"အမျိုးသားတွေအားလုံးက သူတို့အမျိုးသမီးတွေအတွက် အဝတ်ချုပ်ပေးကြတယ်...." အဲလ်ဗစ်သည် ဂူမန်မန်က သူ့ကို နွားဟုခေါ်ခြင်းကို နားမလည်ချေ။ သူသည် ဝံပုလွေဖြစ်တာ ထင်ရှားရက်သားဖြင့်.........သို့ပေမဲ့ ထိုအရာက မဆိုးဘူးဟု ခံစားရသည့်အတွက် ဝမ်းမြှောက်စွာ လက်ခံလိုက်လေ၏။
"အို....." ဂူမန်မန်သည် သူမခေါင်းကို တိတ်တဆိတ်ညိတ်ပြလိုက်သည်။ ထို့သို့ဆိုလျှင် ခေါင်းဆောင်၏ အပ်ချုပ်သည့်ကျွမ်းကျင်မှုသည် လီရာ၏အဝတ်တွေကို ပြုလုပ်ပေးခြင်းဖြင့် တိုးတက်လာတာဖြစ်ရမည်...... သူမသည် လီရာဆီမှ အကျိုးကျေးဇူးတွေ ရရှိနေတာများလား....
နတ်ဘုရားစင်မြှင့်ပေါ်မှ လီရာဝတ်ဆင်ထားသည်ကို ပြန်စဉ်းစားမိပြီး ထိုဝတ်စုံသည် အရည်သွေးကောင်းကြောင်း အမှတ်ရမိလိုက်သည်။
ကျစ်..... ခေါင်းဆောင်က အားနည်းချက်လုံးဝ မရှိချေ။ သူသည် မျိုးနွယ်စုအတွက် တည်ငြိမ်အေးချမ်းမှုကို ဆောင်ကျဉ်းရင်း တစ်ချိန်တည်းမှာပင် အဝတ်ချုပ်နည်းနှင့် ချက်ပြုတ်ရေးတို့မှာလည်း ဗဟုသုတရှိပေသည်.......အယ်..... ချက်ပြုတ်ရေး ဘေးဖယ်ထားကြစို့...... ဂူမန်မန်သည် မီးတူးနေသည့် အသားကင်ကို ပြန်စဉ်းစားမိလျှင်ပင် ဗိုက်အောင့်လာသကဲ့သို့ ခံစားရသည်။
ကောင်းပြီ..... တစ်ယောက်မှ မပြည့်စုံနိုင်ပေ.... ခေါင်းဆောင်သည် သူ့အကောင်းဆုံးအထိ ကြိုးစားခဲ့တာဖြစ်သည်။
ထို့အပြင် လီရာတွင် ချက်ပြုတ်ရေး၌ အရည်ချင်းရှိမည့်ပုံပေါ်လေသည်။ သူတို့နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက် လိုက်ဖက်ညီပေ၏။
မင်းက ငါ့အဝတ်ကိုချုပ်ဖို့ ကူပေး..... ငါက မင်းအတွက် ချက်ပြုတ်ဖို့ ကူညီပေးမယ်.....အို.....အရမ်းနားဝင်ချိုတာပဲ.....
အဲလ်ဗစ်သည် ဂူမန်မန်၏ အတွေးရိုင်းများကို မသိရှိချေ။ ပျော်နေသည့် ဂူမန်မန်ကိုကြည့်ပြီး သူမသည် သူလုပ်ပေးထားသည့် အဝတ်ကို သဘောကျနှစ်သက်၍ ထိုသို့ဖြစ်နေသည်ဟု ရိုးရှင်းစွာ ယူဆလိုက်သည်။
"မနေ့က လီရာခေါ်လာတုန်းက မင်းက အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ..... မင်းဘေးမှာနေရင်း ချုပ်ပေးထားတာ.... နောက်ထပ်ဝတ်စုံအနည်းငယ်လည်း ထပ်ရှိသေးတယ်..." အဲလ်ဗစ်သည် ညင်သာစွာ ပြောလိုက်လေ၏။
ဂူမန်မန်သည် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ရင်း သူမစိတ်ကူးထဲ အခြားဇာတ်လမ်းတစ်ခုရေးနေလေသည်။
လီရာသည် သန်မာပြီး ဗဟုသုတနှင့်ပြည့်စုံသော ဖခင်ဖြစ်ပြီး ဂူမန်မန် သူမကိုယ်တိုင် အန္တရာယ်ထဲကျရောက်နေစဉ်တွင် လူစွမ်းကောင်းသဖွယ် ရောက်ရှိလာပြီး သမီးဖြစ်သူကို ကယ်တင်ပေးသည်။ တစ်ဖက်မှာ အဲလ်ဗစ်သည် အသိစိတ်မကပ်သည့် သမီးဖြစ်သူကို ဘေးမှစောင့်ရှောက်ပေးနေသည့် မိခင်နှင့်တူပြီး သူမအတွက် အဝတ်အစားအသစ်တွေချုပ်လုပ်ပေးသည်။ သူ့သမီးနိုးလာမည့်ရက်ကို ယုံကြည်စွာ လက်စွဲကိုင်ထားရင်း သူ့ဘာသာ စိတ်ဓာတ်ကို ပြန်လည်ကုစားနေခဲ့လေ၏။
သေပြီ..... ဂူမန်မန် ပိုတွေးမိလေလေ... မှန်ကန်သည်ဟု ပိုခံစားမိလာလေလေဖြစ်၏။
အဲလ်ဗစ်နှင့်လီရာ နှစ်ယောက်လုံးသည် သူမကို ကောင်းကောင်းဆက်ဆံသည်မှာ အံ့သြဖွယ်ရာမရှိပေ.... အားလုံးသော အကြောင်းပြချက်က သူတို့သည် မိသားစုဘဝကို လိုချင်တမ်းတနေ၍ ဖြစ်သည်။
အမှောင်ထုထဲတွင် ဂူမန်မန်သည် အဲလ်ဗစ်ရှိရာဆီ ကြည့်လိုက်ပြီး သူမခေါင်းထဲတွင် ပေါ်လာသည့် ကံဆိုးလှသည့် 'ချောင်ယောင် အချစ်ဇာတ်လမ်း' ကို စဉ်းစားမိပြီး သူ့အပေါ် ထူးဆန်းသော သနားမှုဖြစ်တည်လာလေသည်။ ထို့ကြောင့် သူမသည် လက်ကိုဆန့်ထုတ်လိုက်ရင်း အဲလ်ဗစ်၏လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။ သူမသည် အဲလ်ဗစ်နောက်ကျောကို ပုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်လေ၏ "ကျွနမသိတယ်..... ကျွန်မ အကုန် နားလည်နိုင်တယ်...."
အဲလ်ဗစ်နားရွက်သည် ပန်းရောင်သန်းလာပြီး တောင့်တင်းစွာ ခေါင်းညိတ်လိုက်လေ၏။
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...
chapter 68 (Z)
Start from the beginning