Taehyung နှင့် Jimin Seokjin ကို တအံတသြ ကြည့်ကာ.....

Jimin: အဲ့ကောင်.... ရူးသွားတာလား


Sj'mon ညစာပြင်နေရင်း Seokjin ပြန်လာတာမြင်တော့

Sj'mom: သား ရေချိုးပြီးရင်ထမင်းစား...

Seokjin: မစားဘူး

ဆောင့်အောင့်ကာပြောပြီး အပေါ်တက်သွားတဲ့ Seokjin

Sj'mom: နေပေါ့ မစား နင်ဘဲငတ်မှာ

Seokjin လွယ်အိတ်ကိုပစ်ချကာ အိပ်ယာပေါ်ခန္ဓာကိုယ်တစ်ခုလုံး လှဲချလိုက်ပြီး

Seokjin: အဟင့်... Jungkookkkkkk..

Sj'mom: ငါ့နှယ်... စိတ်ညစ်စရာကောင်းလိုက်တာ

Seokjin အိပ်ယာပေါ်တွင် ကန့်လန့်ဖြတ်အတိုင်း အိပ်ပျော်သွားမိသည်....

စားပွဲပေါ်မှနာရီက တတီတီဖြင့်ထမြည်လာတော့ Seokjin ပါးစပ်ကလည်းပြောရင်း လက်ကလည်းစမ်းတဝါးဝါးဖြင့် နာရီကို လှမ်းယူနေလေသည်...

Seokjin: ဟာ..... ဒီနေ့...ပိတ်ရက်ပါဆို.... omma ကတော့.... အွန်း..... Jungkook

Seokjin သူ့ကိုနောက်ကနေ တင်းကျပ်စွာဖက်ထားခံရမှု
ကြောင့် ယောင်ယမ်းကာ ထိုသူအားပြန်ဖက်ထားမိသည်
အိပ်မပျော်တပျော်ဖြစ်နေစဉ်....

Seokjin: အမ်.....Jungkook...... Jungkook လား! တကယ်ကြီး Jungkook.

Seokjin အိပ်ယာမှထကာ ပြူးကျယ်သော မျက်ဝန်းတို့ဖြင့် ကြည့်မိတော့ သူ့ကိုပြုံးကာ ကြည့်နေတဲ့ Jungkook
Seokjin ဝမ်းသာအားရဖြစ်နေရာမှ ချက်ချင်းမျက်နှာလေး ညှိုးကျသွားကာ

Seokjin: အိပ်မက် မက်နေပြန်ပြီ.. ငါတော့ ရူးတော့မှာဘဲ

စောင်တွေအောက်ကွေးကွေးလေး ပြန်အိပ်နေတဲ့ Seokjin ကို Jungkook အသဲယားစွာဖျစ်ညှစ်ထားလိုက်ပြ်ီး

Jungkook: အိပ်မက် မဟုတ်ပါဘူး ကလေးလေးရဲ့ ကိုယ်တကယ်ပြန်ရောက်လာတာ

Seokjin: အွန်..... Jungko.....ok....

Seokjin ဘာမှမပြောရသေးခင် နှုတ်ခမ်းနှစ်စုံ အချင်းချင်း ထိကပ်သွားလေပြီ.....
Seokjin ခုထိမယုံကြည်နိုင်သေး.... Jungkook ရင်ဘက်ကို လက်ကလေးဖြင့်တွန်းဖယ်မိတော့ သူ့လက်နှစ်ဖက်ကို အရင်ကထက်ပိုပြီးသန်မာလာတဲ့ Jungkook ကဖမ်းချုပ်ထားကာ သူ့နှုတ်ခမ်းပါး ပြုတ်ထွက်မတတ် အငမ်းမရအနမ်းပေးနေလေသည်....
သုံးနှစ်လုံးအတွက် အရင်းရော အတိုးပါယူနေလားမသိပါ...

Wanna Be Your Daddy #Kĵ |completed|Where stories live. Discover now