🔥 N'ကို P' ပြောစရာရှိလို့ ဆရာနဲ့ ခုနကပဲ တိုင်ပင်ဖြစ်ကြလို့လေ
🖤 ဟုတ်ကဲ့ P'....ပြောပါ
🔥 အခု ဒီကာလက နာရေးကာလဆိုတော့ ပူဆွေးမှုတွေက လူတိုင်းကိုယ်စီရင်ထဲ ရှိနေကြမှာပါ ဒါပေမဲ့ ဆက်ရှင်သန်ရမဲ့လူတွေအနေနဲ့လည်း N'တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို P'တို့ မြင်နေရတယ်လေ
N'ကတော့ စိတ်ဓာတ်ခွန်အားက ပြည့်ပြီးသားမို့ P'တို့ အရမ်းစိတ်ပူစရာမလိုပေမဲ့ N'Saint ကိုတော့ P'ရော ဆရာရော စိတ်ပူမိတယ်
"ဟုတ်တယ် သား... ဖခင်တစ်ယောက်အနေနဲ့ သူ့ကလေးတွေအတွက် ဘယ်လိုအကောင်းဆုံးပုံစံနဲ့ပဲ ရှိနေပေးဖို့ ကြိုးစားပါစေ ဒီကလေးက ဒဏ်ရာတွေအများကြီးနဲ့ ကလေးလေးပါ
တစ်ယောက်တည်း ကျန်တဲ့ ဖခင်ကို ဒီလိုမမျှော်လင့်တဲ့ ပုံစံကြီးနဲ့ ဆုံးရှုံးရတဲ့ ဒဏ်ကို သာမန်လူတစ်ယောက်အနေနဲ့တောင် လက်ခံပေးဖို့ ကြိုးစားရတာ မလွယ်ကူဘူးလေ
အခု သူတောင့်ခံထားရတာ တအားပင်ပန်းနေရှာပြီလေ အဲ့လိုပုံစံကို ဆရာဝန်တစ်ယောက်အနေနဲ့ရော အဖေတစ်ယောက်လို စိတ်နဲ့ပါ မြင်နေရတာ အဆင်မပြေဘူး သားကြီးရယ်"
🖤 သားလည်း သူ့ကို အားပေးရင်းနဲ့ မလဲပြိုအောင် ကြိုးစားနေရတာပါပဲ အန်ကယ်ရယ် သားလည်း တကယ်တော့ လမ်းပျောက်ချင်နေပြီ
ကတိတည်ဖို့ ကြိုးစားရတာ ခုချိန်မှာ အပင်ပန်းဆုံးပဲ
ပခုံးကို လာဆုပ်ကိုင်နှစ်သိမ့်ပေးတဲ့ အန်ကယ့်လက်ကို အားကိုးတကြီးဆုပ်ကိုင်မိရင်း မျက်ရည်မကျအောင် ထိန်းရသည်။ ဒီမျက်လုံးကို ဘာအတွက်ကြောင့်နဲ့မှ ကျွန်တော်အထိခိုက်မခံနိုင်ဘူးလေ။
"ယုံကြည်ခြင်းတွေက ဝန်တစ်ခု ဖြစ်စေခဲ့ရင် အန်ကယ်တောင်းပန်ပါတယ် သားရယ် ဒါပေမဲ့ သားဟာ ဘယ်သူ့ဆီကနေမဆို ယုံကြည်လေးစားခြင်း အားကိုးခံရခြင်းတွေနဲ့ပဲ ထိုက်တန်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ဖြစ်နေတာ သားရဲ့
အဲ့လိုဖြစ်အောင် သားလျှောက်လာခဲ့တဲ့လမ်း သားလုပ်ခဲ့တဲ့လုပ်ရပ်တွေ သားကြိုးစားအားထုတ်နေတဲ့ အရာတွေက သက်သေပြနေတာလေ
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️
🖤Verdant Note❤️
Start from the beginning