွက် တကယ်ပဲ ကျွန်တော် မလိုအပ်တော့တာလား။
YOU ARE READING
Paradise ♥
Romanceမောင်နဲ့ Baek ကြားမှာ ဘယ်လိုအနှောက်အယှက် အတားအဆီးမှ မဝင်စေရဘူး မောင်♥ Baek က နိဗ္ဗာန်ဘုံလေးတစ်ခု ဖန်တီးပေးမှာ♥
Paradise ♥ Part-29
Start from the beginning