"နမ်းတယ်?? ကျန့်ကျန့်နဲ့ကျဲကလေ?? လွန်ခဲ့တဲ့ ၆နှစ်က?? အိုး....မှတ်မိပြီ မင်းကအဲ့ဒီနေ့တုန်းက ဝမ်အိမ်က ကလေးလေးပဲ"

ပြောရင်းထပ်ရယ်နေပြန်တာမို့ ရွှမ်းလုကျဲက တော်တော်နှင့်စကားမပြောနိုင်။

"စီအီးအိုဝမ်က သိပ်ထင်တတ်တာပဲ။ အမြဲအထင်လွဲနေတော့တာ...။ အဲ့နေ့က ကျန့်ကျန့်က မိုးရွာကြီးထဲ ကစားကွင်းသွားပြီး တစ်ညလုံး ဘာသွားရှာနေမှန်းမသိဘူး။
ညကြီးဆိုတော့မှောင်နေတဲ့အပြင်မိုးကလည်း သည်းနေတော့ ချော်ပြီး ကစားကွင်းနားက ဆောက်လုပ်ရေးက တူးနေတဲ့ကျင်းထဲပြုတ်ကျတာ လက်အရိုးအက်သွားတယ်လေ..။
ကျဲက သူ့လက်က ကျောက်ပတ်တီးကိုင်ထားလို့ လည်ပင်းမှာ သိုင်းဖို့ကူညီပေးနေတုန်း မင်းကမြင်သွားပြီး အထင်လွဲသွားတာ..။
ကျဲက ရှင်းပြမလို့ကို ကျန့်ကျန့်က ထားလိုက်ပါဆိုပြီး အထုပ်ဆွဲပြီး ကျဲနဲ့နယူးယောက်ကို လိုက်လာလို့ရှုပ်ကုန်တာ..."

ရိပေါ် ဘာစကားမှမဆိုနိုင်တော့ပဲ ထရပ်လိုက်တယ်။

"ကျွန်တော် သွားတော့မယ်... ယွီချန်ကောနဲ့ကျဲကိုကျေးဇူးတင်ပါတယ်"

နှုတ်ဆက်ပြီးတာနဲ့ ရိပေါ် ပြေးထွက်လာခဲ့လိုက်တယ်။
သူ အထင်လွဲနေခဲ့တာ။
အကုန်မှားနေခဲ့တာ...။
ကိုကို့မှာ တစ်ခြားမိန်းကလေးတစ်ယောက်ဘယ်တုန်းကမှ မရှိခဲ့ဘူး။
အစကနေအဆုံးထိ သူတစ်ယောက်ပဲရှိခဲ့တာ။
ထားခဲ့တာမဟုတ်ပဲ သူ့ကိုကာကွယ်နိုင်ဖို့ထွက်သွားခဲ့တာ...။

သူ့အတွက်နဲ့အန္တရာယ်များတဲ့ အလုပ်တွေကို ဘဝကိုတောင် ရင်းပြီးလုပ်နေခဲ့တာ...။
ကိုကိုဟာမထင်မှတ်ထားလောက်တဲ့အတိုင်းအတာထိ သူ့ကိုသိပ်ချစ်ခဲ့တာ။
ဒါကိုသူကအမြဲ သံသယ၀င်လိုက်၊ အထင်မှားလိုက်ဖြစ်နေခဲ့တာ...။
ပြီးတော့ ကိုကို့ကို ၀မ်းနည်းရအောင် နာကျင်ရအောင်လည်း လုပ်ခဲ့မိသေးတယ်။
သူဘာတွေလုပ်ခဲ့မိတာလဲ...။

နေ့လည်ကလည်း ကိုကိုရှင်းပြမှာကို နားမထောင်ပဲ လှည့်ထွက်လာခဲ့တာ...။
စိတ်ပူနေမယ့် ကိုကို့ကို သွားလည်းမကြိုခဲ့ဘူး။ ဖုန်းလည်း မကိုင်ပဲ ပစ်ထားခဲ့မိတာ...။
သူမှားသွားပြီ ။
တကယ်ကို မှားခဲ့တာ။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now