အပိုင်း-၃၇(အပိုငျး-၃၇)

Start from the beginning
                                    

" ​နောက်​ဆုတ်​ဖို့ ​ပြောခဲ့သားပဲ ​ဗြောင်​ဘတ်​ဟျွန်း
အနုနည်းမရ​တော့လဲ အကြမ်းနည်းသုံးရပီ​ပေါ့
partyညက မင်းဆီ​ရောက်​လာတဲ့ ပါဆယ်​​ထဲက အဖိုးတန်​​လေးကို လုံခြုံ​အောင်​သာသိမ်းထား​တော့ "

"အကို​လေးချန်​​ယောလ်​!!"

•••••••

ဘတ်​ဟျွန်း ချန်​​ယောလ်​​ဆီ ဖုန်းဆက်​ရင်း ကားကိုလဲအရှိန်​တင်​ကာ​မောင်းထွက်​လာလိုက်​သည်​။

"ဟဲ လို ကိုကိုးးးး"

ချိုအီအီ​အသံ​လေးက စိတ်​​ပျော်​​နေသ​ယောင်​။

"​ဘေဘီ​လေး ဘယ်​မှာလဲ"
"ဂျွန်​ဂျွန့်​ဆီသွား​နေတာ အခု"
"​ဘေးမှာ ဆန်း​ယော့ပါတယ်​မလား"
"ပါတယ်​​လေ ဘာလို့?"
"ဆန်း​ယော့ကိုမှာစရာရှိလို့ပါကွာ ဖုန်း​ပေးလိုက်​"
"ဟင့်​အင်း  ချန်​လဲနား​ထောင်​မှာ speaker ဖွင့်​ထား​မယ်​ ​ပြော"

ကျစ်​! ဘတ်​ဟျွန်းဒဲ့​ပြောလိုက်​ရင်​ အသည်း​ဦး​လေး လန့်​သွား​တော့မည်​။

"ဟုတ်​ကဲ့ ​ဘော့စ်​"
"ဆန်း​ယော့ 24နာရီကြည့်​ပီးကား​မောင်း​ သတိထား ​ဘေဘီ့ကိုဂရုစိုက်​"
"နားလည်​ပါပီ"

ဘတ်​ဟျွန်းဆိုလိုချင်​တာကို တန်းသ​ဘော​ပေါက်​သွားတဲ့ ဆန်း​ယော့အသံက ခါတိုင်း​နောက်​​ပြောင်​​နေသလိုမဟုတ်​ပဲ တည်​တံ့တံ့။

"24နာရီဘာလို့ကြည့်​ရတာလဲဟင်​ အကိုကြီး​ယော့"

ချန်​​ယောလ်​အသံ​ကြောင့်​ ဘတ်​ဟျွန်း ပြုံးလိုက်​မိ​သေးသည်​။ လုံခြုံ​နေဖို့ပဲလိုတယ်​​ဘေဘီ။

"24နာရီဆိုတာ ဟို 24နာရီဖွင့်​တဲ့ဆိုင်​​တွေ​တွေ့လို့​တွေ့ငြား"
"အမ်​?"

စိတ်​ချချနဲ့နား​ထောင်​​နေတုံး ဖုန်းထဲကထွက်​လာတဲ့ ဆန်း​ယော့ရဲ့အူ​ကြောင်​​ကြောင်​စကား​ကြောင့်​ ပခုံးတွန့်​​အောင်​ရီမိ​သေးသည်​။

ကိုယ့်​​ကောင်​​တွေကမှ သူ့ပုံစံနဲ့သူတသမတ်​ထဲလာပါယ်​ဆို အဲ့လို​ကောင်​​တွေကိုမှ က​လေးထိန်းခိုင်းမိ​တော့လဲ။

Big Boss And His Mochi [ COMPLETE ]Where stories live. Discover now