ဪ...ရှောင်းကျန့်က ကလေးနှစ်ယောက်
ဖအေ...မဟုတ်ဘူး အခုတစ်ဗိုက်နဲ့ဆို သုံး
ယောက်ပေါ့ဗျာ ။

အခုလည်း ဆက်ကြည့်လိုက်ပါဦး!!

"ဒီသကြားလုံးတွေကိုမစားနဲ့လို့ပြောနေတာကိုမရပ်ဘူး ငါကမင်းအဖေလေ ငါ့ကိုအရေး
မလုပ်တာလား သောက်ဂရုမစိုက်တာလား
ရှောင်းရီရှင်း!!"

"ဟင့် ဟီး..."

"အဟင့် ဟင့်!!"

"သား...ကလေးလေး"

"ဟင့် ဒယ်ဒီ!!"

သားကို ဒေါသထွက်လို့သာအော်ဟစ်နေတဲ့
ကလေးက သားငိုတော့ သူလည်းဝမ်းနည်း
ပြီးကြိတ်ငိုနေသေးတာ ။ သားနဲ့ယောကျ်ား
အနားကိုရောက်လာတဲ့ရှောင်းကျန့်ကိုမြင်
တော့ သူလေးက မျက်ရည်ပြည့်အိုင်နေတဲ့
အကြည့်လေးဖြင့် ရှောင်းကျန့်ကိုကြည့်တယ် ။

သို့ပေမယ့်လည်း ရှောင်းကျန့်ကဦးစားပေး
သားဆီကိုသွားလိုက်တာကြောင့် ရိပေါ်မျက်
နှာလေးလွှဲသွားတယ် ။

"ကလေး!!"

"ဟင့် လာမခေါ်နဲ့!!"

"ကလေး...အချစ်!! ကိုယ့်သဲ"

မျက်နှာလွှဲကာ ထိုင်နေရင်းမှထသွားတဲ့
ရိပေါ်ကြောင့် ရှောင်းကျန့်ဘာဆက်လုပ်
ရမလဲမသိပေ ။ လက်ထဲကပွေ့ချီထားရ
တဲ့ သားကလည်း တအင့်အင့်နှင့်သာ
ငိုနေတယ် ။

"ဒယ်ဒယ်...ဟင့်"

"အင်းပါ သားရယ် မငိုနဲ့ တိတ် တိတ်!!"

"ပါးပါးကိုမခေါ်ဘူး ဟင့် အီးဟီး"

"အေးပါ အေးပါ...ရှင်းရယ်
လာ ဒယ်ဒယ်နဲ့ခြေလက်ဆေးပြီးရင်
အိပ်ရမယ်နော်"

"ဟုတ်..."

"ကစ်!"

"ဒယ်ဒယ် ကစ်!"

"မွက်စ်"

သားကိုချော့မော့ကာ သူ့အခန်းလေးထဲ
သိပ်ခဲ့ပေမယ့် ရှိုက်သံခပ်တိုးတိုးလေးတွေ
ထပ်ကြားနေရသေးတယ် ။ ထိုအသံလေး
တွေသည် သားဆီကလာသံတော့မဟုတ်
မှန်းသိ၏ ။

သားရဲ့အခန်းတံခါးလေးကိုပိတ်လိုက်ရင်း
အိမ်ရှေ့ခန်းက မွစာကြဲနေတဲ့သကြားလုံး
ခွံတွေရယ် မုန့်ခွံတွေကိုသိမ်းဆည်းပြီးမှ
အိပ်ခန်းထဲပြန်ဝင်ဖြစ်တယ် ။ တံခါးဖွင့်
လိုက်တော့ လှုပ်လီသွားတဲ့အိပ်ရာပေါ်က
နှလုံးအိမ်လေး ။

💕 ချစ်ရ​သော ကိုကို 💕 ( YiZhan ) [ Completed ]Where stories live. Discover now