"ခင်​ဗျားကိုကျ​တော်​မသွားခင်​က ဘာမှာခဲ့လဲ ဟင်
ညဘက်​ကိုမထွက်​ဖို့အတန်​တန်​မှာခဲ့လျက်​နဲ့
ခင်​ဗျား​ပေးတဲ့ကတိ​တွေကလဲ အလကားပဲ"

အမှန်​တိုင်း​ပြောရလျင်​ အခုချိန်​မှာ
ရှောင်​ကျန့်​​​ကြောက်​​နေသည်​..။
သူကအမှားလုပ်​ထားသည်​မလား..။

ရိ​ပေါ်ကစကားဆက်​​ပြောသည်​..။

"​သြော်​ ဒီတစ်​ခါ​တော့​ကောက
ကတိတည်​မှာပါ​လေဆိုပြီး
ခင်​ဗျားကိုတစ်​ခါ​လေးယုံကြည်​လိုက်​မိတာ
အခု​တော့ဗျာ...ဒီလိုမှန်းသိရင်
ဂျပန်​ကိုမရမက​ခေါ်သွားတယ်​"

"ဟုတ်​တယ်​ကွာ ငါကတိမတည်​ဘူး
အဲ့​တော့ဘာဖြစ်​လဲ..မင်းကအရာရာတိုင်းကို
လိုက်​​ပြော​နေတာ​လေ အပြင်​မထွက်​ရဘူး
ဟိုမသွားရဘူး ဒီမသွားရဘူးနဲ့
အိမ်​ထဲမှာပဲ​နေ​နေရ​တော့ ငါလည်းတစ်​ခါတစ်​​လေ
မွန်းကျပ်​တာ​ပေါ့ အဲ့​တော့အပြင်​ထွက်​တယ်​​လေ
ပြောချင်​​ပြောမ​ပြောချင်​​နေကွာ
ငါက​​တော့ထပ်​ထွက်​အုံးမှာ"

ရှောင်​ကျန့်​စကားအဆုံး ရိ​ပေါ်ထင်​မှတ်​မထား​သော
စကားများမို့ အနည်းငယ်​​တော့အံ့သြမိသည်​..။
အနည်းဆုံး​တော့ ​ကော​နောက်​တစ်​ခါမသွား​တော့ပါဘူး
ဆိုတဲ့စကား​လေးကြားချင်​ခဲ့မိတာ...။
မှားသွားပါတယ်​ဆိုပြီးမ​တောင်းပန်​ရင်​​တောင်​မှ​ပေါ့..။

"အခုလို​ပြော​နေရတာ ​ကောအတွက်​​လေဗျာ"

"ဘာငါ့အတွက်​လဲ"

"အပြင်​​တွေထွက်​ရင်
တစ်​ခုခုဒဏ်​ရာရမှာဆိုးလို့
တစ်​ခုခုဖြစ်​မှာစိတ်​ပူလို့ အဲ့တာ​ကြောင့်​​ပြောတာ​လေဗျာ"

"ငါက​လေးမှမဟုတ်​တာ
ငါ့ကိုယ်​ငါကာကွယ်​နိုင်​တယ်
အ​သေးစိတ်​ကအစလိုက်​ပူ​ပေးစရာမလိုဘူး
မင်းကစိုးရိမ်​​ပေး​နေတာမဟုတ်​ဘူး
ငါ့အ​ပေါ် ရှုပ်​ချယ်​လွန်း​နေတာ"

နှုတ်​ခမ်းတစ်​လန်​ ပန်းတစ်​လန်​နဲ့
ရန်​​တွေ့ပြီး အ​ပေါ်ထပ်​သို့တက်​သွား​သော
သူ့ရဲ့​ကောက တကယ့်​ကို​ပြောမနိုင်​​လေး..။

သူ​ဋ္ဌေး​လေးရဲ့စွာစိလန် (သူေဋ္ဌးလေးရဲ့စြာစိလန် )[Completed]​Where stories live. Discover now