"အထိန်းတော်ကြီးပူဝါနဲ့တွေ့ခဲ့ပြီးပြီ ညီမတော်တစ်ယောက်ထဲ ဒီကိုလာတယ်ဆိုလို့ အစ်ကိုတော်လိုက်လာခဲ့တာ ... "
သူမတို့နဲ့ ခပ်လှမ်းလှမ်းတွင်တြိဂါမင်းကြီးဘန်မူရဲ့နောက်လိုက်နောက်ပါအချို့က ရှိနေလေသည်။
အနားကိုရောက်မလာခဲ့ပါပဲ အဝေးမှာသာ ခစားနေကြသူတွေဖြစ်သည်။"ညီမတော်ကို အခေါ်တော်လွှတ်လိုက်တာရောက်မလာခဲ့လို့ အစ်ကိုတော်ကိုယ်တိုင်ရောက်လာခဲ့ရတာလေ ...
အဲ့ဒါကြောင့်ဒီလိုနေ့ရက်ခါမျိုးမှာ အစ်ကိုတော်ရောက်လာပြီး တတိယမြောက်မိဖုရားမယ်မယ်ကိုလဲ ဂါဝရပြုရင်းနဲ့ပေါ့ ...
အရင်က ဦးရီးတော်ရဲ့ ရန်ကရှိနေသေးလို့ တို့မောင်နှမတွေဆွေတော်မျိုးတော်တွေ ပြန်စုစည်းဖို့ မတတ်နိုင်ခဲ့ပေမယ့်အခုချိန်မှာတော့ နန်းတွင်းေရးရာ အားလုံးကတည်ငြိမ်သွားခဲ့ပြီ ...
ညီမတော်လဲ တြိဂါနန်းတော်ကို ပြန်လာဖို့သင့်ပြီလို့ အစ်ကိုတော်ထင်တယ်... ""မယ်မယ်ရဲ့နောက်ဆုံးဆန္ဒအရရော ရှင်ဆူးရဲ့ဆန္ဒအရပါ တြိဂါကို ပြန်မလာချင်တော့တာပါ မင်းကြီး ...
မင်းကြီးကိုယ်တိုင်ရောက်လာခဲ့တာကို အားနာမိပေမယ့်ရှင်ဆူး တြိဂါကို ပြန်လိုက်မှာ မဟုတ်ပါဘူး မင်းကြီး ... ""အစ်ကိုတော်ကို ချက်ချင်းလှည့်ပြန်အောင်လို့များ နှင်နေသလား ဆူးရယ်...
ဘာလို့များ စိတ်ဓာတ်တွေ မာထန်နေရတာလဲ ညီမတော်ကသာမာန်လူမှ မဟုတ်ခဲ့တာပဲ ...
တြိဂါရဲ့ မင်းမျိုးမင်းနွယ်တစ်ယောက်က ဒီလိုမျိုးသာမာန်ဘဝနဲ့ ရှင်သန်နေထိုင်ဖို့ရာ မသင့်တော်လှဘူး ... ""သာမာန်ဘဝဆိုပေမယ့်အလွန်ငြိမ်းချမ်းသာယာလှပါတယ်မင်းကြီး ...
အာဏာအတွက်မယှဉ်ပြိုင်ရသလိုနေရာတစ်ခုအတွက်လဲ မပူပန်ရပါဘူး ...
ကြယ်လေးဆိုတဲ့ အခုဘဝမျိုးမှာ ရှင်ဆူးပျော်မွေ့နေပါပြီ ... ""တယ်လဲ ခက်တဲ့ မိန်းခလေးပဲ ...
အေးလေ ညီမတော်အခုမလိုက်ချင်ဘူးဆိုရင်လဲ မလိုက်နဲ့ပေါ့ ...
ဒါပေမယ့်အစ်ကိုတော်ကတော့ အလျဉ်းသင့်ရင်သင့်သလို ငါ့ရဲ့ညီမတော်ရှင်ဆူးကို ရအောင်ပြန်ခေါ်နေမှာပဲ ... "
YOU ARE READING
အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)
(Part - 12)
Start from the beginning