မပါမဖြစ် ဂျင်းဂျာကင် အပြာဖျော့ရောင်လေးကိုတော့ သော်လွှမ်း လမ်းလျှောက်နေရင်းမှာဘဲ ဝတ်ဆင်လိုက်သည်။ ကော်လံကို ပြင်ရင်း ခေါင်းတစ်ချက် ယမ်းလိုက်တော့ ဘယ်ဘက်နားတစ်ဖက်က အရိုးခေါင်းပုံ နားဆွဲရှည်ရှည်လေးက ဖျတ်ခနဲလက်ခနဲ ရမ်းခါလို့သွားသည်။ ညဘက်ဘားသွားမည့် သော်လွှမ်း ပုံစံက ခပ်လန်းလန်း ဖြစ်သွားလေပြီ။
စင်္ကြန်တလျှောက် သော်လွှမ်း လျှောက်လာရာလမ်းတွင် ကော်ဇောနီပေါ် ဖြာကျနေတဲ့ အဝါဖျော့ရောင် မီးရောင်တို့မှတခြား သက်ရှိလူအရိပ်အယောင်ကို တစွန်းတစမျှပင် မတွေ့ရ။ ညရှစ်နာရီဆိုလျှင် အိမ်အကူတွေ အကုန်လုံး သူတို့ရဲ့ အလုပ်တွေ လတ်စသတ်ပြီဆိုပေမယ့်လည်း ဒီနေ့မှာတော့ တချို့တယောက်တလေတောင် မတွေ့ရ။
မမြင်ရတော့လည်း ကောင်းတာဘဲ။ မျက်စိနောက်သက်သာတာပေါ့။
သော်လွှမ်း တွေးရင်း ကော်ရစ်တာ အပေါ်ထပ်မှ အမှတ်မထင် အိမ်ရှေ့တံခါးကြီးရှိရာဆီ လှမ်းကြည့်လိုက်မိသည်။ တံခါးမကြီးကို တွန်းဖွင့်ရင်း ခပ်ကုတ်ကုတ်နှင့် ဝင်လာတဲ့သူ နှစ်ယောက်သည် မာမီနှင့်မမလေးဆိုတာ အဝေးကမြင်ရုံမျှဖြင့် သော်လွှမ်းတန်းသိလိုက်သည်။
ဒီအချိန်ကြီး မာမီက ဘာလို့ အိမ်ပြင်ထွက်ရတာပါလိမ့်။ ပြီးတော့ မမလေးကရော ညကြီးမိုးချုပ် တစ်ခါမှ အိမ်မလာဖူးပါဘူး။ ပြီးတော့နှစ်ယောက်လုံးရဲ့ပုံစံက ခိုးကြောင်ခိုးဝှက်နဲ့။
မာမီက မမလေးရဲ့ ပုခုံးကို ဖိညှစ်ဆုပ်ကိုင်ထားလေရာ အိမ်ထဲဝင်လာတဲ့ မမလေးဟာ ခပ်ကုပ်ကုပ်လေး ဖြစ်နေလေသည်။ လှေကားဘက်ကိုသာ လှမ်းလာသည်မို့ နှစ်ယောက်လုံးရဲ့ ဦးတည်ရာသည် အိမ်အပေါ်ထပ်ဆီသို့သာ ဖြစ်လေသည်ကိုသော်လွှမ်းသိလိုက်သည်။
ကော်ရစ်တာထောင့်ချိုးမှ လှေကားပေါ်သို့သော်လွှမ်း ခြေချလိုက်တဲ့ အချိန်မှာတော့ လှေကားပေါ်မော့ကြည့်လာတဲ့ မာမီနှင့်မမလေးတို့နှင့် ထိပ်တိုက်တွေ့တော့သည်။
"မာမီ ဒီအချိန်ကြီး အိမ်ပြင် ဘာထွက်လုပ်တာလဲ။"
သော်လွှမ်း လှေကားတလျှောက် ဆင်းလာရင်း လှမ်းမေးလိုက်သည်။ သော်လွှမ်းကို မြင်လိုက်ချိန် မာမီသည် အနည်းငယ်မျှ လန့်သွားပုံပေါ်ပေမယ့် စိတ်လူပ်ရှားနေတဲ့ကြားထဲက တစ်စုံတရာကို ပြောဖို့ ကြိုးစားနေတဲ့ မာမီက ဒီအခြေအနေကို အသည်းအသန်ထိန်းဖို့ ကြိုးစားနေမှန်း သိရသည်။
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)
Part-8-Unicode
Start from the beginning