Bai Li Feng က မင်းကြီးရှေ့တွင် ဒူးထောက်ကာအရိုအသေပေးလိုက်သည်..

"မြင့်မြတ်လှစွာသောဘိုးတော်..မြေးတော်ငယ်အရိုအသေပေးပါတယ်"

သူအရိုအသေပေးပြီး အတန်ကြာမှ ကန့်လန့်ကာနောက်မှ အသံထွက်ပေါ်လာသည်..

"ပြီးခဲ့တဲ့အချိန်တွေက ဘာလုပ်နေခဲ့တာလဲ"

ဘိုးတော်က သူ့လူပြည်သွားခဲ့သည်ကိုသိထားသည်ပုံပေါ်သည်.ခပ်တည်တည်နှင့်လည်း သူမလိမ်ရဲ...

Gwan Yin မယ်တော် နောက်လိုက်များက မုသာဝါဒအပါအ၀င် ကံငါးပါးကို အတတ်နိုင်ဆုံးရှောင်ထိန်းကြသည်...

သေရည်တောင်မှ ပွဲကြီးပြကြီးမှသာသောက်ကြသည်...

"Bai Li Feng ! မေးနေတာမဖြေသေးဘူးလား"

ဒေါသနှင့်အော်ပြောလိုက်သောဘိုးတော်ဘုရားကြောင့် သူလန့်ဖျတ်သွားရသည်

"ဘိုး...ဘိုးတော် "

"ဘိုးတော်  ညီတော်က ကျွန်တော်နဲ့ရှိနေတာပါ"

အသံကြားရာဆီ Bai Li Feng လှည့်ကြည့်လိုက်တော့ ရှည်လျားလှသော၀တ်ရုံနှင့် မြင့်မားလှသောအသရေရှိနေသော အစ်ကိုတော်...

သူ့စိတ်ထဲတွင်တော့ အစ်ကိုတော်ကိုသာကျိတ်ပြီးကျေးဇူးတင်နေမိသည်...

"အင်း....."

ဘိုးတော်ဘုရင်က မုတ်ဆိတ်မွေးရှည်ကိုပွတ်ဆွဲလိုက်ရင်း ပြောလိုက်သည်...တစ်ဆက်တည်းမှာပင်.

"မြေးတော်ကြီးက ဘာလျှောက်ချင်တာလဲ"

မြားဉီးက အစ်ကိုတော်ဘက်လှည့်လာသည်ကို သူတို့ညီအစ်က်ုနှစ်ယောက်စလုံးသဘောပေါက်ကြသည်..

တကယ်တော့ အစ်ကိုတော် ကလည်း ကိစ္စတစ်ခုရှိ၍သာလာခြင်းဖြစ်မည်..

အရေးအကြောင်းကိစ္စနှင့် ဘိုးတော်ဆင့်ခေါ်ခြင်းမရှိလျှင် သူတို့နှစ်ယောက်ရော အခြား မင်းမှုထမ်းများမည်သူမှသူတို့အခုရောက်ရှိနေတဲ့ ကြာပန်းနန်းတော်ကို၀င်ရဲမည်မဟုတ်....

"မြေးတော်တင်ပြစရာကိစ္စတစ်ခုရှိပါတယ်.."

အစ်ကိုတော် Bai Ming Shui က ဒူးထောက်အရိုအသေပေးရင်းပြောလိုက်သည်...

You've reached the end of published parts.

⏰ Last updated: Aug 25, 2020 ⏰

Add this story to your Library to get notified about new parts!

With My Unseen BoyWhere stories live. Discover now