"ဒါဆို🧐 မင်းသမီးရူပဒေဝီက သုဝဏ္ဏဒေဝီကို အဲ့ခေတ်မှာ ချစ်ခင်ခဲ့တာလား..."
"ဘယ်လိုပြောရပါ့မလဲ☺️ချစ်ခင်စုံမက်ရုံတင်မက သစ္စာစကားဆို၍ နတ်ဒေဝါတို့ရဲ့ မစမှုကြောင့် သမီးတော်တစ်ယောက်ထွန်းကားခဲ့တယ်... အဲ့ကလေးက မင်းသမီးသုန္ဒရီပေါ့... ဒါပေမဲ့ စိတ်မကာင်းစရာက မင်းသမီးရူပဒေဝီလုပ်ကြံခံရတဲ့နေ့မှာဘဲ သုဝဏ္ဏဒေဝီနဲ့အတူ အဆုံးစီရင်ခဲ့ပါတယ်😔..."
"ဒါဆို အဲ့ကလေးကရော ဝဋ်မကျွတ်သေးဘူးပေါ့😢..."
"လူဝင်စားနေပါပြီ... အဲ့တာကိုတော့ မင်းသမီးသုဝဏ္ဏက ပြောပါလိမ့်မယ်..."
ထူးဆန်းတာတွေတော့ ဖြစ်ကုန်ပါပြီ😣... အရင်ခေတ်ကတည်းက နန်းတွင်းသူနဲ့ မင်းသမီးတွေ ချစ်ခင်နှစ်သက်တာ စွဲလန်းတာတွေ ကြားခဲ့ဖူးပေမဲ့ ကလေးရတဲ့အထိ သစ္စာဆိုခဲ့ကြတယ်ဆိုတော့ ဘယ်လောက်ထိ မေတ္တာသက်ဝင်နေလို့လဲ😏... ခုဘဝကရော ငါကဘာလို့ သူ့ကိုကြောက်နေရတာလဲ...
နူးညံ့တဲ့ လက်တစ်စုံက ငါရဲ့ပါးကိုထိတွေ့နေတယ်☺️... ဒီအထိတွေ့ကို မငြင်းဆန်နိုင် အကယ်၍ သူကို့သာ ငါချစ်ခဲ့တယ်ဆိုရင်...
"နင် နင် ဘာလုပ်နေတာလဲ😒..."
"လန့်မသွားပါနဲ့... သုဝဏ္ဏပါ ရူပလေးကို နေ့တိုင်းလွမ်းနေရတာ အဆင်မပြေဘူးလေ🙂... ဒါကြောင့် ဒီနေ့တော့ ရူပအနားနေဖို့ခွင့်ပြုပါ..."
"နေပါဦး... ကျွန်မတို့မှာ ကလေးရှိတယ်ဆို အဲ့ကလေးက ခုဘယ်မှာလဲ🤨..."
"မလောပါနဲ့ကွယ်☺️... ရူပလေးကို နမ်းရှိုက်ခွင့်ပြုပါဦး..."(ရိုးရိုးသားသားနော် ဟဲ့အမှောင်လောကသားတွေ🙂...)
နဖူးပေါ် နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံထိတွေ့ပေမဲ့ ရင်မခုန်တာ ကျိန်စာကြောင့်များလား🤨...ဒီအိမ်မက်ကမ္ဘာမှာတော့ သုဝဏ္ဏဒေဝီရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပေမဲ့ သူ့အထိတွေ့တွေကို ရင်းနှီးနေသလို ကိုယ့်ဘက်ကလည်း ပြန်ငြင်းဆန်ခြင်းမရှိတာ ထူးဆန်းတယ်😞...
...........
ဒီနေ့မြတ်သူကို ကောင်လေးတစ်ယော
က်နဲ့တွေ့လိုက်ပြန်ပြီ😡... ငါလွှတ်ထားလိုက်ရတော့မှာလား...တစ်နေ့တခြား ရှိုင်းဆိုတဲ့ကောင်က မြတ်သူအနားရစ်သီရစ်သီနဲ့😤... သူကရော ဘာလို့ အခွင့်ရေးတွေပေးနေရတာလဲ😏...
YOU ARE READING
Meow
Fantasy(Z+U) စိတ်ကူးပုံစံအသစ်နဲ့ ့အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဦး...ကြောင်မလေးကို ကျိန်စာကနေကယ်တင်နိုင်မလား...ဘာတွေဆက်ဖြစ်မလဲ... #DVassan (Z+U) စိတ်ကူးပုံစံအသစ်နဲ့ အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဉီး...ကြောင်မလေးကို...
Meow-9
Start from the beginning