အဲလ်ဗစ်သည် ဂူမန်မန်ရဲ့ခေါင်းကိုပုတ်ပြီး သူ့မေးကိုမော့ပြီး နတ်ဘုရားပြစ်ဒဏ်ကျခံသည့်စင်မြင့်ပေါ်တွင်ထွက်ပေါ်နေသည့် မီးတောက်ကို ညွှန်ပြလိုက်သည်။
ဂူမန်မန်က အချိန်မရွေးငြိမ်းသွားနိုင်သည့် မီးတောက်သေးသေးလေးကိုညွှန်ပြလိုက်ပြီး မယုံတဝက် ယုံတဝက်ဖြင့် မေးလိုက်သည် "ရှင်ပြောတဲ့ မီးတောက်နတ်ဆိုးဆိုတာ အဲဒါလား"
"အင်း" အဲလ်ဗစ်က အလွန်အမင်းသတိထားပြီး ခေါင်းညိတ်ပြလိုက်သည်။
ဂူမန်မန်သည် အချိန်အကြာကြီးငေးကြည့်ပြီးနောက် ဘာရီတီနှင့် ခွန့်တ်က စင်မြင့်မှာဒူးထောက်နေဆဲဖြစ်ပြီး တစ်လက်မတောင်မရွေ့ချေ။ သူတို့ပုံစံက မျိုးနွယ်စုအတွက်အသေခံမည့် သူရဲကောင်းတွေလိုမျိုးဖြစ်နေသည်။ ဂူမန်မန်က အဲလ်ဗစ် စနောက်နေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်သည်။
သေစမ်း!! မျိုးဆက်ကွာဟမှုက ပိစိဖိတ်သမုဒ္ဒရာလောက် ကြီးမားနေလေသည်။
ဂူမန်မန်က ဆတ်ခနဲလူးလွှင့်ရင်း အဲလ်ဗစ်ပွေ့ချီမှုကနေ ခုန်ထွက်ဖို့ကြိုးစားလိုက်သည်။ သို့ပေမဲ့ အဲလ်ဗစ်အနေနဲ့ မီးတောက်နတ်ဆိုးက အလွန်တရာ အန္တရာယ်များသည့် အရာဖြစ်ပြီး ဘယ်လိုပင်ဖြစ်ဖြစ် လက်လွှတ်ပေးဖို့ ဆန္ဒမရှိပေ။ ဂူမန်မန် ပိုရုန်းကန်လေလေ အဲလ်ဗစ်က တင်းကျပ်စွာပွေ့ထားလေဖြစ်သည်။
ဂူမန်မန်ရဲ့ ရုန်းကန်မှုက အချည်းနှီးဖြစ်သွားပြီး မီးတောက်ငယ်လေးက ငြိမ်းခါနီးဆဲဆဲမြင်ရသည့်အခါ သူမအနေနှင့် အဲလ်ဗစ်မျက်နှာကို ဆွဲယူရင်း သူမဘက်ကို ဆွဲလှည့်ရုံအပြင် တခြားရွှေးချယ်စရာမရှိတော့ပေ။ သူမက ကိုယ့်ဘာသာယုံကြည်နိုင်လောက်တဲ့ပုံစံမျိုးပေါက်အောင်ပြုလုပ်လိုက်ပြီး အတည်ငြိမ်ဆုံးအနေအထားဖြင့် ပြောလိုက်သည် "ဒါက မီးတောက်နတ်ဆိုးမဟုတ်ဘူး....အဲဒါက မီး ...... ဒါကို ကောင်းကောင်းအသုံးပြုတတ်ရင် မျိုးနွယ်စုအတွက်ကောင်းကျိုးတွေရလာလိမ့်မယ်"
"မီး..." အဲလ်ဗစ်က မျက်မှောင်ကျုံ့ထားဆဲဖြစ်ပြီး ဂူမန်မန်ပြောသည့်အရာကို ယုံကြည်ချင်ပေမဲ့လည်း သူအနေနှင့် မီးတောက်နတ်ဆိုးက သားရဲမြို့တော်တစ်ခုလုံးကို ဝါးမျိုသွားခဲ့တာကို မျက်မြင်ကြုံခဲ့ရတာ ဖြစ်သည်။ သမိုင်းထဲ နှစ်ရာပေါင်းများစွာရှိနေခဲ့သည့် သားရဲမြို့တော်က ပြာပုံအဖြစ်အဆုံးသတ်သွားခဲ့ရသည်။ ကံကောင်းပြီး လွှတ်မြောက်လာသည့် သားရဲတွေက အရမ်းကြောက်လန့်ခဲ့ကြသည်။ ထို့အပြင် ကောင်းကင်မှာ နီဆွေးဆွေးအလင်းက အဆုံးမရှိ ဖုံးလွှမ်းနေခဲ့သည်။
သားရဲတွေက မီးကို ကြောက်လန့်ခြင်းက သဘာဝဖြစ်ကြောင်း ဂူမန်မန်အနေနှင့် သိရှိလေသည်။ သို့ပေမဲ့ သူမက အဲလ်ဗစ်ကို မီးရဲ့ အသုံးဝင်ပုံနှင့် အကျိုးကျေးဇူးအကြောင်းဆက်ရှင်းပြနေလျှင် အလွယ်တကူစတင်လို့မရခဲ့သည့် မီးတောက်ငယ်လေးက ထာဝရငြိမ်းသတ်သွားလိမ့်မည်။
ဂူမန်မန်က အရမ်းဆာလောင်နေပြီ......
မီးသာ ငြိမ်းသွားခဲ့ရင် ဘယ်အချိန်မှ ယုန်သားမီးကင်ကို စားရမှာလဲ....
မီးတောက်နတ်ဆိုး.....
နတ်ဘုရားပြစ်ဒဏ်စင်မြင့်.......
သားရဲနတ်ဘုရား......
အတွေးတစ်ခုက ဂူမန်မန်ခေါင်းထဲပေါ်လာပြီး သူမက ထူးဆန်းစွာပြုမူရင်း အဲလ်ဗစ်ကို တိုးတိုးလေးကပ်ပြောလိုက်သည် "မီးတောက်နတ်ဆိုးနဲ့ မီးးက ပုံပန်းသွင်ပြင်တူညီပေမဲ့ သူတို့က ခြားနားတယ်။ မီးတောက်နတ်ဆိုးက လူသားတွေကို ပြစ်ဒဏ်ပေးဖို့ဖြစ်ပြီး မျှော်လင့်ချက်မီးက လူသားတွေကို ဆုချီးမြှင့်တာ...... သားရဲနတ်ဘုရားက ချီးမြှင့်တဲ့ အလင်းရောင်နဲ့နွေးထွေးမှုပဲ........ အကယ်၍ ရှင်တို့အားလုံးက မီးကို မီးတောက်နတ်ဆိုးအဖြစ်ဆက်ဆံနေဦးမယ်ဆိုရင် နတ်ဘုရားက သေချာပေါက် ဒေါသအပြင်းထန်ထွက်လိမ့်မယ်"
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...
chapter 35 (Z)
Start from the beginning