ဖွားဖွားကဖုန်းပြောတာကိုတစ်စွန်းတစ်စကြားသွားပုံ။

‟မြေးလေးရေ ဂျီမင်းလေးကဘာတဲ့လဲကျောင်းဆိုတာကြားလိုက်လားလို့"

ကျွန်တော်လည်းဖွားကိုအကြောင်းစုံပြောပြလိုက်တော့....
‟မြေးလေးသဘောကရော"

‟ပါးနဲ့မားကိုပြောကြည့်အုံးမယ်ဖွားသားလည်းဆိုလ်းမှာကျောင်းတက်ချင်တယ်"

ကျွန်တော်နဲ့ဖွားပန်းပင်ရေလောင်းနေတုန်းမီးဖိုခန်းထဲကမားမားလှမ်းအော်နေပြီ
‟သားရေခဏနေသားပါးပါးပြန်လာတော့မှာမြေးဖွားနှစ်ယောက်ရေချိုးကြတော့ပါးပါးလာရင်ထမင်းစားရအောင်"

‟ဟုတ်ကဲ့ မားမား"

ပါးပါးပြန်ရောက်တော့ထမင်းစားပြီးဧည့်ခန်းမှာအသီးစားဖို့မားမားကိုကူသယ်ပေးရင်းမိသားစုထိုင်စားကြလေပြီ.....
‟ပါးပါးမနက်ကဂျီမင်းဖုန်းဆက်တယ်သူ့မေမေတို့ကသူ့ကိုဆိုလ်းမှာကျောင်းပြောင်းထားမလို့တဲ့"

‟အထက်တန်းအောင်ပြီးမှမဟုတ်ဘူးလားသားရဲ့"

‟ဒီနှစ်ကစပြီးထားမှားတဲ့ပါးပါး"

‟အဲ့တော့မားရဲ့သားလေးကဘာကိုဆိုလိုချင်တာလဲ"

‟ဂျီမင်းကသားကိုလိုက်တက်ဖို့ပါခေါ်နေတာမားတို့ဆီမှာလည်းသူခွင့်တောင်းပါမယ်တဲ့သားလည်းဆိုလ်းမှာကျောင်းတက်ချင်တယ်"

‟အေးလေသားလဲအရွယ်ရောက်ပြီဆိုတော့ဂျီမင်းနဲ့အတူဒီနှစ်ထဲကစတက်ချင်တက်လေ"

‟မားမားသားလေးကိုမခွဲနိုင်သေးဘူးနောက်နှစ်မှသွားပါလားသားရယ်"

‟သားလေးသွားတက်ပါစေကွာသူငယ်ချင်းနှစ်ယောက်အဖော်လည်းရနောက်နှစ်အတွက်လည်းကြိုတင်ပြင်ဆင်လို့ရတာပေါ့"

‟မားမားရယ်သားကိုစိတ်ချပါကျောင်းပိတ်တာနဲ့ပြန်လာမယ်မားလည်းလွမ်းရင်လာတွေ့လေစာလည်းကြိုးစားပြီးအလုပ်ကောင်းကောင်းဝင်ခွင့်ရဖို့လည်းကြိုးစားမယ်"
‟ဟုတ်ပါပြီ ထယ်ထယ်လေးရယ်"

‟ဟီးဟီး ချစ်တယ်ပါးပါး မားမား ဖွားဖွား"

အိမ်ထဲမှာရီမောသံလေးတွေနဲ့သာယာနေတော့သည်။ဂျီမင်းကိုလည်းဖုန်းဆက်ပြီးပြောပြတော့ရီမောအော်ဟစ်နေလေရဲ့......
Hello! ဆိုလ်း အချောလေးလာခဲ့မယ်ကြိုဆိုပေးပါနော်...
လက်နှစ်ဖက်ဆန့်တန်းပြီးမျက်လုံးလေးတွေမှိတ်ကာဝရန်တာကလေကိုရှုရှိုက်ရင်းအော်နေတဲ့ ကင်မ်ထယ်ယောင်းလေးပါလေ.......

My Love Is Only One For You √Completed √   Where stories live. Discover now