" အခုရော......... အဲ့ဒီလေးစားမှုတွေရှိသေးရဲ့လား?"

သူနာပြုဆရာမကကျွန်မကိုစေ့စေ့ကြည့်ရင်း
လေးနက်တဲ့စကားသံနဲ့ပြောနေသည်။
သူမနဲ့လက်တွဲလာတာလဲနှစ်အတော်ကြာပြီမို့သူမရဲ့စိတ်ခံစားချက်နဲ့အမူအကျင့်တော်တော်များများဟာလဲကျွန်မနှင့်ရင်းနှီးနေပြီးသားဖြစ်သည်။

" ကျွန်မကဒေါက်တာ့ကိုယုံကြည်တယ်..... ဘယ်တော့မှာမှားယွင်းတဲ့လုပ်ရပ်မျိုးလုပ်မှာမဟုတ်ဘူးဆိုတာ "

" မမှားသောရှေ့နေမသေသောဆေးသမားတဲ့ ဆရာမရဲ့
ကျွန်မလဲတစ်ကြိမ်တစ်ခါတော့မှားပေဦးမပေါ့ "

မျက်မှန်ဘောင်ခပ်ကျဉ်းကျဉ်းလေးရဲ့ဖန်သားပြင်တွေအောက်က
မျက်ဝန်းတွေဟာ ဆေးမှတ်တမ်းတွေကိုကြည့်ရင်းသာ
အေးဆေးတဲ့အပြုံးလေးတစ်ခုနဲ့ကျွန်မထိုစကားအတိုင်းပြန်တုံ့ပြန်ခဲ့သည်။

သူမကျွန်မနဲ့ကလေးအကြောင်းကိုသိနေခဲ့တာ
လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှစသိခဲ့ပေမဲ့..... သူမအဲ့လိုသိသွားတာကိုကျွန်မတုန်လှုပ်ရမှာထက်ကျေနပ်နေမိသည်။

ကျွန်မက ကျွန်မချစ်သူကိုခိုးကြောင်ခိုးဝှက်တွဲနေချင်ရုံမှမဟုတ်ပဲ။
သူမကိုလူအများရှေ့မှာချပြဖို့ကျွန်မဝန်မလေးသလို့...... မိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်နေမိတာကို လူမိလို့ရှက်နေဖို့လဲမတွေးမိပါဘူး။

အချစ်က ပတ်ဝန်းကျင်ရဲ့စကားလုံးတွေထက်အများကြီးလေးနက်တယ်လို့ကျွမ်မခံယူထားတယ်။

နောက်ပြီး..... ကျွန်မတပ်ထားတဲ့မျက်မှန်ကြောင့် ဘောင်ခပ်ခြင်းခံထားရတဲ့မျက်လုံးတွေလို အချစ်ကကန့်သတ်ချက်နဲ့ချစ်ရတာမျိုးမှမဟုတ်ပဲ။

ကျွန်မမှာဝဋ်ကြွေးရှိနေလိမ့်ဦးမယ်။
အဲ့ဒီဝဋ်ကြွေးကမိန်းကလေးတစ်ယောက်ကိုချစ်မိလို့ခံစားရမဲ့ဝဋ်ကြွေးဆိုလဲ.... အဲ့ဒီဝဋ်ကြွေးမကြေဖို့သာဆုတောင်းရလိမ့်မယ်။
မိုက်မဲပေမဲ့......... ကျွန်မအချစ်ကခပ်ပေါ့ပေါ့လေးဖြစ်တည်နေခဲ့တာမှမဟုတ်ပဲ။

" ဒေါက်တာ....... ကျွန်မဒေါက်တာကိုအခက်အခဲတွေနဲ့ပင်ပန်းရမှာကိုမလိုလားဘူး"

ရင်ခွင်မှီWhere stories live. Discover now