အပိုင်း(36)

944 76 0
                                    

Unicode

"မား"

"သား လာလေ"

"သား geကိုလာခေါ်တာ ရုံးသွားမလို့လေ"

"အားကျန့်က အပေါ်မှာ တက်သွားလိုက်လေ"

"ဟုတ်မား"

ရှီးချန် အပေါ်တက်လာခဲ့ပြီး ရှောင်းကျန့်အခန်းထဲဝင်လာခဲ့သည်။

"Ge ပြီးပြီလား သွားရအောင်"

"ရိပေါ် geဒီ‌နေ့ မလိုက်တော့ဘူး ကျန်းချန်က မနက်ဖြန်သွားတော့မှာတဲ့လေ အဲ့ဒါ နှုတ်ဆက်ပွဲလေး လုပ်ချင်လို့"

"နှုတ်ဆက်ပွဲ ကျွန်တော်လဲ လိုက်မယ် ge"

"လိုက်ခဲ့လေ ရိပေါ်ပါတော့ ပိုပျော်စရာကောင်းတာပေါ့"

"အွန်း"

ရှောင်းကျန့် ကျန်းချန် ရှိရာ ဆေးရုံကို လာခဲ့လိုက်သည်။ဆေးရုံရောက်တော့ ကောင်တာမှာ ရှိတဲ့ nurseလေးအား

"ဟို Dr.ကျန်းချန် နဲ့တွေ့ချင်လို့ပါ သူအခု ဘယ်မှာ......"

"ရှောင်းကျန့်"

"ကျန်းချန်"

"ရိပေါ်လဲ ပါ လာတာကို ရှောင်းကျန့် sorryပဲကွာ ငါမင်းတို့ကို ချိန်းပြီးမှ ဆေးရုံမှာ အလုပ်တွေကလဲ အရမ်းများနေတာ မင်းသိတယ်မလား ငါမရှိရင် ဒီမှာက အဆင်မပြေဘူးလေ"

"ကြွားမနေပါနဲ့ အွန်း ကိစ္စမရှိပါဘူး မင်းမှမအားတာ ဒါနဲ့ ဆေးရုံမှာ လူတွေအများကြီးပဲ ဘာရှိလို့လဲ"

"ဒီနေ့လား ဒီဆေးရုံမှာ တနှစ်တခါ အမြဲတမ်း ပရဟိတ လုပ်တဲ့ company တခုရှိတယ် ဒီနေ့က သွေးလှူကြတာလေ နှစ်တိုင်းဘယ်တော့မှမပျက်ဘူး ဆေးရုံအတွက် လိုအပ်တဲ့ သွေးအမျိုးအစားရှိတဲ့သူတွေ စုပြီး အလှူလုပ်ကြတာ"

"သွေးလှူတယ် ဒါတကယ် မွန်မြတ်တဲ့အလှူတခုပဲ ရိပေါ် ge တို့လဲ သွေးလှူရအောင်"

"ဗျာ ကျွန်တော်တို့...."

"ဟုတ်တယ်လေ ဒါမျိုးက လှူသင့်ပါတယ်နော် လှူရအောင်လို့ နော်"

"အ အင်း"

"ကောင်းတာပေါ့ကွာ မင်းတို့လှူမယ်ဆို အရင်သွေးစစ်ဖို့ nurseနဲ့လိုက်သွားလိုက် သွေးစစ်ကြည့်မှ လှူလို့ ရမရ သိရမှာ"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Where stories live. Discover now