အပိုင်း - ၄၉

Start from the beginning
                                    

ကျောင်မေးလန်တောင်းဆိုချက်ကြောင့် လဝက်လောက်သင်ကြားလိုက်ရတယ်။ ဟဲ့ချန်းမင်ခမျာ နေ့ရောညပါ အတန်းတွေတက်နေရတာကြောင့် ကျီလျောင်နဲ့ video callလေးပဲ ပြောနိုင်တယ်။ မနက်ဖြန်ကျောင်းပြန်တက်ရမယ်ဆိုရင် ဒီနေ့လောက်မှ အိမ်ကနေထွက်ခွင့်ရတော့တယ်။

ကျီလျောင့်ကိုဆယ်ရက်လောက်မတွေ့ရတာကြောင့် လွမ်းလွန်းလို့ သေမတတ်ဖြစ်နေပြီ။ ဒါကြောင့်သူ့မိသားစုအိမ်က ထွက်လာတာနဲ့ ကျီလျောင်တို့အိမ်နားကို တန်းသွားတယ်။

ဂွမ်းကပ်အထည်ကိုဝတ်ထားပြီး ကျီလျောင်လှေကားကနေ ခုန်ဆွခုန်ဆွလေးဆင်းလာတယ်။ တစ်ဝက်လောက်ပဲရှိသေးတယ်။ တစ်စုံတစ်ယောက်က စိတ်မရှည်စွာ ကတိုက်ကရိုက်နဲ့ လှေကားနံရံနဲ့ ပိတ်ပြီးဖက်လိုက်တာကို ခံစားလိုက်ရတယ်။ သူ(ဟဲ့ချန်းမင်)က သူ့ရဲ့လွမ်းနာကျနေတာတွေ သက်သာသွားဖို့ ရူးလောက်အောင် နမ်းရှိုက်လိုက်တယ်။

ဟဲ့ချန်းမင်သူ့ကို အဝနမ်းပြီးချိန်မှာ သူ့ကိုဖက်ပြီး အသံတိုးတိုးနဲ့မေးလိုက်တယ် “ကိုယ့်ကိုလွမ်းနေလား?”

ကျီလျောင်က “ငါက အဆင်ပြေနေပါသေးတယ်”

နေ့ပိုင်းတွေမှာ သူ့ရဲ့ကျောင်းစာတွေကို ပြန်လေ့ကျင့်တယ်။ ညရောက်တော့ တစ်ဖက်ကောင်လေးနဲ့ video callတွေပြောရတယ်။ သူတို့အဆက်အသွယ်ရှိနေသေးသရွေ့ အဆင်ပြေတယ်။

သို့ပေမယ့် တစ်စုံတစ်ယောက်က မပျော်မရွှင်ဖြစ်ကာ ညည်းတွားတော့တယ် “မင်းက အသိစိတ်လေးတောင်မရှိဘူးပဲ၊ ကိုယ့်မှာတော့ မင်းကိုရူးလောက်အောင် လွမ်းနေရတာ”

နေ့တိုင်း ဒီကောင်လေးကို ဖုန်းထဲကနေတဆင့်ပဲတွေ့နေရတယ်၊ ထိလို့လည်းမရ နမ်းလို့လည်းမရ ဖက်လို့လည်းမရနဲ့။ စိတ်တွေဆင်းရဲလွန်းလို့ ကိုယ့်ကိုယ်ကိုယ်ဖြေလျော့လိုစိတ်တွေတောင် မရှိတော့ဘူးဖြစ်ရတယ်။

ကျီလျောင်နှလုံးသားလေး နွေးသွားတာကြောင့် ခပ်ဟဟရယ်မောကာ မေးလိုက်တယ် “မင်းအေးနေလား? ဒီလောက်အဝေးကြီးလာရတာ”

ဟဲ့ချန်းမင် တစ်ခုခုပြန်ပြောတော့မယ့်အချိန်မှာ အပေါ်ကနေခြေသံတွေထွက်ပေါ်လာတယ်။ သူ့လက်မောင်ကြားထဲက ကောင်လေးကတောင့်တောင့်လေးဖြစ်သွားတာကို ခံစားမိတာကြောင့် ချက်ချင်းပဲ သူ့ခေါင်းလေးကို ရင်ဘတ်ထဲထည့်ဖွက်လိုက်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now