ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

အေးခဲလုမတတ်ဖြစ်နေတဲ့ အစည်းအဝေးခန်းဟာ ဝင်လာတဲ့ လူရဲ့ အပြုံးအောက်မှာ ချက်ချင်းနွေးထွေးသွားတယ်..။ အဲဒီ့လူက ခြောက်ပေနီးပါးရှိတဲ့ အရပ်ကို အနည်းငယ်ငုံ့ကိုင်းပြီး အားလုံးကို ပြုံးလို့ နှုတ်ဆက်တယ်..။ သူ့နှုတ်ခမ်းအောက်ဖျားမှာ မှဲ့လေးနဲ့..။

" မင်္ဂလာပါ.. ကျွန်တော်က ဒီ တစ်ခေါက် Project ရဲ့ main supplier Sean Xiao ပါ.. DR com.Ltd ကိုယ်စားလာခဲ့တာ ဖြစ်ပါတယ်.. "

ဝမ်ရိပေါ်ရဲ့ လက်ထဲက Project အကြောင်းစာအုပ်သေးသေးလေးက ဘုတ်ခနဲ ပြုတ်ကျသွားတယ်..။ ဝန်ထမ်းတွေက သူတို့ MD ကို တစ်လှည့် အရပ်ရှည်ရှည်ကိုလူချောကို တစ်လှည့် ကြည့်ကြတယ်..။ အခု အခြေအနေက ?? ။

အားလုံးရဲ့ ခေါင်းပေါ်မှာ Question Mark တွေ ထ နေတဲ့ အချိန်မှာပဲ ဝမ်ရိပေါ်က ဝုန်းခနဲ ထတယ်..။ သနားစရာ ဆုံလည်ကုလားထိုင်လေးက အစည်းအဝေးခန်း ကြမ်းပြင်မှာ ပိုးလို့ပက်လက်လဲသွားတယ်..။ ဟေး..ဒီမှာ..ငါ့ကိုထူကြပါဦး...။

ဆုံလည်ကုလားထိုင်ဟာ သေချာပေါက်ကို လစ်လျူရှုခံလိုက်ရပြီး ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်လက်ကိုဆွဲလို့ အစည်းအဝေးခန်းထဲကနေ ဝရုန်းသုန်းကား ထွက်သွားတော့တယ်..။

" ကျန့်ကော.. တကယ်ပဲ ကျန့်ကောလား.."

လူရှင်းတဲ့ လှေကားခွင် ကိုရောက်တော့ ဝမ်ရိပေါ်က တုန်တုန်ရီရီနဲ့ မေးတော့တာပဲ..။ သူ့လက်ဖဝါးကြီးကြီးတွေက ရှောင်းကျန့်ရဲ့ မျက်နှာ အနှံ့ကို ပွတ်သပ်နေတယ်..။ ရှောင်းကျန့်က ခေါင်းကို နောက်ဆုတ်ပြီး ဝမ်ရိပေါ်ရဲ့ လက်တွေကို ရှောင်တယ်..။ နှုတ်ခမ်းမှာက မထီတရီ အပြုံးနဲ့..။

" ကျွန်တော်က Sean Xiao ပါ ဝမ် MD "

" အရူးစကားတွေ ပြောမနေနဲ့ !!!! "

ဝမ်ရိပေါ်က ကုန်းအော်တယ်..။ ဟန်ဆောင်ပြီးတင်းမာနေတဲ့ ရှောင်းကျန့် ပုခုံးလေးတွေ လန့်လို့ တုန်သွားတယ်..။ ဒီ ဝမ်ရိပေါ်က သိပ်ကို မုန်းစရာကောင်းတယ်.. ။

" မင်း အရူး အလုပ် လုပ်ခဲ့တာကျတော့ ကောင်းတယ်ပေါ့.. !!! "

ရှောင်းကျန့်က အရှုံးမပေးဘဲ ပြန်အော်တော့တာပဲ..။ ဝမ်ရိပေါ် ဘာကို စွန့်လွှတ်ပြီး ဘာကို ရွေးချယ်ခဲ့လည်း ဆိုတာ သူကောင်းကောင်းနားလည်ပေမယ့် သူ့ကိုလည်း လက်ခံခွင့်၊ နှုတ်ဆက်ခွင့်လေးတော့ ပေးရမှာပေါ့..။

Dear Mr.RabbitWhere stories live. Discover now