"အကောင်ပေါက်လေး ရော့ ။ဒါက သားအတွက် ဒယ်ဒီနဲ့ပါပါးရဲ့ လက်ဆောင်။သား ကြိုက်လား"

"သားကြိုက်တယ်။ကျေးဇူးပါ ဒယ်ဒယ် ပါပါး"

"ရော့ ဒါက တီတီနဲ့ ဦးလေးအောင်ခေတ်က သားသားလေးအတွက် မွေးနေ့လက်ဆောငါပါရှင့်"

"တီတီနဲ့ဦးလေးအောင် ကျေးဇူးပါဗျ"

"အဖွားမြေးလေး လာပါအုံး ။ဒါလေးက ဖိုးဖိုးနဲ့ဖွားဖွားတို့က ပေးတာပါ။ဘယ်လိုလည်း သားသား ကြိုက်လား"

"အရမ်းကြိုက်ပါတယ် ဗျ"

အကောင်ပေါက်လေးကတော့ လက်ဆောင်တွေ ပိုက်ပီး ပျော်လို့။ဘေးက ငပိုကောင်ကလည်း သားကြည့်ပီး ပြုံးနေပုံက ထထုချင်စရာ။

"ဦး သားအတွက် ဘာလက်ဆောင်မှ မပါဘူးလား"

"ပါတာပေါ့ အကောင်ပေါက်လေးရဲ့။လာပါအုံး ဦးဆီ"

လက်ကလေး လှမ်းလိုက်တော့ ပြေးလာတဲ့ အကောင်ပေါက်လေး။ဒီလောကမှာ ကျတော့် အတွက် တစ်ဦးတည်း‌သော ခင်တွယ်စရာ လူသားလေး။

"ဦးကလေ အကောင်ပေါက်လေး‌အတွက် ဒါလေးလက်ဆောင် ပေးပါတယ်"

"ဦးကလည်း စာရွက်ကြီး"

"အင်းဟုတ်တယ် ဒီစာရွက်ကြီးက အခုအကောင်ပေါက်လေး မယူထားနဲ့အုံး သား ဒယ်ဒီကို သိမ်းခိုင်းထားလိုက်မယ်နော်"

"ရော့ မင်းသိမ်းထား နေယံ"

"ဇွဲထက် ဒါက "

"ဟုတ်တယ် ငါ့ပိုင်ဆိုင်မှုတွေထဲက တစ်ဝက်တိတိပဲ။အကောင်ပေါက်လေး အတွက်လက်ဆောင်"

"ဇွဲထက် ဒါကို ငါလက်မခံပါရစေနဲ့"

"မင်းကို လက်ခံခိုင်းတာ မဟုတ်ဘူး သိမ်းခိုင်းထားတာ ။လက်ခံရမှာက အကောင်ပေါက်လေး ။အကောင်ပေါက်လေး (၁၆)နှစ်ပြည့်မွေးနေ့ကျရင် လွှဲယူခိုင်းတာ"

"ဒါပေမဲ့"

"ဘာမှ မပြောနဲ့ ငါ့ဘဝမှာ ပေးစရာဆိုလို့ အကောင်ပေါက်လေးပဲရှိတာ ငါရှာသမျှက အကောင်ပေါက်လေးအတွက်ပဲ"

"အာ့ဆို ဘာလို့ အကုန်မပေးတာလည်း။ဘာလို့ တစ်ဝက်ထဲလည်း"

"ငါက အကုန်ပေးချင်တာ ။အခုချိန်အကုန်ပေးလိုက်ရင် လမ်းဘေးမှာ တောင်းစားရမှာပေါ့။မင်းဆိုတဲ့ကောင်က ငါ့ကို တင်ကျွေးထားမဲ့ကောင်မဟုတ်ဘူး"

You've reached the end of published parts.

⏰ Last updated: Dec 09, 2020 ⏰

Add this story to your Library to get notified about new parts!

My boy is Housemaid (Complete)Where stories live. Discover now