သူမ အခြားအစေခံများနှင့်ရောနှောကာ လက်ဖက်ရန်ဗန်းကိုင်၍ လိုက်ပါလာခဲ့သည်။ အိမ်တော်၏အနောက်ဖက်ဥယျာဥ် တွင် ဆော့ကစားနေသော ၁၀နှစ်အရွယ် ကောင်လေး နှင့် ၅နှစ်အရွယ်ကလေးမလေးတို့သည်။ စစ်သူကြီးနှင့်ဟန်လောရွှယ်၏ သားသမီးများဖြစ်ဟန်တူသည်။ ဘေးတွင် လက်ဖက်ရည်သောက်နေသော အသက်၄၀အရွယ်ရှိ ယောကျ်ားပီသသောလူသည် စစ်သူကြီးဖြစ်မည်ဟုသူမခန့်မှန်းလိုက်မိသည်။
သိပ်မကြာခင်မှာပင် အဆင်တန်ဆာများဆင်ယင်ထားသော ဟန်လောရွှယ်သည် နူးညံ့စွာပြုံးကာ ရောက်ရှိလာလေသည်။ သူမလည်း အချိန်ကိုစောင့်ရင်း ညသန်းခေါင် လူခြေတိတ်ချိန်တွင် ဟန်လောရွှယ် အခန်းရှိရာသို့ တိတ်တဆိတ်ချဥ်းကပ်ခဲ့သည်။ စစ်သူကြီးနှင့် ဟန်လောရွှယ် အတူမအိပ်ကြောင်းကို အစေခံများမှတဆင့်သိရသဖြင့် သူမစိတ်ပူစရာမလိုပေ။
သူမ၏အကြံအစည်အတိုင်း ထိုအခန်းကို မိစ္ဆာအငွေ့အသက်များဖုံးလွှမ်းစေ၍ သူမကိုဟန်လောရွှယ်မမြင်စေရန်ပြုလုပ်ထားလိုက်သည်။
သူမဝင်သွားသောအခါ ဟန်လောရွှယ်သည် အိပ်စက်ရန်ဟန်ပြင်နေသည်။ အသက် ၃၃နှစ်ရှိပြီဖြစ်သော ဟန်လောရွှယ်သည် အသားအရည်စိုပြေကာ တင်းရင်းလှပဆဲဖြစ်သည်။
အခန်းတံခါးပွင့်သွားသောကြောင့် ဟန်လောရွှယ် မျက်စိပွင့်လာသည်။
"ဘယ်သူလဲ''
ဘာသံမှမကြားသဖြင့် တံခါးကိုပြန်ပိတ်ကာ အိပ်ယာဆီသို့ပြန်လာလိုက်သည်...
"ညီ မ လေး မ တွေ့ ရ တာ ကြာ ပြီ နော် ငါ့ ကို သတ် ထား ပြီး ကောင်း ကောင်း အိပ် နိုင် ရဲ့ လား''
ကြက်သီးထဖွယ် အသံကြီးသည် ဟန်လောရွှယ်၏ နားစည်ထိအောင် ရောက်ရှ်ိလာသဖြင့် ကြက်သီးတဖြန်းဖြန်းထ လာခဲ့သည်။
"နင် ဘယ်သူလဲ ဟန်မေရန်လား''
"ဟုတ် တယ်''
"မဖြစ်နိုင်တာ ဟန်မေရန်က သေသွားပြီပဲ''
"ဟုတ်တယ် ငါပဲ ငါနင့်ကို ကောင်းကောင်းဆက်ဆံခဲ့ရဲ့သားနဲ့ ဘာကြောင့်လဲ ဘာကြောင့်လဲ ငါ့ကိုဘာကြောင့်သတ်ခဲ့တာလဲပြောစမ်း''
YOU ARE READING
(Not GL)ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)
Historical Fictionမပြည့်စုံတဲ့ဘ၀မှာ ပျော်ရွှင်ခြင်းတွေနဲ့နေထိုင်တဲ့ မိန်းမပျိုနှစ်ဦးအပေါ် ကံဆိုးခြင်းများကျရောက်လာသောအခါ.... စိတ်ထားနူးညံ့တဲ့မိန်းမပျိုလေးမှ ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာမ တစ်ဦးအဖြစ်သို့ပြောင်းလဲသွားရာကနေ... ကလဲ့စားတစ်ခုကို ဘယ်လိုလ...
အခန်း ၁၉ (အချစ်ကြောင့်အမုန်းဖြစ်)
Start from the beginning