.....................
"ငါ ပြန်တော့မယ် ကိုဝေ ...မနက်ဖြန်မှထပ်လာခဲ့မယ်နော်"
"ဒီမှာ အပြီးလာနေလိုက်ပါတော့လား မမရာ"
"နောက်မှပေါ့... ကိုဝေရဲ့... နောက်မှနော်"
ဆန်းသစ်မွှေးသည် ဆန်းကမ္ဘာဝေ အား နားဝင်အောင်
လေသံအေးအေးလေးဖြင့် ပြော၍ ဒီရေချင်း
လက်ကိုဆွဲကာ အိမ်ပြန်ခဲ့ပြီး.... ရောက်သည့်
နှင့် အခန်းတံခါးပိတ်ကာ ကလေးကိုကုတင်ပေါ်ထိုင်
စေလိုက်၏။"ဒီရေ အမေ့ကို မညာရဘူး... အမှန်အတိုင်းဖြေ"
"မေ..သား..မသိဘူး...သား..တမင်ပြောတာမဟုတ်ဘူး"
ချက်ချင်းထဖြေတဲ့ ကလေးက အလွန်တရာမှထိတ်လန့်
ကြောက်ရွံ့နေဟန် ရှိ၏။ ဆန်းသစ်မွှေးသည်
သားလက်အား ဆုပ်ကိုင်ရပြန်သည်။ သားလေးကို
မွေးတုန်းက ထူးခြားနေတာမို့် ဗေဒင်မေးကြည့်တော့
ကလေးက နတ်ဆိုးဝင်စားတာ ဟုဟောခဲ့သည်။
ကြီးလာရင် တလောကလုံးကိုဒုက္ခပေးလိမ့်မည်ဟုလည်း
ဆိုခဲ့သေး၏။ သို့ပေမယ့် သူမ မယုံကြည်နိုင်။
မယုံကြည်ရက်သဖြင့်.... ကလေးကိုတစ်ချိန်လုံး
ကြည့်ပြီး ဂရုတစိုက် ပြုစုစောင့်ရှောက်နေခဲ့ရသည်။"သား "
"မေမေ..."
"နောက်တစ်ခါ မကြိမ်ရဘူးနော်။ မင်း နောက်တစ်ခါ
ကြိမ်ရင် အမေသေလိုက်မှာ ""မကြိမ်တော့ဘူး...မပြောတော့ဘူး...
သားတောင်းပန်ပါတယ် ။သား တောင်းပန်ပါတယ်"သူမအား တင်းတင်းဖက်လို့ ဒီရေချင်းက ငိုရင်း
တတွတ်တွတ်တောင်းပန်ရှာ၏။ ဆန်းသစ်မွှေးသည်
သားရဲ့ကျောပြင်အား ပြန်လည်ဖက်၍ လက်ဖြင့်ပွတ်ကာ
ချော့ပေးလိုက်ပါသည်။ ဗေဒင်ဆရာဟောခဲ့သလို
တကယ်ပဲ သားက တလောကလုံးကိုဒုက္ခပေးတော့
မှာလား။ ဒါမှမဟုတ် ကလေးပြောတာနှင့်
အချိန်ကိုက်ပြီး တိုက်ဆိုင်သွားတာလဲ ဖြစ်နိုင်သည်မို့
ကလေးကိုအရမ်းကြီးမဆူရက်ပေ။တော်ကြာ
သူမ အပြစ်ပြောလိုက်မှ ကလေးပိုဆိုးသွားမှာ
စိုးရသည်။"ဟုတ်ပါပြီ ကလေးရဲ့မငိုနဲ့တော့နော်။တမင်ပြောတာမှ
မဟုတ် တာ မသိလို့ပြောလိုက်တာ ဟုတ်တယ်နော်။
သားမှာအပြစ်မရှိဘူး... နောက်တစ်ခါဆိုရင်တော့
အပြစ်ရှိသွားပြီနော်.... အမေဘာလုပ်မယ်ဆိုတာ
မှတ်မိတယ်မလား"
YOU ARE READING
Dear!Hunter Guys (Season 1)(Completed)
Short StoryDear! Hunter Guys(Season-1) S-1 :Action, Comedy,Character Intro Written by Naykyihtun #ဆန်းကမ္ဘာဝေ#တိတြေသ
Part-9
Start from the beginning