"သား....ကိုကို.."

ရိပေါ်လည်း အနောက်မှသူ့ကျန့်လေးကိုငေးကာ တွတ်တွတ်စကားဆိုနေသော ကောင်မလေးများ၏ မျက်နှာပေးကြောင့်ရယ်ချင်သွားရသည်..
စိတ်ထဲတွင်တော့..
: ဟင် မှတ်ပလား...:

ကားဆီအပြေးလေးလှမ်းလာပြီး Lover Seat တွင်ထိုင်နေသောသားကို သူ့ပေါင်ပေါ်တင်လိုက်ပြီး ဝင်ထိုင်လာသဖြင့် သူ့ကားလေးကိုမောင်းထွက်လာခဲ့သည်...

"ကျန့်လေး အဆင်ပြေလား...ကျောင်းတတ်ရတာ "

"ပြေပါတယ်ကိုကိုရ... ကိုကိုဘယ်သွားမလို့လဲ အိမ်မပြန်ဘူးလား..."

"အင်း ဘာရယ်ဟုတ်ပါဘူး...သားနဲ့ကျန့်ကျန့်နဲ့ အပြင်ထွက်လည်ချင်လို့..."

"ယေးးးသားရေ သားပါပါးက ဒယ်ဒီတို့ကို မုန့်လိုက်ဝယ်ကျွေးမယ်တဲ့...ယေ့ယေ့"

🛡 A. R. M Shopping Mall🛡

ကလေးကစားကွင်းအငယ်လေးပါရှိသော shopping mallတစ်ခုအားရွေးလိုက်ပြီး...ကားပါကင်ထိုးလိုက်ကာ...သားအဖသုံးယောက် ဝင်လာခဲ့လိုက်သည်...
Mall အတွင်းလှည့်ကာ သားကိုလည်း ကစားကွင်းပို့ပြီးချိန် Mallအပြင်ဘက်ရှိ ပန်းချီပြပွဲဘက်သို့ခြေဦးလှည့်လိုက်ကျသည်...

"Hay Mr Wang ဟော...အမျိုးသားရော ကလေးရောပါလာတာလား...."

"ဟားးဟုတ်တယ်...Mr Ning စျေးဝယ်ပဲလားဗျ.."

ရိပေါ် လုပ်ငန်းထဲမှ အသိနှင့်တွေ့၍ နှုတ်ဆက်နေစဥ်...ရှောင်းကျန့်မှာ သားကိုလက်ဆွဲ၍ ပြပွဲထဲဝင်သွားနေပြီဖြစ်သည်...

"ဟုတ်ပါ့ ဟိုမှာလေ...Art Show လည်းလာကြည့်ရင်းပေါ့..ဒါနဲ့ အခု Mini Market အတွက်လုပ်ငန်းစနေတယ်ဆိုဗျာ..Mr Wang စိတ်ကူးတအားကောင်းတယ်..."

"ဒီလိုပါပဲဗျာ...နှစ်ဆယ့်လေးနာရီဖွင့်တဲ့ဆိုင်မျိုးမရှိတော့ စိတ်ကူးရသွားလို့ပါ လုပ်ငန်းက သေးသေးလေးပါ..ဟားဟား"

"အေးဗျ...တစ်ဖြည်းဖြည်းနဲ့ အဲ့လိုဆိုင်လေးတွေပေါ်လာမှဖြစ်မှာဗျ..များသောအားဖြင့် Part time လုပ်တဲ့သူတွေအတွက်အဆင်ပြေတယ်လေ...စိတ်ကူးကောင်းပဲဗျာ..."

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now