ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေး

Start from the beginning
                                    

ပေါ်လေး အပြင်သာမထွက်တာအလုပ်ကိုတော့အိမ်ကနေကူညီပေးသည်။ရှောင်းကျန့်မှာအလုပ်များလို့ အချိန်ပိုဆင်းရသည်ဟူ၍မရှိ။ အိမ်ကိုယူလာသောအလုပ်များကိုပေါ်လေးက လုပ်ပေးသည်။ထိုအချိန်တွင် ရှောင်းကျန့်ကသားသားနှင့်အချိန်ဖြုန်းအတူကစားပေးပြီးအဖော်ပြုနေသည်။ထိုစည်ကမ်းလဲပေါ်လေးသတ်မှတ်ထားတာပင်သားသားနှင့်ရှောင်းကျန့်ကို အလုပ်တွေကြောင့် အနေစိမ်းတာမျိူးမဖြစ်စေချင်လို့ပါတဲ့။

ပေါ်လေးကိုအူတိုတာတော့ရှောင်းကျန့်တို့သားအဖနှစ်ယောက် ထပ်တူညီသည်။ တစ်ရက်က ရှောင်းကျန့် အလုပ်တွင်အစည်းအဝေးရှိသဖြင့် သားသားကိုကျောင်းပို့ရာတွင်ပေါ်လေးနဲ့အိမ်ကဒရိုင်ဘာဖြင့် ပို့ခိုင်းရာ ​ကျောင်းကဆရာမ များက သူ့ပါးပါးကိုအရမ်းကြည့်လို့ဆို၍နောက်နေ့မှစမလိုက်ပို့ခိုင်းတော့ပေ။

....................................

''ဒယ်ဒီရေ ပါးပါးရေ သွားမယ်လေ မပြီးသေးဘူးလား´´

''ဒယ်ဒီက ပြီးပြီ သားသားရေ´´

''ဒီမှာ မင်းပါးပါးမပြီးသေးဘူး´´

''ဘာလို့လဲ ဒယ်ဒီ´´

ဆိုပြီး သားသား သည်အခန်းထဲကိုဝင်လာသည်။

''ဒယ်ဒီကပါးပါးကို အဝတ်ပြန်လဲခိုင်းနေတာကို မလဲဘူးတဲ့လေ သားသားရယ် ပြောပါဦး မင်းပါးပါးကို´´

''သားသားဒယ်ဒီကအကျင့်မကောင်းတာ ဒယ်ဒီဝတ်ထားတာ ဘာဖြစ်လို့လဲ ဒီအတိုင်းကစားကွင်းသွားမှာမို့ပေါ့ပေါ့ပါးပါးဝတ်ထားတာကို´´

''အဲ့ဒီ ပေါ့ပေါ့ပါးပါးက အန္တရာယ် အကြီးဆုံးပဲပါးပါး ´´

''တော်ပြီ ရပြီ ပြန်လိုက်လဲမယ် ဟုတ်ပြီလား´´

''ဂျေ ဒိုး နတ် နင်မယ့်သားအဖ နှစ်ယောက် ဟွန့်´´

ဆိုပြီးပေါ်လေးအဝတ်လဲခန်းထဲဝင်သွားမှ ရှောင်းကျန့်နှင့်သားသား လက်ဝါးခြင်းရိုက်လိုက်သည်။

စစ်ကူရမလားခေါ်မိပါတယ် ဒါမျိူးဆိုသိပ်တည့်သော သားအဖနှစ်ယောက် ကျန်တဲ့အချိန်တကျက်ကျက်ဖြစ်သလောက် ကိုယ့်ကို အူတိုဖို့တို့ စိတ်မချတို့ဖို့ ဆို တိုင်ပင်စရာမလိုသော အတိုင်အဖောက်ညီသော သားအဖနှစ်ယောက်ပင်။အခုလဲကိုယ်က ကစားကွင်းသွားမှာပဲလေဆို
ပြီးဘောင်းဘီရှော့ပင်ဒူးအဖုံး အနက်လေးနဲ့ အပေါ်က တီရှပ်အစိမ်းလေးကိုမှအပေါ်ရှပ်လက်တို အနီလေးဝတ်ထားတာကို အောက်ပိုင်းကလဲတိုတယ် ဘောင်းဘီရှည်ပြန်လဲပါတဲ့ အပေါ်ကိုလဲ ရှပ်ဝတ်ချင်ရင် လက်ရှည် ဝတ်ပါတဲ့လေ ဟိုရောက္မှ ပူပြီး ချွေးအရမ်းထွက်ကြည့် အဲ့သားအဖနှစ်ယောက်တွေ့မယ်။

ရှောင်းကျန့်ရဲ့ပေါ်ပေါ်လေးWhere stories live. Discover now