"ရပါတယ် hyungတို့အတွက် အပန်းမကြီးပါဘူး"

"အဲ့တာဆို ကျတော် အထုပ်အပိုး
ပြန်ယူလိုက်ဦးမယ် ခွင့်ပြုပါဦး"

အထုပ်အပိုးယူဖို့ဆိုပြီး park kyungပြန်သွားတော့ yeolကပါ အဖော်လိုက်သွားလေရဲ့
နှစ်ယောက်သားတတွဲတွဲနဲ့တကယ်ပဲချစ်သူတွေဖြစ်ကြတော့မှာလား

ဘာဖြစ်ဖြစ်ကွာ Krisကိုyeolဘဝထဲကထုတ်ပစ်နိုင်ရင်ပြီးတာပဲ

"Sehun "

"အွန်း Jun ပြောလေ
ကိုယ်ဘာလုပ်ပေးရမလဲ"

"Sehun ကလဲ..ကျတော်က
အမြဲပူဆာတတ်တဲ့ကလေးကျလို့"

ကျတော့်ရဲ့ လက်မောင်းပေါ်ကို
ခေါင်းမှီရင်းကလေးပေါက်စလေးလိုနှုတ်ခမ်းလေးဆူကာ ကိုယ့်ကို ပြန်ပြောနေတဲ့junကြောင့်အံ့သြတာရောရင်ခုန်တာရော ကိုယ့်ရင်ထဲရောပြွန်းလျက်

တချိန်တုန်းက Jun က ဒီလိုမှမဟုတ်ပဲကိုး

"Junက ကိုယ့်အတွက်တော့ ကလေးပဲ"

"ကျတော် အပြင်သွားချင်တယ်"
ကျတော့်ကိုတော့ sehunဆိုပြီး
အခေါ်အဝေါ်ပြောင်းပေးခဲ့ပေမဲ့
သူ့ကိုယ်သူတော့'ကျတော်'ဆိုတာကိုပါးစပ်ကမချခဲ့

အင်းး အဲ့အဆင့်ထိသွားဖို့ကခက်ခဲဦးမှာမလား ကိုယ်နားလည်ပါတယ် jun

junအပြင်မထွက်ရတာ‌လဲအတော်လေးကြာပြီမို့အပြင်ထွက်ချင်သည်မှာလဲ
မထူးဆန်းပေ

သူ့ကိုလှောင်ပိတ်ထားခဲ့တာအချိန်တွေဘယ်လောက်တောင်ကြာသွားပြီလဲ

"အင်းးးး
ကိုယ်အားတဲ့ရက်လိုက်ပို့ပေးမယ်လေ jun"

Jun စိတ်ဆိုးသွားဟန်တူသည်
ကိုယ့်လက်မောင်းပေါ်ခေါင်းမှီထားရင်းကနေဖယ်ခွာသွားလေရဲ့

ဒီကလေးချက်ချင်းကိုစိတ်အပြောင်းအလဲမြန်လှပါရောလား

"ကျတော်ပန်းတွေသွားကြည့်ဦးမယ်
ဒီနေ့ဆို ပွင့်နေလောက်ပြီ"

မျက်နှာမကောင်းစွာထထွက်သွားတဲ့ jun'ကြောင့်
ကိုယ်လဲ စိတ်တော့မကောင်း ဖြစ်နိုင်ရင်Junနဲ့အတူပျော်ပျော်ပါးပါး လည်ပတ်ချင်ပါရဲ့
တရား၀င် လက်ထပ်ပြီးတာမှန်ပေမဲ့
Jun'appaရှိနေသေးသည်..
အချိန်မရွေးjunကိုကိုယ့်ဘဝထဲကဆွဲထုတ်သွားနိုင်သည်

မမုန်းခဲ့ပါWhere stories live. Discover now