ရိပေါ် စားပွဲပေါ်က ကော်ဖီခါးခါးတစ်ခွက်ကို
ယူကာ တစ်ငုံသောက်ချလိုက်သည်..။ကော်ဖီနံ့
မွှေးမွှေးလေးက ခေါင်းကြည်စေသလို ရင်ထဲနွေး
သွားသည့်အရသာကလည်း မနက်ခင်းနဲ့တော့လိုက်
ဖက်ပါသည်..။

"ဘယ်ယူသွားမလို့လဲ.."

"ဟို...သခင်လေးကို သွားပို့ဖို့ပါ..."

"မလိုဘူး သူ့ကို အောက်မှာလာစားဖို့ သွားပြောလိုက်.."

*ဒီအကျင့်ကိုပြင်ပေးရမယ်..။ဒီလို
ရှောင်နေတာ အဓိပ္ပါယ်မရှိဘူး..*

"ဟုတ်ကဲ့ သူဌေး..."

ဝမ်ရိပေါ်ရဲ့ စကားကြောင့် အိပ်အကူ အမျိုးသမီး
ကတော့ အပေါ်ထပ်ရှောင်းကျန့်ရှိရာ အခန်းသို့...

သူ့နဲ့ မျက်နှာချင်းဆိုင်မှာပြန်ချထားခဲ့သည့် နွားနို့ခွက်
ပူပူလေးကိုကြည့်ရင်း ဝမ်ရိပေါ်ပြုံးမိသည်..။
ဘယ်လိုမျက်နှာလေးနဲ့ အရှေ့ကို ရောက်လာဦးမယ်
မသိ..။မနေ့ညက အကြောင်းကိုပြန်စဥ်းစားမိတော့
ဝမ်ရိပေါ်ရဲ့အပြုံးတွေက ခဏလေးနဲ့
ပြန်ပျောက်ကွယ်သွားတယ်..။

"သခင်လေး..မနက်စာလာစားဖို့ သူဌေးခေါ်ခိုင်း
လိုက်လို့ပါ.."

ပြန်ပြောသံမကြားတာကြောင့် အိမ်အကူအမျိုး
သမီးက တံခါးခေါက်သည်..။တံခါးကလည်းလော့
ချထားတာကြောင့် ဝင်လို့ကမရ ။အသံမကျယ်
ကျယ်အောင်ထုပြီး ခေါ်နေလည်း တုံ့ပြန်မှုမရှိတာ
ကြောင့် အခြေအနေပုံမှန်မဟုတ်တာ သိလိုက်
သည့် အမျိုးသမီးမျက်နှာက စိုးရိမ်စိတ်တွေအပြည့်။

အပေါ်ထပ်ကနေ အားကုန်ပြေးဆင်းလာသည့်
အိမ်အကူအမျိုးသမီးကြောင့် ရိပေါ် မျက်မှောင်
ကျုံ့သွားတယ်..။

"ဘာဖြစ်လာတာလဲ..."

"သူဌေး..အခန်းထဲမှာ သခင်လေးမရှိဘူးထင်တယ်.."

"ဘာ..!!"

ရိပေါ် အပေါ်ထပ်သို့ပြေးတက်ခဲ့ရပြန်ပြီ..။ဒီတစ်ခါ
တော့သူဘာဇောကပ်ပြီးပြေးလာမိတယ်ဆိုတာ
သူအဖြေသိပြီထင်တယ်..။သူဘဝထဲကနေရှောင်း
ကျန့်ထွက်သွားခဲ့ရင် သူပိုင်ဆိုင်တာဘာမှမရှိတော့ဘူး
လို့ခံစားမိလို့..။ရှောင်းကျန့်မရှိဘဲ သူနေနိုင်မှာ
မဟုတ်တဲ့အကြောင်းသူသတိထားမိပြီမို့...။

I HATE LOVE Where stories live. Discover now