ကျွန်တော့်ခံစားချက်တွေကို ရုတ်သိမ်းတော့မယ်တယ့်၊ ဦးးကိုမချစ်တော့ဘူးတယ့်။

ထို ခါးသက်သောစကားသံတွေက လေဟာနယ်ထဲလွင့်ပါ မသွားပဲ ယွင်ရှီးနားထဲ၌သာ အခြေတကျတည်ရှိနေသည်။ ဟန်ဆောင်ရတာ ပင်ပန်းလိုက်တာ ယွီအာရယ်..။

တစ်ဖက်တွင်လဲ မျက်နှာကြီးမဲသဲလျက် Phone ပြောနေသောကောင်လေးတစ်ယောက်။

"ရွှမ်းရွှမ်း နင်ပြောတယ့်အတိုင်းတော့ လုပ်ခဲ့တာပဲ၊ ဦးးက ငါ့ကိုမုန်းသွားပြီလားမသိဘူး"

"[ကျစ်!!! ငါ့ကိုယုံစမ်းပါ၊ ဒီညနေ Hotel ကနေ အိမ်ကိုပြန်ရွေ့လိုက်တော့]"

"ဘာ လို့ လဲ "

"[နင်က CEO ကိုမချစ်တော့ဘူးလို့ပြောခဲ့တယ်မလား! ခပ်တည်တည်နဲ့အိမ်မှာပြန်နေ အရင်လို သူ့အနားကိုတောက်တဲ့လိုကပ်မနေနဲ့ ၊ ခပ်ခွာခွာနေ ငါပြောတယ့်အတိုင်းလုပ် ကြားလား??"]

"အင်းပါ အင်းပါ "

ခေါင်းတွင်တွင်ညိမ့်ပြီး ဖေးယွီး Phone ကိုချပစ်လိုက်သည်။ ဟူး..ရွှမ်းရွှမ်းပြောတယ့်အတိုင်းလုပ်ရမှာပဲ ၊ ဒါကြောင့် ဦးးက ကျွန်တော့်ကိုခွင့်လွှတ်...။

********


"အိမ်ပေါ်ကဆင်းလာတာလား? အိမ်ပြောင်းလာတာလား? မသဲကွဲဘူးနော် များလိုက်တယ့်အဝတ်အစားတွေ "

ပိုင်ရွှမ်းရွှမ်း က အခန်းထဲမှာခေါက်ထိုးခေါက်ပြန်လမ်းလျှောက်နေပြီး ပါးစပ်ကလဲမျိုးစုံအောင်ရေရွတ်နေသည်။

ထို Fujoshi မကိုကြည့်ပြီး ဖေးယွီမှာစိတ်ရှုပ်နေသော်လည်း မျက်နှာမှာအပြုံးတစ်ပွင့်ချိတ်ဆွဲလိုက်ရင်း..

"ထိုင်နေပါလား
လမ်းလျှောက်နေတာ ခြေထောက်မညောင်းဘူးလား??"

"Weight ကျအောင်လမ်းလျှောက်နေတာ၊ဒါနဲ့ ငါ့ကိုစိတ်မပူစမ်းပါနဲ့ ၊ နင့်အတွက်နင်သာပူစမ်းပါ "

ဖေးယွီ က ဘာတစ်ခွန်းမှပြန်မပြောပဲ Suitcase ထဲအကျီတွေထိုးထည့်နေရင်း သက်ပြင်းချသည်။ သူမပြောတယ့် နည်းလမ်းတွေက တကယ်အဆင်ပြေပါ့မလားမသိပေမယ့် ဦးးကိုခပ်တန်းတန်းဆက်ဆံရမှာက ကျွန်တော့်အတွက်တော့ ကြီးမားသောစိမ်ခေါ်မှုတစ်ခု..။

"Breeze"Where stories live. Discover now