" ဘာဆိုင်လို့လဲ "
" ဟုတ်တယ်လေ ကျွန်တော်က အိမ်ထောင်ဦးစီး ။ အိမ်ထောင်ဦးစီးကိုခွေးနဲ့နှိုင်းရင် နောင်အခါမကောင်းစားဘူးနော် "
" မင်း..မင်း ဘာတွေလျှောက်ပြောနေတာလဲ "
" ဟော. . . ကျွန်တော်ပြောတာအမှန်ဗျ၊ မယုံရင် ဒီအမကြီးကို မေးကြည့်ပါလား "
Wang Yi Bo က သူ့ဘာသာသူပစ္စည်းတွေသိမ်းနေတဲ့ မိတ်ကပ်ဆရာမကို မေးဆတ်ပြသည်
" အင်းးးး ဘာမှသိမယ့်ပုံလည်းမပေါ်ပါဘူး ဘဲတောင်ရှိရဲ့လားမသိဘူး "
မိတ်ကပ်ဆရာမခမျာ ဆွံ့အသွားရရှာသည် . . . ဘလိုင်းကြီးပါလားဟ နောက်ဆို အဲ့လိုကောကောနဲ့မောင်မောင်တို့ မင်္ဂလာပွဲတွေကို ဘယ်တော့မှမိတ်ကပ် သွားမလိမ်းပေးတော့ဘူး ငတ်သေချင်သေပါစေ ဘယ်နှယ့် အစစ်မဘဝအရှလည်း ခံရတယ် အနှိမ်လည်းခံရတယ်
" မောင် ဘာတွေပြောနေတာလဲ အားနာစရာကြီး "
" ရပါတယ်အားမနာပါနဲ့ ကျွန်မသွားတော့မယ်နော် သာယာတဲ့ ခရီးလည်းကို နှစ်ယောက်အတူလျှောက်လှမ်းနိုင်ပါစေ "
# ငါ့ကို နှိမ်တဲ့ အိမ်ထောင်ဦးစီးဖြစ်ချင်တဲ့ ဟိုအကောင် Bottom ထိုင်ရပါစေ မြန်မာ idol မှာသွားပြိုင်ရင် ပြောပါတယ် #
မိတ်ကပ်ဆရာမထွက်သွားတော့ Wang Yi Bo က Xiao Zhan ကိုပြုံးပြီးကြည့်နေတယ်
" ကျန့်ကော မောင့်ကို စိတ်ဆိုးပြေပြီလားဟင် နောက်ဆိုမဖြစ်စေရပါဘူး တောင်းပန်ပါတယ် "
" အမြဲတမ်းကတိအထပ်ထပ်ပေးနေတာလဲမင်းပဲ အမြဲကတိမတည်တာလည်းမင်းပဲ "
" ကျန့်ကော မောင်ကျန့်ကောကို မောင့်အသက်ထက်ပိုချျစ်တာယုံပါ "
" Wang Yi Bo တို့လေကတော့နော် တစ်နာ ရီ ဘယ်နှမိုင်နှုန်းနဲ့ ရွေ့နေတာလဲမသိဘူး "
" တစ်နာရီကို ၁၅၀၀မိုင်နှုန်း ဘယ်ကိုမှမရွေ့ဘူး ကျန့်ကောဆိုတဲ့ နှလုံးသားရဲ့ တစ်ခုတည်းသော ကျွန်းလေးကို တိုက်ခတ်နေတာ "
" Wang Yi Bo မင်း..မင်းသားလုပ်စားပါလား "
~ ဒေါက် ~ဒေါက်~ ဒေါက် ~
YOU ARE READING
1500 < or > 528
Fanfiction[Both Unicode and Zawgyi] Started from 2019 November 25 1500 အချစ်ကပဲပိုပြီး လေးနက်နေမလား 528 အချစ်ကပဲပိုပြီး ခိုင်မြဲနေမလား ချစ်တဲ့သူနဲ့ ငယ်သူငယ်ချင်း တစ်ခုကိုသာ ရွေးချယ်လာရချိန်မှာ 1500 ကပဲ အနိုင်ယူသွားမလား 528 ကပဲ အနိုင်ရသွားမလာ...
1500/528-3
Start from the beginning