"လာ ကြ လာ ကြ ဒီမှာ ငါတို့ BBQ လုပ်ထားတယ် ကြိုက်တဲ့ အသားလဲ ကင်စားကြ "
Yubin က Yibo ဘက်လှည့်ကာ
"ငါတို့အတွက်ကကော. "
"ပြင်ထားပြီးသား အပြင်းလား အပျော့လား စိတ်ကြိုက်ပဲ အလျှံပယ်ပဲ ဟေ့ကောင်ရေ "
"ကဲလာ ချီးယားးး"
"နေအုန်း နေအုန်း အချစ် မင်း က ဒါမသောက်ရဘူးလေ ရော့လိမ္မော်ရည် ပဲ သောက် "
"အင် အချစ်တဲ့ ဟက် ဟက် "
Ziyi နဲ့ Hao Xuan စကားကြောင့် Xiaozhan မျက်နှာ မီးဟပ်ထားသလို ပူလာတော့သည်....
"ကဲ ကဲ ပြန်စမယ် ပြန်စမယ် Yibo သားလေး သို့မဟုတ် သမီးလေး အတွက် ချီးယားးးး "
အားလုံး သောက်စား ပျော်ပါးနေကြပြီး ည ၁၂ခွဲလောက်မှာတော့ အားလုံး အိပ်ပျော် သွားကြတော့သည်..
Xiaozhan ရေထ သောက် ပြီး အခန်းထဲ မဝင်ခင် Yibo ကို ကြည့်လိုက်တော့ မတွေ့ရ အားလုံးက TV ရှေ့ ဆိုဖာပေါ်ကြမ်းပြင်နေရာအသီးသီးမှာ ပိုးလိုးပက်လပ် တွေ အိပ်ပျော်နေကြသည် အဲ့အထဲအမှာyiboမပါXiao Zhan လိုက်ရှာတော့ နောက်ဆုံးတွင် အိမ်ရှေ့ ဝရံတာက ကျောမှီကုလားထိုင်ပေါ်တွင် အိပ်ပျော်နေသော Yibo ကိုတွေ့သွားသည် Xiaozhan စောင် အပါးလေး တစ်ထည် ယူကာ ခြုံပေးလိုက်ပြီး Yibo မျက်နှာအား စေ့စေ့ကြည့်ကာ ပြုံးလိုက်သည် ။ပြီးနောက် နှဖူးလေးအား ဖွဖွမွှေးလိုက်သည် ။
"မင်းသာ ငါရဲ့ အရင်က ပြဿနာတွေ မဖြစ်ခဲ့ဘူးဆိုရင် အခုချိန်မှာ မင်းက ငါ့အားအကိုးရဆုံး လူဖြစ်နေလောက်ပြီ "
Xiaozhan ထရပ်လိုက်ပြီး အိမ်ထဲဝင်ရန် အလှည့် သူ့လက်အားလာဆုတ်ကိုင်သော လက်ဖဝါးအေးအေး...
"အချစ်!"
"မင်း မင်း အိပ်ပျော်နေတာ မဟုတ်ဘူးလား "
"ဟုတ်တယ် ကိုယ်အိပ်ပျော်နေတာ ဒါပေမယ့် ကိုယ် မင်း ကိုယ်သင်းရနံ့လေးရတော့ ကိုယ်နိုးသွားတာ "
Yibo ခက်ဖွဖွ ပြုံးပြပြီး ထ ရပ် လိုက်တော့ သူ့အားကျောပေးထားသော ကိုယ်ငယ်လေးကို အနောက် မှ သိုင်းဖက် ကာ ကိုယ်ငွေ့လေးကို ခိုးရှူမိသည်....
YOU ARE READING
Roseate love between us 💜
Fanfictionမစားကောင်းတဲ့ အသီးကို ဘယ်တော့မှမစားဘူးအိုခေ WangYiBo* မင်းစကားကိုမင်း မှတ်ထား တနေ့မင်းငါ့ရှေ့ ဝပ်ဆင်းလာစေရမယ် XiaoZhan* မစားကောင်းတဲ့ အသီးကို ဘယ်တော့မှမစားဘူးအိုခေ WangYiBo* မင်းစကားကိုမင်း မှတ်ထား တနေ့မင်းငါ့ရှေ့ ဝပ်ဆင်းလာစေရမယ် Xia...
Part (24)
Start from the beginning