ရှိန် သွင့်စကားကြောင့်ကားပေါ်အလျှင်အမြန်တက်ကာ ကားကိုအမြန်မောင်းထွက်လာခဲ့လေသည်။ ဘာလိုအမြန်မောင်းခိုင်းရတာလဲသွင်။
သွင်အိမ်နဲ့အတော်လှမ်းလှမ်းကိုရောက်တော့မှ ရှိန် သွင့်ကိုမေးမိလေသည်။မောင်ကလဲ အိမ်ရှေ့ကိုရောက်လာတာကို ဖေဖေတို့တွေ့သွားရင် ဘယ်လိုလုပ်မလဲ။ အခုချိန်မှာ သွင်နဲ့မောင့်ဆက်ဆံရေးကိုပြောပြရန်ခက်ခဲနေသေးတယ်။
မောင်ကသွင့်ဆီကို သူငယ်ချင်းတစ်ယောက်အနေနဲ့လာကြိုတာလေ။ ချစ်သူတစ်ယောက်လိုလာကြိုတာမှမဟုတ်တာ။ သွင့်မိသားစုဝင်တွေက မေးလာခဲ့ရင်လဲ သူငယ်ချင်းတစ်ယောက်အနေနဲ့ပြောလို့ရတာကိုကွာ။
သွင်အရင်တစ်ခေါက်မောင်လိုက်ပို့တုန်းကတော့ မေမေကိုပြောထားပေမယ့် အခုကမတူညီတော့ဘူးလေ။
"သွင်သဘောပါ။ သွင့်မိသားစုမသိအောင် မောင်ကအနေအထိုင်ဆင်ခြင်ပေးပါ့မယ်။"
မောင်စိတ်ဆိုးသွားတာလား။ သွင်ကအခြားစိတ်နဲ့ပြောလိုက်တာမဟုတ်ပါဘူး။ သွင်ချစ်သူက မိန်းကလေးတစ်ယောက်မဟုတ်ပဲ ယောကျ်ားလေးတစ်ယောက်ဖြစ်နေတာဆိုတော့ မေမေတို့အတွက် စိတ်ပူနေမိလို့ပါ။
မောင်ကအဆင်ပြေတာမို့ အခြားအရာတွေကိုမစဥ်းစားနဲ့သွင်။ သွင်မောင့်ကိုချစ်တယ်ဆိုတာကိုသိတယ်။ သွင်အချစ်တစ်ခုထဲနဲ့တင်လုံလောက်နေပြီမို့ ကျန်တဲ့အရာတွေမလိုအပ်ဘူး။
"မောင်တကယ်သွင့်ကိုစိတ်မဆိုးဘူးမလားဟင်။"
မောင်ကစိတ်ဆိုးနေတဲ့ရုပ်ဖြစ်နေလို့လားကွာ။ ဒါနဲ့သွင်စီးလာတာ အိမ်နေရင်းဖိနပ်ကြီးများလား။
"ဟင် မောင်အပြောကြောင့် သွင်ကိုယ်စီးလာတဲ့ဖိနပ်ကိုငုံ့ကြည့်လိုက်မှ မောင်ပြောသလိုပင် အိမ်နေရင်းဖိနပ်ကြီးစီးလာမိတာကို သတိရမိလေသည်။
အမလေး အရှက်တွေတော့ဗြန်းဗြန်းကွဲပါပြီ။ မောင့်ရှေ့ရောက်မှအခုလိုဖြစ်ရတယ်လို့။ သွင်ကိုယ့်ခေါင်းကို မနာကျင်အောင်ထုလိုက်မိလေသည်။ မောင့်ကြောင့်လေ အခုလိုဖိနပ်မှားစီးလာရခြင်းအကြောင့်က မောင်သာအိမ်ရှေ့ကိုရောက်မလာရင် အခုလိုမှားစီးမိမှာမဟုတ်ဘူး။ တော်သေးတာပေါ့ ကျောင်းကိုသာဒီပုံစံနဲ့သွားရင် ကလေးတွေကကြည့်ပြီး ဝိုင်းရယ်ရင် ဒီထက်ပိုအရှက်ကွဲမည်။"
YOU ARE READING
မောင့်ရဲ့ကြင်ရာတော်👨❤️👨
Romanceပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020
အပိုင်း-၇ .(Uni)
Start from the beginning