"ရှားကိုလွှတ်ပေး. . . မင်းကြောင့် သူဒုက္ခရောက်လိမ့်မယ်  "

ဆောင့်ကန်ခံလိုက်ရတဲ့အရှိန်ကြောင့် စစ်သွေးနာကြင်သွားရပေမယ့် အတင်းကုန်းထပြီး ရှားဆီသို့ ဒယိမ်ဒယိုင်ထလာလေသည်။

သူ့ကိုလာအမိန့်ပေးတဲ့စစ်သွေးကို သူဂြိုလ်ကြည့်လှည့်ကြည့်လိုက်ပြီး သေဆုံးသွားတဲ့အစောင့်မှုးအပေါ်ကနေ ထလိုက်၏။ ကောက်ကျစ်တဲ့အကြည့်နဲ့ကြည့်လာပြီး ဟစ်ခနဲရယ်လိုက်လေသည်။

". . . . . .  Hahahahahahahaha. . . . . "

မကောင်းဆိုးဝါးတစ္ဆေဖြစ်နေသည်မို့ ဆူညံပြီးကြောက်စရာကောင်းတဲ့အသံတို့သာထွက်လာခဲ့သည်။ လူစကားလုံးလုံးမျှမပြောပဲ ကြောက်စရာကောင်းတဲ့သတ္တဝါကြီးရယ်သံသာဖြစ်မေခဲ့၏။

တစ်ခန်းလုံးကျယ်လောင်သည်အထိ ရယ်မောလိုက်ရင်း မနီးမဝေးကပြတင်းပေါက်အပေါ်ပြေးတက်သွားသည်။

"ဟင့်အင်း. . . မလုပ်နဲ့. . .   "

အထပ်မြင့်က ပြတင်းပေါက်ပေါ်ပြေးတက်သွားတာမို့ ပြုတ်ကျမည်စိုး၍ စစ်သွေးလှမ်းတားလိုက်ရသည်။ သူ့ကြောင့် ရှားထိခိုက်မှာကိုစိုးရိမ်သွားသည်ထင့်။ သူစိုးရိမ်သောကရောက်နေသည့်ပုံက ရှားအတွက်ရယ်စရာဖြစ်နေသလို ဟားတိုက်ရယ်နေသည်ကမရပ်ပေ။

"မင်း တော်တော်ကောက်ကျစ်လှချည်လား  သူတစ်ပါးအသက်ကိုမင်းတန်ဖိုးမထားတတ်ဘူးလား  ရှားကိုအခုလွှတ်ပေး. . . လွှတ်ပေး  "

တိုးရဲတိုးကြည့်ဆိုတဲ့ ခြိမ်းခြောက်တဲ့အကြည့်နှင့်ကြည့်နေတာမို့
ရှားကိုယ်ထဲမှာဝင်ပူးထားတဲ့ဇိန်းဟာ စစ်သွေးအတွက်တကယ်ဒေါသထွက်စရာဖြစ်အောင် စိတ်ကိုဆွနေသလိုပင်။

"လူယုတ်မာ. . . . . ရှားကိုလွှတ်ပေး. . . . . . . . . . ."

ပြတင်းပေါက်အပေါ်တက်ထိုင်နေသည်က တကယ်ပင်ပြုတ်ကျချင်စရာကောင်းလွန်းလှ၍ စစ်သွေးစိုးရိမ်ကြီးကာ ရှားလက်ကိုအပြေးလှမ်းဆွဲလိုက်လေ၏။

"ရှား. . . , . . မဖြစ်ဘူး . . . . . . . "

. . . . . . . . . . . . .Ha. . ha haha haha. , . .. . . . . . . . .

သူ့လက်ကိုမမှီလိုက်ခင်မှာ ရှားက အထပ်မြင့်ရှိပြတင်းပေါက်ကနေ အောက်သို့ခုန်ဆင်းသွားတော့သည်။
စစ်သွေးမှာ လန့်ဖြန့်ပြီး အတင်းကန်ကျောက်အော်လိုက်လေသည်။

Piano Ghost (Complete)Where stories live. Discover now