"မမေးရသေးဘူး အဲ့ဒါဆိုသူတို့ဆီ
ဖုန်းဆက်လိုက်အုံးမယ်""အင်း ပြန်ရောက်ရင်လည်း
ကိုယ့်ဆီဖုန်းဆက်အုံး"သားအမိနှစ်ယောက်လုံးတစ်ယောက်
မျက်နှာတစ်ယောက်ကြည့်ပြီ
သက်ပြင်းရှည်ကြီးတစ်ချက်
ရှိုက်မိတယ်။"ဖိုးခွား ...ထင်လင်းမော်ဆီဆက်ကြည့်
အမိုးက စောချမ်းဆီဆက်ကြည့်မယ်""ဟုတ် ...အမိုး"
"အစ်ကို ဘာကိစ္စလဲ ဖုန်းဆက်တာ"
"မော်လေး ဆီအဒေးမလာဘူးလားဟင်"
"ဟမ်....သူကကျွန်တော့ဆီဘာလာလုပ်
မှာလဲအစ်ကိုရ""သူအိမ်မှာမရှိလို့ မော်လေးဆီလာပြီ
အဒေးကသူ့မကျေနပ်ချက်တွေ
လာပြောသေးလား လို့မေးကြည့်တာ""မလာဘူး အစ်ကို စောချမ်းဆီကော
ဆက်ပြီပြီလား ဒါမှမဟုတ်စိတ်ပြေ
လက်ပျောက်အပြင်ထွက်သွားတာများလား
သူ့ဖုန်းကိုဆက်ကြည့်ကြည့်လေ""ဖုန်းဆက်တော့အိမ်မှာထားခဲ့တယ် ဖုန်းကို
ကျေးဇူးဘဲမော်လေးရာ
သူရောက်လာရင် အစ်ကို့ကို
ဖုန်းပြန်ဆက်ပေးနော်""ဟုတ်အစ်ကို သိပ်လည်းစိတ်မပူပါနဲ့
အမိုးကိုလည်းပြောလိုက်အုံး
ကျွန်တော်လည်းဆရာ့ကျူရှင်မှာသွားမေး
ကြည့်ပေးမယ် တခြားသူငယ်ချင်း
တွေကိုလည်း
မေးကြည့်ပေးမယ်။""အေးအေး ကျေးဇူးဘဲ မော်လေးရာ"
"အမိုး စောချမ်းကော ဘာပြောလဲ"
"သူဆီမလာဘူးတယ့်ဖုန်းလည်းမဆက်ဘူး"
"ဖိုးခွားတို့စောင့်ကြည့်တာပေါ့ အနီအနားမှာ
ဖိုးခွားရှာကြည့်အုံးမယ်။
အမိုးလည်းသိပ်စိတ်ပူမနေနဲ့အုံးနော်""အင်းပါ တကယ်လို့ညဘက်မှပြန်မရောက်ရင်
ရဲစခန်းကိုလှမ်းတိုင်ပြီးတိုင်ချက်ဖွင့်ရအောင်"
YOU ARE READING
အချစ်အမုန်းလွန်ဆွဲပွဲ(Zawgyi+Uni)
Romanceချစ်ရတယ့်အရင်းနှီးဆုံးသူစိမ်းတစ်ယောက်နဲ့ချစ်ရတယ့်အရင်းနှီးဆုံးသွေးသားရင်းညီမလေး တကယ်တမ်းသူတို့ကိုရွေးချယ်ဖို့ဖြစ်လာတယ့်အခါမှာကောဘယ်သူ့ကိုရွေးချယ်မှာလဲ?
အပိုင်း(၁၁)
Start from the beginning