'' သွားပြီနော်.....မွ''
လိုချင်သည့်မုန့်ဖိုးရသည်နှင့် သူမ၏ပါးပြင်ကိုခပ်သွက်သွက်နမ်းရင်းပင်ချွဲသွားသေးသည့် ထိုအကဲလေးအားမည်သူကမချစ်ပဲနေနိုင်မည်တဲ့လဲ။ ဂျီမင်း တို့ နမ်ဂျွန်း တို့နဲ့ဆိုတာကလည်း ၀မ်းနှင့်လွယ်မမွေးရသည်ကလွဲလျှင်သားအရင်းများကဲ့သို့ပင်။ မိမိတို့လူကြီးမိဘတွေချင်းရင်းနှီးကြသည်မို့ ထိုကလေးတွေကလည်းငယ်ငယ်ကတည်းကအတူဆော့ကစားလာကြတဲ့ ညီအစ်ကိုတွေဖြစ်ပြီး သားဖြစ်သူကိုလည်း သူတို့၏ညီအရင်းလေးလိုစောင့်ရှောက်ပေးကြသည်။
------------------
''ကိုကို တို့ကဒီနေ့အလုပ်မရှိဘူးလား''
မသိလျှင် သူဘာမှမလုပ်ထားသည့်ပုံဖြင့် သူ၏မျက်စိရှေ့က နွားနို့နှင့်ဌက်ပျောသီးရောဖျော်ထားသည့်ခွက်ထဲသို့ ပိုက်တစ်ချောင်းဖြင့်တပြွတ်ပြွတ်စုပ်ရင်းသောက်ေနသည့် ကောင်လေးအား ကျန်နှစ်ယောက်မှာလက်မြှောက်အရှုံးပေးထားသည့်ပုံပင်။
''အယ် ...အလုပ်ကမရှိဘဲနေမလားကွ ငမြွေထိုးတစ်ကောင် မွှေနေတာနဲ့ပဲ လုပ်ရတဲ့စခန်းကိုမရောက်ဘူးလေ''
''ဘာတဲ့ မလာရင်သေခန်းပြတ်ဆိုလား ငါတို့ကိုခြိမ်းခြောက်သွားသေး''
ဂျီမင်း၏စကားကို နမ်ဂျွန်းကပါထောက်ခံရင်းဆိုလာသည်မို့ ယခုကဲ့သို့နှစ်ယောက်တစ်ယောက်အခြေအနေမျိုးတွင် မျက်နှာချိုသွေးခြင်းကသာလျှင်လွတ်လမ်းဖြစ်သည်မို့ ဂျောင်ဂုနှစ်ခါပြန်၍ပင်စဥ်းစားမနေတော့ပဲ ရှိသမျှသွားအကုန်ထုတ်ပြရင်းဖြင့်သာ မျက်နှာလုပ်ရတော့သည်။
'' ဟီးး ဟီးး....ကိုကို,တို့ကလည်းဗျာ ကျွန်တော် က နောက်ပြီးမေးကြည့်တာပါ။ ဟော့ဒီကဂျောင်ဂုလေးကြောင့် ဒီက ကိုကိုတို့ရဲ့အလုပ်ကိုဖျက်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်....စိတ်မဆိုးပါနဲ့နော်...နော် ....နော်''
မျက်နှာငယ်လေးဖြင့် ချစ်စရာကောင်းအောင်ပြောဆိုနေသည့် ထိုကောင်လေးကို မည်သူကရောစိတ်ဆိုးနိုင်မည်တဲ့လဲ။ အငယ်ဖြစ်သူမို့ဆိုးချင်သည့်သဘာ၀ကို နားလည်နေသည့်သူတို့ကပဲ အကြိမ်ကြိမ်အခါခါအလျှော့ပေးရင်း အလိုလိုက်ခဲ့သလို ယခုလည်းထိုနည်းတူပင်ဖြစ်ပေ၏။
//1//
Start from the beginning