Chapter 5(မငိုနဲ့တော့)

Start from the beginning
                                    

အိပ်နေတဲ့ Saint ကိုကြည့်ပြီး သူအားရပါးရတစ်ချက်ပြုံးလိုက်တယ်။ပြီးတော့ သူဟာ မျက်နှာသေနဲ့ပဲအောက်ထက်ကိုဆင်းလာပြီး မီးဖိုခန်းထဲက ချက်ပြုတ်နေတဲ့ အိမ်အကူတွေကို ကြက်သားဆန်ပြုတ်ပြုတ်ဖို့အတွက် အကုအညီတောင်းလိုက်သည်။ပြီးသည်နှင့် အိမ်နှာသာထိုင်နေတယ် သူ Kittle နဲ့ပတ်သတ်တဲ့ ကုန်ကြမ်းတွေကို ကိုကြည့်ပြီးစစ်ဆေးနေပြီး
ဆန်ပြုတ်လာပို့တဲ့ အိမ်အကူကောင်မလေးရဲ့ တံခါးခေါက်သံကြောင့် Laptop  ကို ခေါက်ပြီး တံခါးဖွင့်ပေးကာ စားပွဲပေါ်တင်ခိုင်းလိုက်သည်။

"ဆရာလေးက တံခါးကို လော့ခ်ချထားလို့ နို့မို့ဆို ဆရာလေး ထလာစရာမလိုဘူး အားနာလိုက်တာ"

"ဟုတ်တယ် လက်ကယောင်ပြီး လော့ချမိမိသွားတာ ရပါတယ်အားမနာပါနဲ့ ပြီးကျမှာ ခေါ်လိုက်မယ်နော်"

Perth က Saint ကိုအသာနိုးလိုက်တော့ အိပ်ဆေးအရှိန်နဲ့ Saint က အင်းအဲနဲ့ နိုးလာခဲ့တော့သည်။

"နေ့လည်ဆေးသောက်ဖို့ နိုးလိုက်ရတာ အကိုရဲ့ အခုကျွန်တော် ကြက်သားဆန်ပြုတ်တိုက်မယ်နော် "

အိပ်နေရာမှ ထဖို့လုပ်နေတဲ့ Saint ကို  ထူပေးပြီး ကျောမီလို့ရအောင် ခေါင်းဦးထိုးပေးပြီးသက်သောင့်သက်သာဖြစ်အောင်ထိုင်စေလျှက်

ဆန်ပြုတ်ကို အေးအောင်မှုတ်ပြီး တစ်ဇွန်းပြီးတစ်ဇွန်းခပ်တိုက်ပြီး နှုတ်ခမ်းထောင့်မှ ပေနေတဲ့ ဆန်ပြုတ်ရည်တွေကို Perth က လက်နဲါသုတ်ပေးပြီးပြုံးပြတာကြောင့် Saint လည်းအလိုက်တသင့်ပြုံးပြလိုက်သည်။

ရှက်ရဲရဲဖြစ်သွားပေမဲ့ အတတ်နိုင်ဆုံးသူ့မျက်နှာကို တည်တံ့လိုက်တော့ သူPerth ရဲ့မျက်နှာအမူအရာကို မြင်လိုက်ရတယ် သေချာပါတယ် Perth ပြုံးလိုက်တယ် ဆိုတာ ဒါပေမဲ့ သူဘာကြောင့်ပြုံးရတာလဲ ကျွန်တော်ဆက်မတွေးတော့ဘူး

Ringg......

"Helli P' "

"P' Kittle ရဲ့ ကုန်ကြမ်းနဲ့ ဖွဲ့စည်းပုံတွေကို ထုတ်လုပ်ရေးကိုပို့ဖို့ Perth ဆီကို report တင်ခိုင်းလိုက်တယ် Comfirm မို့လို့ ပို့လိုက်ပြီနော် ဖြန့်ချိဖို့က နောက် လအတွင်း အရေအတွက် ငါးရာထုတ်ထားတယ်"

          

Perth ကို comfirm ဖို့ကျွန်တော်ပြောထားသည်မို့ ဟုတ်ကဲ့  ဆိုပြီး ဖုန်းချလိုက်သည်။အဖျားအရှိန်နဲ့ မို့လူက နေလို့သိပ်မကောင်းဘူး ဒါဆို Kittle က Plan တွေက P' ဆီမှာပဲ ရှိတာပေါ့  ဆေး‌သောက်ပြီးရင်  ဘာကြောင့်
အိပ်ချင်မှန်းမသိ အိပ်ပျော်သွားပြန်သည်။

နိုးလာတော့ Perth ကို ရှာပေမဲ့ Perth ကရှိမနေတော့ ဆေးကအိပ်လို့ကောင်းလိုက်တာ လူတောင်နည်းနည်းသက်သာသွားသလိုပဲ အောက်ထက်ကိုဆင်းသွာတော့ သမီးလေးကို သွားကြိုဟန်နဲ့ ပြန်လာတဲ့ Perth

"ဖေဖေ ပါးက ဒဏ်ရာက ဘာဖြစ်တာလဲ နာနေလားဟင် သမီးကို ဖေဖေနေမကောင်းတဲ့ဟာကိုလို့မပြောတာလဲ  "

"မငိုရဘူး Lourise မငိုရဘူးနော် ဖေဖေနေကောင်းသွားပြီ ကြည့် ကိုယ်လည်းမပူဘူး စမ်းကြည့်"

"ဟုတ်တယ် ညီမလေးရဲ့ ဖေဖေနေကောင်းသွားပြီ ကိုကိုလည်း ဆေးတိုက်ပြီးသွားပြီ အခုကိုယ်လည်းမပူဘူးနော် "

"Perth ငါ့ကိုဖေဖေလို့မခေါ်နဲ့"

Saint ကဒေါသတကြီးနဲ့အော်လိုက်တဲ့အသံက Mae တောင် မီးဖိုခန်းထဲကထွက်လာခဲ့သည်။Perth ရော သမီးလေးကပါ လန့်သွားပြီ သူ့ကို ပြူးပြီးကြောင်ကြည့်နေလေရဲ့

"ဖေဖေပြောတာကလေ သမီးလေးလန့်အောင်မဟုတ်ပါဘူး Perth မင်းပြန်တော့ အလုပ်မြဲချင်ရင် ဖေဖေဆိုပြီး ငါ့ကိုမခေါ်မိစေနဲ့ ပြီးတော့ ငါ့သမီးကို ကိုကို လို့မခေါ်ခိုင်နဲ့ P'Perth လို့ပဲ ခေါ် ကြားလား"

"ကယ် သားရယ် သမီးကို သဝန်ကြောင်နေ ပြန်ပြီ ကယ် Perth ညစာစားသွားချေ Na မြေးလေးကို ရေချိုးပေး လိုက် သားကလာ "

Mae ကဖြန့်ဖြူးရေးလုပ်ပြီး Perth ကိုတစ်ဖက် Saint ကိုဖက်ဆွဲပြီး သူလုပ်ထာူတဲ့ အချိုပွဲကို စားခိုင်းသည်။Mae က ရယ်ပြီး Perth ကိုတိုးတိုးပြောနေတာတောင် ကျွန်တော်ကြားဖြစ်အောင်ကြားလိုက်သေးတာ

"အဲ့အူတိုဖေကြီးကို လေ ကောင်မလေးချောချောရှာပေးပါဦး အခု သူက သူ့သမီးလေးကို အထိမခံဖြစ်နေတာ Mae လည်း ချွေးမလိုချင်သေးတယ်"

Mae စကားကြောင့် Perth ရဲ့မျက်နှာကသိသိသာသာညိုးကျသွားသည့်အပြင် Saint  ကပါ မျက်နှာကြီး ရဲတတ်လာပြီး သူ့ရဲ့မျက်လုံးတွေက တစ်ခုခုကို ဒေါသဖြစ်နေသလိုပဲ

My Younger Man(Complete)Where stories live. Discover now