1 Year - 1 Day

71 7 0
                                    

၅ ရက်နေ့ ...

*စာတိုရောက်သံ*

မနက်စောစော ရုံးသွားဖို့ စီးနေတဲ့ရထားပေါ်မှာ
သီချင်းနားထောင်နေရင်း....
သီချင်းသံကိုဖြတ်ပြီး ဝင်လာတဲ့ ပြင်ပအသံတစ်ခုကြောင့် ဖုန်းကိုကြည့်လိုက်မိသည်။

"Seoul national university မှ ၂၀၁၃ အတန်းသားများ" တွေ့ဆုံပွဲ

- ဟေ့ကောင်တွေ ၆ ရက်နေ့ညမှာ တွေ့ဆုံပွဲရှိတယ်နော်။
တစ်နှစ်မှတစ်ခါပဲတွေ့ရတာ မလာတဲ့ကောင် အိမ်လိုက်ချမယ်။ နှစ်တိုင်းတွေ့နေကြ နေရာပဲနော်

နှစ်တိုင်း ဒီလိုနေ့မျိုးဆို အမြဲရောက်လာတတ်တဲ့ စာတစ်စောင်။

၂၀၁၃ ခုနှစ်ပထမနှစ်ကတည်းက အတန်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ Jisung ကတော့ နှစ်တိုင်း ဒီလိုချိန်ဆို အမြဲလူလိုက်စုဆဲ။ စာတွေ့ပို့ဆဲ။

ဒီနှစ် ၂၀၂၀ ကတော့ ၃ ကြိမ်မြောက်ပြန်လည်တွေ့ဆုံခြင်းပေါ့။

သူငယ်ချင်းတွေနဲ့ရော.....သူနဲ့ရော.....

∆∆∆∆∆∆∆∆∆∆∆∆∆∆

၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်း

"ငါတို့နှစ်ယောက်ကတစ်ဖွဲ့နော်။ ငါတို့ဘယ်လိုပုံစံမျိုးရေးကြရင်ကောင်းမလဲ။"

သူ့ဘက်ကနေ မရဲမဝင့်နဲ့ စတင်ခဲ့တဲ့ စကားလေးတစ်ခွန်း။

နှစ်လယ်ရောက်နေပြီဆိုပေမယ့် လူချင်းကတော့မျက်မှန်းတန်းနေမိသော်လည်း တစ်ခါမှ အဖွဲ့အတူတူမကျဖူးတော့ စကားပြောရမှာက ခပ်တန်းတန်း။

အသွားရှိရင် အပြန်ရှိရမယ်မလား

"အင်း ငါတို့ဘယ်လိုပုံရေးကြမလဲ "

သူစကားပြန်ပြောလိုက်လို့ တစ်ဖက်ကတစ်ယောက်ကပျော်သွားပုံရသည်။

ဘေးကိုချက်ချင်းဝင်ထိုင်ပြီး ဂီတနုတ်စာအုပ်တွေလှန်နေတော့သည်။

"ခဏလေး ငါတို့ ဒါတွေအရင်ကြည့်စရာမလိုသေးဘူးလို့ထင်တယ်။ Theme အရင်စဉ်းစားကြမယ်လေ။ Theme ရမှ ဆက်စဉ်းစားကြတာပေါ့ "

" ဪ ဟုတ်သားပဲ။ ဒါဆို ငါတို့ Theme ရအောင် ဘယ်လိုလုပ်ကြမလဲ "

" အင်း.....ငါတို့ ကော်ဖီသောက်ရင်း စဉ်းစားကြမလား "

1 year Minus 1 day (minhwan-WannaOne)Where stories live. Discover now