"မဟုတ်ဘူး!"

အလန့်တကြားငြင်းလိုက်တဲ့ ဦးမာန်ထင်မျက်နှာကို နေသစ် ကျေကျေနပ်နပ်ကြီး အသုံးတော်ခံနေသည်။ ဦးမာန်ထင်ရဲ့လုပ်ရပ်တွေကို ရှယ်ယာရှင်တွေအားလုံးသိအောင် သူပဲ အချက်အလက်တွေ ပို့ပေးခဲ့သည်လေ။ ခုတော့လည်း သူကိုယ်တိုင်တောင် ဝင်ပြောစရာမလို။ ရှယ်ယာရှင်တွေရဲ့ဝေဖန်မှုအောက်မှာ ဦးမာန်ထင် ဣန္ဒြေပျက်နေရပြီ။

-

ဦးမာန်ထင်ရဲ့ရုံးခန်းရှေ့ရောက်တော့ အတွင်းရေးမှူးမလေးက ရှိမနေ။ အစည်းအဝေးလုပ်နေတာများလား။ အိမ့်လည်း အစည်းအဝေးခန်းမဘက်သို့ ထွက်လာခဲ့လိုက်သည်။

ခန်းမထဲကို မဝင်သေးဘဲ အပြင်မှာတင် နံရံကိုကွယ်ကာ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။

သိပ်မကြာလိုက်။ အစည်းအဝေးခန်းမထဲမှ ဦးမာန်ထင်နဲ့ သူ့နောက်လိုက်တစ်စု ထွက်လာကြသည်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ သေချာမသိပေမယ့် မှုန်သုန်နေတဲ့ ဦးမာန်ထင်ရဲ့မျက်နှာက အလိုမကျစရာ တွေ့လာပြီဆိုတာကို သိသာနေစေသည်။

ဓာတ်လှေကားထဲဝင်သွားတဲ့ ဦးမာန်ထင်တို့ိုကို ကြည့်ပြီး အိမ့်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလိုက်သည်။ သူ အိမ့်ကို သေချာမမှတ်မိလောက်ပါဘူး။

"ခဏ..."

တံခါးပိတ်ခါနီးကျမှ ဓာတ်လှေကားဆီ အမြန်ပြေးဝင်လာတဲ့အိမ့်ကို အထဲမှလူတစ်စုက ကြောင်ကြည့်နေကြသည်။ အိမ့်လည်း နားသယ်စပ်မှဆံပင်လေးကို နောက်သိမ်းလိုက်ရင်း ပြုံးပြကာ အထဲသို့ ဝင်လာလိုက်သည်။

အိမ့် ဦးမာန်ထင်ရဲ့ဘေးမှာ တမင်ရပ်လိုက်တာပါ။ သူတို့ဘာတွေပြောကြမလဲဆိုတာကိုလည်း သိချင်သည်လေ။

"အောင်ထူး..."

"ပြောပါ ဆရာ..."

ရှယ်ယာရှင်တွေ ဒီကိစ္စကို ဘယ်လိုသိသွားလဲဆိုတာ သေချာစုံစမ်း။ သူတို့တွေဆီ တစ်ယောက်ယောက် သတင်းပို့လိုက်တာပဲဖြစ်မယ်

"ဟုတ်ကဲ့ ဆရာ"

ဦးမာန်ထင်က သူ့နောက်ကလူကို ပြောနေရင်းမှ အိမ့်ဘက်ကို လှည့်ကြည့်လာတော့ ပေါ့ပေါ့ပါးပါးလေး ပြုံးပြလိုက်သည်။

တကယ်တမ်းတော့... (ခိုနားရာ - ၂)/တကယ်တမ်းတော့... (ခိုနားရာ -Where stories live. Discover now