“ ကိုကိုပဲပြောတယ်လေ ရှောင်နိုင်သမျှ
ရှောင်ဆို...စိတ်ချ ကိုကို...
Baek ဘက်က အရင်ဆုံး ရှောင်မှာ...
အဲ့အဆင့်မှာတင် အဆင်ပြေတယ်...
ရိုက်တာ နှက်တာက Baek က
သိပ်မှမကျွမ်းတာ...မရိုက်တော့
မရိုက်တော့ပါဘူး...ဟဲဟဲ...”ဟု ရွှတ်နောက်နောက်နှင့်ပြောလာသည်...
“ ကဲ...အီးပေလေးရေ ဖိုက်တင်း...
ညနေ လာကြိုမယ်... စောင့်နော်...
တစ်ယောက်တည်းပြန်မလာနဲ့....”“ ဟုတ်....”
ဟု ခေါင်းလေးညိတ်ပြကာ ကားပေါ်ကနေ
ဆင်းသွားသည်...
သူ အဆောင်ထဲဝင်သွားကာ အခန်းထဲ
ဝင်သည်အထိ စောင့်ကြည့်နေပြီး
ပြန်လာခဲ့တော့သည်...~~~~~~~~~~ ကိုကို လူဆိုး ~~~~~~~~~~
" ဒုန်း..."
ဖိုင်အချို့နှင့် စားပွဲကို ရိုက်လိုက်သည်...
" မင်းတို့ ဒီလောက်လေးတောင်
မစီစဉ်နိုင်ကြတော့ဘူးလား....
မင်းတို့လုပ်နိုင်မယ်ထင်ပြီး
ငါ မျက်နှာလွှဲထားတာ...
အခုတော့ တစ်ခုမှ သုံးစားမရဘူး...
မင်းတို့ လုပ်နိုင်တာ ဒါအကုန်ပဲလား..."" ဟမ်.... ပြောကြစမ်းပါ...
မင်းတို့ အရည်အချင်းက
ဒီလောက်ပဲလား... ဒီ့ထက် ပိုပြီး
သုံးစားလို့မရတော့ဘူးလား..."ဟု ဝန်ထမ်းအချို့ကို ဆူနေစဉ်
“ တီ...တီ...တီ...”
ဖုန်းက Vibrate မြည်လာသည်ကြောင့်
Contact ကိုကြည့်လိုက်တော့" Baby "
ဖြစ်နေတာကြောင့် ဖုန်းကို ချက်ချင်း
ကိုင်လိုက်သည်...“ အင်း... ထမင်းစားဆင်းပြီလား...”
“ ဟုတ်... အခု ကန်တင်းမှာ...”
“ အင်း...တည့်တာ စားနော်...”
“ ဟုတ်...ကိုကိုရော စားပြီးပြီလား...”
“ ဟင့်အင်း...
ကိုယ် အစည်းအဝေးလုပ်နေလို့..."“ သြော် ဟုတ်လား.... အခုရော အစည်းအဝေးက ပြီးသွားပြီလား...”
“ ဟင့်အင်း...လုပ်နေတုန်း...”
အယ်...အစည်းအဝေးလုပ်နေတုန်းကို
ဖုန်း ကိုင်တယ်....“ ဗျာ...အစည်းအဝေးလုပ်နေတုန်းလား...
အဲ့ဒါဆို ဒါပဲလေဝေါ်...
ဖုန်းချလိုက်တော့မယ်...”
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...