Xiao Zhan ကျောင်းကိုလာနေတုန်း yibo နဲ့ တန်းတိုးတာ‌ကြောင့် Zhou Cheng ကိုအရင်သွားခိုင်းပြီး သူက yibo ရှီကိုအပြေးသွားလေသည်။

"ငါ့မှာပြောစရာမရှိဘူး"

"ကျွန်တော် ပြောစရာရှိတယ်လေ...လာပါ ge ရယ်"

Xiao Zhan တစ်ယောက် yibo လက်မောင်းကိုအတင်းဆွဲပြီး စာကြည့်တိုက် အရှေ့က သစ်ပင်နားကိုခေါ်သွားလေသည်။

"ဘာပြောမှာလဲ မြန်မြန်ပြော ငါ့မှာအချိန်မရှိဘူး"

"အော် အင်း.. ge ဘာဖြစ်နေတာလဲဗျာ ကျွန်တော့်ကို ဒီရက်ပိုင်းတွေလည်းရှောင်နေတယ်"

"ဘာမှမဖြစ်ဘူး''

''အာ့ဆို ဘာလို့ Cheng xiao ကျဲနဲ့ တွဲသွားတွဲလာ လုပ်နေတာလဲ ပြီးတော့ ကျောင်းမှာလည်း ge တို့နှစ်ယောက်တွဲနေပြီဆိုတဲ့ သတင်းတောင်ထွက်နေပြီ"

"သူတို့ဘာသာ သူတို့ထင်ပါစေပေါ့ ငါက ဘာကိုဂရုစိုက်ကမှာလဲ"

"Ge ..."
Xiao Zhan တစ်ယောက် သူ့ကို ဘုကလန်တွေပဲ ‌ပြောနေလို့ စိတ်မရှည်တာနဲ့ အော်ပစ်လိုက်သည်။
Yibo လည်း လန့်သွားတယ်နဲ့ တူတယ် သူ့ကိုလှမ်းကြည့်လေသည်။

"ခင်ဗျား ဘာဖြစ်နေတာလဲ ..ခင်ဗျားရည်းစားက ကျွန်တော် ဆိုတာကို‌ကော သိသေးရဲ့လား..အခုလို ရည်းစားကြီး ငုပ်တုတ်ကို အရှေ့ထားပြီး ‌ကောင်မလေးတစ်ယောက်နဲ့ တွဲသွားတွဲလာလုပ်နေတာကို ခင်ဗျားရည်းစား ဖြစ်တဲ့ ကျွန်တော်က ဒီတိုင်းပဲ ထိုင်ကြည့်နေကတော့မှာလား ခင်ဗျား ကျွန်တော့်ကို ဘာတွေစိတ်ဆိုးနေတာလဲ ပွင့်ပွင့်လင်းလင်း‌ပြော အခုလိုမျိုးတော့မလုပ်နဲ့ ကျွန်တော် မကြိုက်ဘူး ခင်ဗျားမ‌ပြောချင်လည်း ကျွန်တော့်တို့ ဒီမှာဘဲ အဆုံးသတ်ကြမယ်"

Xiao Zhan တစ်ယောက် စိတ်တိုတိုနဲ့‌ပြောတာ‌ကြောင့် အသံအနည်းငယ်ကျယ်သွားလေသည်။
Yibo လည်းနောက်ဆုံးစကားကြောင့်လန့်သွားကာ ရှင်းပြဖို့ပြင်လေသည်။

"မင်းကို ငါပြောထားသာပဲ wenhan နဲ့စကားမ‌ပြောနဲ့လို့ ပြီးတော့ သူကမင်းခေါင်းကို ပုပ်သွားတာတောင် မင်းကဘာမှမပြောဘဲ ပြန်တောင်ရယ်ပြလိုက်သေးတယ်ငါမင်းကို‌ပြောထားတာပဲ သူနဲ့စကားပြောတာမကြိုက်ဘူးလို့ အဲ့ဒါကိုကောငါကစိတ်မဆိုးဘဲ မင်းနဲ့သူနဲ့စကားပြောနေတာကို ငါကကော ဒီတိုင်းထိုင်ကြည့်ကမှာလား"

i love you 3000(Completed 😘)Where stories live. Discover now