နိုးလာချင်းချင်းကို​ခေါင်းကဆစ်​ကနဲကိုက်​လာတာ​ကြောင့်​ နားထင်​ကိုဖိပီးမျက်​စိကို ဖြည်းဖြည်းချင်းဖွင့်​လိုက်​သည်​။

"အမ​လေး!!"

ကျ​နော့်​ဘေးမှာအင်္ကျီချွတ်​နဲ့အိပ်​​ပျော်​​နေတဲ့ Kai​ကြောင့်​အလန့်​တကြားထ​အော်​မိသည်​။
ကျ​နော့်ကိုယ်​ ကျ​နော်​ ငုံ့ကြည့်​​တော့လဲအင်္ကျီချွတ်​နဲ့။

ဆောင်​ကို ရင်​ဘတ်​ထိဆွဲခြုံပီး ထထိုင်​လိုက်​သည်​။
အလန့်​တကြားနဲ့ညကအဖြစ်​အပျက်​​တွေပြန်​စဉ်းစား​တော့လဲဘာမှမမှတ်​မိ။

ကျ​နော်​ လှုပ်​လှုပ်​ရှားရှားဖြစ်​​နေစဉ်​ Kaiနိုးလာသည်​။

Kai

"Hyung..ဟင်​..wae?"

သူ့ကိုယ်​သူပြန်​ကြည့်​ပီး​အော်​​တော့သည်​။

ထိုစဉ်

"ဒုန်း"

အခန်းတံခါးကန်​ဖွင့်​သံနဲ့အတူ ​ဒေါသ​တွေပြည့်​နှက်​​နေတဲ့ Chanyeol ဝင်​လာသည်​။

သူ့အ​နောက်​မှာ​တော့ သူ့သူငရ်​ချင်း ​တွေ​ပြေးလိုက်​လာသည်​။

"Yeollie "

ကျ​နော်​ ခပ်​တိုးတိုး​ခေါ်​တော့သူကျ​နော့်​ကိုတစ်​ချက်​ကြည့်​ပီး အရမ်းကို ယူကြုံးမရဖြစ်​​နေသံနဲ့

"ဒါလား Baekhyunee မင်း င့ကို​ပေးတဲ့ anniversary day အတွက်​ လက်​​ဆောင်​က"

"Yeollie ah..ငါ​ပြောတာနား​ထောင်​"

ကျ​နော့်စကားကို အ​ရေးမစိုက်​သလိုလုပ်​ကာ Kaiကိုပြန်​ကြည့်​လိုက်​သည်​။
Kaiကလဲခုထိဘာမှနားမလည်​​သေးတဲ့ပုံ။

chanyeol

"Kim Kai မင်း..."

ဆက်​မ​ပြော​တော့ဘဲ Kaiကိုကုတင်​​ပေါ်ကဆွဲချသည်​။
ဂျင်း​ဘောင်​ဘီရှိ​နေ​သော်​လည်း ပြုတ်​​နေတဲ့ ခါးပတ်​ ဇစ်​ တို့​ကြောင့်​ ကျ​နော်​ မျက်​နှာလွှဲမိသည်​။

သို့​သော်

"ခွပ်​ ခွပ်​"

နှစ်​ချက်​ဆင့်​ထိုးသံ​ကြောင့်​ ကျ​နော်​ ပြန်​လှည့်​ကြည့်​မိသည်​။
Chanyeol က Kaiကိုထိုးလိုက်​တာဖြစ်​သည်​။

(Baby Don't Cry)Where stories live. Discover now