'ဟင့်အင်း...မဟုတ်ဘူး..မဟုတ်ဘူး...ခ ထင်သလို
မဟုတ်ဘူး...သူနဲ့ကိုယ်နဲ့ဘာမှမပတ်သတ်ပါဘူး...'
စိတ်ထဲမှ ရေကုန်ရေခမ်းရှင်းပြနေသော်လည်း
တကယ့်လက်တွေ့တွင် မည်သည့်အသံမှထွက်မလာ
သောကြောင့် ကောင်းခန့်ကျော် ငိုကြွေးမိသည်.....
'ခ...ရယ်....မင်းအထင်လွဲမှာကို ကိုယ်ကြောက်တယ်..'

"မောင်....မင်းငါ့ကိုမချစ်တော့ဘူးဆိုတော့
ငါသွားတော့မယ်...မင်းကိုငါနှုတ်ဆက်ခဲ့ပါတယ်...''

မိမိပါးပြင်မှ မျက်ရည်စီးကြောင်းအား သုတ်ဖယ်
ပေးလာသော လက်ချောင်အိအိတို့၏ အထိအတွေ့ကို
ကောင်းခန့်ကျော် ခံစားမိသည်.....

ထို့နောက် မိမိအား မျက်နှာမူလျက်နောက်သို့တစ်လှမ်းချင်း
ဆုတ်သွားလေသော ချစ်ရသူကြောင့် ကောင်းခန့်ကျော်
လန့်သွားမိသည်.....

'မဖြစ်ဘူး....နောက်ကိုထပ်မဆုတ်နဲ့...တောင်စွန်းနား
ရောက်နေပြီ...ခ....ခ....နောက်ကို မဆုတ်ပါနဲ့တော့ကွာ.'

ချစ်ရသူတစ်ယောက်လုံးဘေးဒုက္ခရောက်မည်ကို
တွေ့နေရသော်လည်း ပြောပြ၍မရ လှမ်းဆွဲထားရန်
ကြံလိုက်သော်လည်း ခြေထောက်တို့မှာ လုံးဝမလှုပ်
မယှက်ဖြင့်.....

"တာ့တာနော်...မောင်...''
နှုတ်ဆက်စကားဆိုသံနှင့်အတူ တောင်စွန်းမှလိမ့်ကျသွား
လေသော ချစ်ရသူအားမြင်လိုက်ရသည်မှာ အသည်းအူ
ပြတ်ထွက်မတတ် နာကျင်ခံစားနေရသည်.......

"ခ....ဟင့်...ဟီး....ထွက်မသွားပါနဲ့...ခ....ခ...''

"အကိုလေး...အကိုလေး...သတိထားပါအုံး...
အကိုလေး....ယောကျာ်းရေ ရေသွားခပ်စမ်း...
အကိုလေးကိုတိုက်ရအောင်...''

ခန္ဓာကိုယ်အားလှုပ်ခါခံရမှုကြောင့် အိမ်မက်ဆိုးမှလွတ်
မြောက်လာရသော ကောင်းခန့်ကျော်မှာ ငိုကြွေးမှုကြောင့်
မျက်နှာတစ်ခုလုံးတွင် မျက်ရည်များဖြင့်ပြည့်နေသည်....
အိမ်မက်ထဲမှမိမိနှလုံးသားငယ်၏နာကျင်မှုမှာ လက်တွေ့
ထိကျိုပငျ တုန်လှုပ်လျက်ရှိချေသည်.....

"အကိုလေး...အကိုလေးရရဲ့လား...
မိနွယ်တို့ အစ်ကိုလေးအော်သံကိုကြားလို့ ထလာတာ..''

"အကိုလေး...ဒီမှာ..ရေရေ...''

"ပေးပေး..ကျွန်မကိုပေး....
ရော့ အကိုလေး....စိတ်ကြည်သွားအောင်
ရေလေးသောက်လိုက်...''

Crush From State School 🖤Where stories live. Discover now