သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန...

By SoeHmue

114K 14.1K 54

အတွဲ (၄) More

601
602
603
604
605
606
607
608
609
610
611
612
613
614
615
616
617
618
619
620
621
622
623
624
625
626
627
628
629
630
631
632
633
634
635
636
637
638
639
640
641
642
643
644
645
646
647
648
649
650
651
652
653
654
655
656
657
658
659
660
661
662
663
664
665
666
667
668
669
670
672
673
674
675
676
677
678
679
680
681
682
683
684
685
686
687
688
689
690
691
692
693
694
695
696
697
698
699
700
701
702
703
704
705
706
707
708
709
710
711
712
713
714
715
716
717
718
719
720
721
722
723
724
725
726
727
728
729
730
731
732
733
734
735
736
737
738
739
740
741
742
743
744
745
746
747
748
749
750
751
752
753
754
755
756
757
758
759
760
761
762
763
764
765
766
767
768
769
770
771
772
773
774
775
776
777
778
779
780
781
783
782
784
785
786
787
788
789
790
791
792
793
794
795
796
797
798
799
800

671

565 69 0
By SoeHmue

Chapter 671: ခေါင်းဖြတ်သည်

ခြေမှုန်းခြင်း မိစ္ဆာလိုဏ်ဂူ သုံးဆယ့်ခြောက်ခုမှ တစ္ဆေဝိညာဉ်များအားလုံး ပျောက်ကွယ်ကုန်ကြသည်။

ရှီယန်က နောက်ဆုံးတွင် သွေးနွယ်ရှင်လက်စွပ်နှင့် အဆက်အသွယ် ပြန်ရသည်။ လက်စွပ်ထဲတွင်တော့ မှိန်ဖျော့ဖျော့ မီးခိုးရောင်အရိပ် သုံးဆယ့်ခြောက်ခု ရှိနေလေ၏။

ဒါတွေက တစ္ဆေဝိညာဉ်တွေ ဖြစ်မှန်း သိသာပါသည်။ သွေးနွယ်ရှင်လက်စွပ်က သူတို့အားလုံးကို ဝါးမျိုခဲ့သည်။

ရှုပ်ထွေးသော စွမ်းအင်အတက်အကျများနှင့် သွေးနွယ်ရှင်လက်စွပ်သည် သွေးနီရောင်အလင်းတန်းများ ဖြာထွက်နေသည်။ ထူးဆန်းသော မျက်လုံးတစ်ခုသဖွယ် လူအများအား မလုံခြုံသော ခံစားချက်ကို ပေးစွမ်းသည်။

နီရူက တစ္ဆေဝိညာဉ်ဓားရှည်ကို လက်တွင် ဆွဲကိုင်ထားပြီး ဖြူဖျော့သော မျက်နှာဖြင့် မတ်တပ်ရပ်နေသည်။ သူ့မျက်လုံးတွင် နတ်ဘုရားအလင်းရောင်များ တောက်ပခြင်း မရှိတော့ပါ။ တစ္ဆေဝိညာဉ်ဓားသည် တစ္ဆေဝိညာဉ်များအားလုံးကို ဆုံးရှုံးခဲ့ရသည်။

နတ်ဘုရားလက်နက်သည် နောက်ထပ် နတ်ဘုရားလက်နက် မဖြစ်နိုင်တော့ပါ။

ဓားကြီး၏ စွမ်းရည်က ခုနှစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ပျောက်ဆုံးသွားခဲ့ရလေပြီ။ ယခုတော့ ရှည်လျားထက်မြက်သော ဓားတစ်စင်းအပြင် မည်သည့်အော်ရာ မည်သည့်မှော်စွမ်းအင်မျှ မရှိတော့ပါ။

နီရူက သွေးအန်လုမတတ် ကြေကွဲနေသည်။ သူ၏လည်ပင်းက ပိန်လိုက် ဖောင်းလိုက် ဖြစ်နေသည်။ အလွန်အမင်း မောပန်းနေသော လက္ခဏာ ဖြစ်၏။ သူ့ထံတွင် နောက်ထပ် လှုပ်ရှားရန် စွမ်းရည် မကျန်တော့ပါ။

အင်ပါယာယန်ခမ်းဒီနှင့် တိရှန်းတို့ အံ့အားသင့် ငေးငိုင်နေကြသည်။ သူတို့က သွေးနွယ်ရှင်လက်စွပ်နှင့် ခပ်လှမ်းလှမ်းတွင်သာ ရှိနေကြသည်။ သူတို့က သွေးနွယ်ရှင်လက်စွပ်ကို ကြောက်လန့်နေဟန် တူသည်။

ဒါက အမှန်တကယ်ပင် ကြောက်စရာ ကောင်းပါသည်။

တစ္ဆေဝိညာဉ်ဓားသည် နတ်ဘုရားအဆင့် လက်နက်တစ်ခု ဖြစ်သည်။ သို့သော်လည်း ၄င်းကို ဖျက်စီးရန်အတွက် သွေးနွယ်ရှင်လက်စွပ်က စက္ကန့်ပိုင်းသာ အချိန်ယူခဲ့သည်။ ဘာဖြစ်ခဲ့တာလဲ ဆိုတာ အားလုံး မြင်တွေ့ခဲ့ကြသည်။ သို့သော် သူတို့က မယုံကြည်နိုင်သေးပဲ ဖြစ်နေကြသည်။

ဒါတွေကို သွေးနွယ်ရှင် လက်စွပ်က လုပ်ဆောင်သွားမှန်း သိသော်လည်း မည်သို့ လုပ်ဆောင်သွားသည်ကိုတော့ မြင်တွေ့ခွင့် မရကြပါ။

ရှီယန်က လက်ကို မြောက်ကာ ဝှေ့ယမ်းလိုက်သည်။ အသိုက်ကို ပြန်သော ငှက်ငယ်သဖွယ် သွေးနွယ်ရှင်လက်စွပ်က သူ့လက်ဖဝါးအတွင်းသို့ ပျံသန်း ကျဆင်းလာသည်။ ရှီယန်က သွေးနွယ်ရှင်လက်စွပ်ကို သူ့လက်ချောင်းတွင် ဝတ်ဆင်လိုက်သည်။

အရသာရှိသော စားစရာအနံ့ကို ရလိုက်သည့်ပမာ သူ၏ အသိစိတ်ပင်လယ်ထဲမှ နတ်ဆိုးငါးဖော်က နိုးထလာကြသည်။ သူတို့က ရှီယန့်လက်မောင်းအတွင်းသို့ဆင်းလာကြပြီး သွေးနွယ်ရှင်လက်စွပ်အတွင်းသို့ တိုးဝင်သွားကြသည်။

သူတို့က တစ္ဆေဝိညာဉ်သုံးဆယ့်ခြောက်ကောင်ကို ဝါးမျိုလိုကြသည်။ မကြာသေးမီကပင် နတ်ဆိုးငါးဖော်သည် တစ္ဆေဝိညာဉ် သုံးဆယ့်ခြောက်ကောင်နှင့် တုဖက်ယှဉ်ပြိုင်နိုင်ခြင်း မရှိကြပါ။ တိုက်ပွဲစသည်နှင့်ပင် နတ်ဆိုးငါးဖော်က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြသည်။

သို့သော်လည်း သွေးနွယ်ရှင်လက်စွပ်အတွင်းသို့ ဆွဲသွင်းခံရသော တစ္ဆေဝိညာဉ် သုံးဆယ့်ခြောက်ကောင်ကတော့ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။ အမှန်တကယ်ပင် သူတို့က လှုပ်ပင် မလှုပ်နိုင်ကြတော့ပါ။ နတ်ဆိုးငါးဖော် ဝါးမျိုသည့် ရန်မှ လွှတ်ကင်းရန် ရုန်းကန်ဟန်ပြကြသည်။

သူ၏ ပျက်သုဉ်းခြင်း စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော နတ်ဆိုးငါးဖော် ဖြစ်သောကြောင့် ရှီယန်က ရှင်းလင်းစွာ ခံစားနိုင်သည်။ ၄င်းတို့သည် မကြာမီပင် တစ္ဆေဝိညာဉ် သုံးဆယ့်ခြောက်ကောင် စလုံးကို စားသောက်ပစ်လိုက်ကြသည်။ ဒဏ်ရာရထားခဲ့ကြသော နတ်ဆိုးငါးဖော်သည် သူတို့ကိုယ်သူတို့ ပြန်လည်တည်ဆောက်နိုင်ရုံသာမက သူတို့၏ နတ်ဆိုးစွမ်းအင်များက အပြင်းအထန် မြင့်တက်လာခဲ့သည်။

နီရူ၏မျက်နှာက ပြာနှမ်းလာပြီး သူက အသိစိတ်ပျောက်ကွယ်သွားသည့်နှယ် ထိုနေရာတွင်ပင် ငူငူကြီး ရပ်လျက် ရှိသည်။ ကြောက်ရွံ့ခြင်းနှင့် စိတ်ဓာတ်ကျခြင်းများ သူ့နှလုံးသားထဲတွင် ပြည့်လျှံလို့နေသည်။

“သူ့ကို သတ်လိုက်”
ရှီယန်က ခံစားချက်ကင်းမဲ့စွာဖြင့် နီရူကို ညွှန်ပြလိုက်သည်။ အင်ပါယာယန်ခမ်းဒီတို့ အုပ်စုသည် စူးရှသော လေချွန်သံ တစ်ချက် ပြုလုပ်လိုက်ပြီးနောက် နီရူ့ကို ဝန်းရံလိုက်ကြသည်။

ပြင်းထန်နေသည့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများနှင့်အတူ သွေးဆာနေသော တိရိစ္ဆာန်များသဖွယ် ရက်စက်လှသော တိုက်ခိုက်မှုများက နီရူ့ထံသို့ ထောင့်ပေါင်းစုံမှ တိုးဝင်သွားသည်။

နီရူ၏ ခန္ဓာကိုယ်ကြီးသည် မောင်းထောင်းဆုံကြီးအတွင်း ထောင်းခံရသည့်ပမာ ပုံပျက်ပန်းပျက် တွန့်လိမ်ခေါက်ကွေး သွားလေတော့သည်။

တစ္ဆေဝိညာဉ်များ မရှိကြသည့်အခါ နီရူ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့် စွမ်းအင်မှ မကျန်ရစ်တော့ပါ။ တစ္ဆေဝိညာဉ်ဓားကြီးကတည်း သာမန်ဓားရှည် တစ်စင်းသာ ဖြစ်သွားလေသည်။ နီရူသည် နောက်ဆုံး ရုပ်ပျက်ဆင်းပျက်ဖြင့် သွေးအိုင်ထဲတွင် လဲကျ သေဆုံးသွားရလေတော့သည်။

ရှီယန်က ဝိညာဉ်ခေါ်ပုလဲကို တိတ်တဆိတ် စေလွှတ်လိုက်သည်။ အားကောင်းသော ဝိညာဉ်စုပ်စွမ်းအင်များ ထွက်ပေါ်လာ၏။

အရက်မူးနေသော လူတစ်ယောက်ပမာ ယိမ်းယိုင်ကာ ထွက်ပေါ်လာသော နီရူ၏ ဝိညာဉ် အစစ်အမှန်နတ်ဘုရား ဒုတိယအဆင့် ဝိညာဉ်ဖြစ်သော်လည်း ဝိညာဉ်ခေါ်ပုလဲ၏ စွမ်းအင်မှ မလွတ်မြောက်နိုင်ခဲ့ပါ။

''ရွှစ်''

နီရူ၏ ဝိညာဉ်သည် အနက်ရောင်ပုလဲလုံးထဲသို့ ဝင်ရောက်သွားသည်။ ပုလဲလုံးက အနက်ရောင်အလင်းများ လင်းဖြာလို့ လာသည်။ ဒါက ဝိညာဉ်ခေါ်ပုလဲထဲတွင် ဝိညာဉ်စွမ်းအင်များ ပြည့်လျှံနေသော လက္ခဏာပင် ဖြစ်သည်။

ရှီယန် အလွန်ပျော်ရွှင်သွားသည်။ ယခုနီရူ၏ ဝိညာဉ်ဖြင့် ဖန်ဆင်းရှင်၏ သန့်စင်ခြင်း ရေကန်ကို လူငါးဦးစာအတွက် အသုံးချ၍ ရပြီဖြစ်သည်။
နီရူတစ်ဦးတည်း၏ ဝိညာဉ်ပင်လျှင် ဖန်ဆင်းရှင်၏ မြင့်မြတ်ခြင်းရေကန်ကို အချိန်အတော်ကြာ ထောက်ပံ့နိုင်လေသည်။

တစ်ချိန်တည်းမှာပင် ပမာဏများပြားလှသော ကီစွမ်းအင်အဆီအနှစ်များ ရှီယန့်ခန္ဓာကိုယ်အတွင်းသို့ လှိမ့်ဝင်လာသည်။ လောလောလတ်လတ် သေဆုံးသွားသော နီရူ၏ အလောင်းကောင်ထဲမှ ဖြစ်၏။
သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ခုနှစ်ရာ့နှစ်ဆယ်သော သွေးကြောကွက်များ ဖူးရောင်လို့လာသည်။ ပျက်သုဉ်းခြင်း စွမ်းအင်များက သူ့ပတ်ဝန်းကျင်တွင် ပျက်ပြယ်သွားခြင်း မရှိတော့ပဲ ဝဲလည်လျက် ရှိကြသည်။ သူ့ကို ရစ်ဆိုင်းနေသော အဖြူရောင် မြူခိုးငွေ့များက ဆယ်မီတာ ပတ်လည်အထိ ထူထပ်လာခြင်း ဖြစ်သည်။ အဖြူရောင် မြူများ ဆိုင်းနေသောကြောင့် အခြားသူများက သူ့ကို ရှင်းရှင်းလင်းလင်း မြင်ရန်ပင် ခက်ခဲနေသည်။

လင်းမန် စိတ်ဓာတ်ကျသွားသည်။ သူမ၏သေးကွေးသော ခန္ဓာကိုယ်လေးသည် ယခုနေရာအနှံ့အပြား ဒဏ်ရာဒဏ်ချက်များ ရှိနေပြီး သွေးများ စိုရွဲလျက် ရှိနေသည်။ သလင်းကျောက် သားရဲကြီးများ၏ လက်ချက်ပင်။ မြို့တော်၏ အခြေခံ အုတ်မြစ်အဖြစ် တည်ဆောက်ထားခဲ့သော ကီသလင်းတုံးများဖြင့် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သောကြောင့် ထိုပထမတန်းစား ကီသလင်းကျောက် သားရဲကြီးများသည် မြို့တော်ကြီးတစ်ခွင်လုံးရှိ မှော်အစီအရင်များ ဝင်္ကပါများဖြင့် ချိတ်ဆက်နိုင်စွမ်း ရှိနေကြသည်။ ထို့ကြောင့် ၄င်းတို့၏ တိုက်ခိုက်နိုင်စွမ်းရည်က အဆမတန် မြင့်မားလာကြသည်။

ပုံမှန်အားဖြင့် ထိုကီသလင်းကျောက် သားရဲများသည် လင်းမန်၏ ပြိုင်ဖက် မဟုတ်ကြပါ။ သို့သော် ယခုအချိန်တွင် သူမ ဒဏ်ရာဆိုးဝါးနေပြီး စက်ြဝဠာပြန်လည်ဝင်စားခြင်း ဆေးပေါင်းအိုးကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါ။

လင်းမန်က နာကျင်မှုနှင့်အတူ စိတ်ဓာတ်လည်း ကျနေသည်။ သူမက တိုက်ခိုက်မှုများကို ရှောင်တိမ်းရုံ ခုခံရုံသာ ပြုလုပ်နေပြီး တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ရန်အတွက် စွမ်းအင် မရှိတော့သည့်အလားပင်။

ထိုအချိန်မှာပင် နီရူ၏ ကျဆုံးခန်းကို သူမ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သူမက သူ့ကို ကယ်တင်ချင်သော်လည်း ဘာမှ မတတ်နိုင်ခဲ့ပါ။

နီရူ၏ ခန္ဓာကိုယ်ကြီး အသားပုံကြီးတစ်ခုလို ပျက်စီးသွားချိန်တွင် လင်းမန်၏ နှလုံးသားထဲတွင် နောင်တတရားများ ကြီးစိုးလို့ လာသည်။

သူတို့က ဒီကောင်လေးနှင့် အဘယ်ကြောင့် လာရှုပ်မိသနည်း။ သူမ၏ ဆုံးဖြတ်ချက်ကို နောင်တရမိခဲ့သော ပထမဆုံး အကြိမ်ပင် ဖြစ်လေသည်။

“ဘယ်တော့မှ အသက်မကြီးတဲ့ အဖြူရောင်နယ်မြေရဲ့ ခေါင်းဆောင်ကြီးကို နှုတ်ဆက်လိုက်ကြရအောင်”
ရှီယန်က တည်ငြိမ်စွာဖြင့် ပြောသည်။ သို့သော်လည်း သူ့လေသံကတော့ အလွန်တရာ အေးစက်လို့ နေ၏။

လင်းမန်၏ နှလုံးသားများ အေးခဲသွားသလို ခံစားလိုက်ရသည်။ သူမ၏ မျက်နှာက ပြာနှမ်းလို့ သွားလေသည်။ သလင်းကျောက်ဖြင့် ဖန်တီးထားသော သားရဲများ ဖြစ်သော်လည်း သူမအတွက် အလွန်ပင် ရုန်းကန်နေရခြင်း ဖြစ်သည်။

အင်ပါယာယန်ခမ်းဒီနှင့် တိရှန်းတို့ ဝင်ရောက်လာပါလျှင် သူမ မည်မျှကြာကြာ တောင့်ခံနိုင်ပါမည်နည်း။

ဟုတ်ပါသည်။ အင်ပါယာယန်ခမ်းဒီတို့ အုပ်စုက လင်းမန်ကို မေ့လျော့မနေကြပါ။ ရှီယန့်စကားကြားသည်နှင့် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ မှော်ရတနာမျိုးစုံမှ စွမ်းအင်များက လင်းမန်ထံသို့ မိုးရွာကျသလို ကျဆင်းသွားကြသည်။ လင်းမန်၏ ခန္ဓာကိုယ်လေးသည် လေပြင်းမုန်တိုင်းထဲမှ မိုးမခကိုင်းငယ်တဖွယ် တဆတ်ဆတ် ခါယမ်းလို့ နေသည်။ အချိန်မရွေး ကျိုးပျက်တော့မည့် အလာပင်။

“ကြယ်တာရာ ဖျက်ဆီးခြင်း ဥက္ကာပျံ။”
ရှီယန်က ကြယ်တာရာဖျက်ဆီးခြင်း စွမ်းအင်များကို စုစည်းလိုက်သည်။ မရေမတွက်နိုင်သော ကြယ်တာရာအလင်းများ ကျဆင်းလာပြီးနောက် ဥက္ကာပျံတစ်စင်းနှယ် အမြီးတန်း အရှည်ကြီးဖြင့် ပျံသန်းသွားသည်။ ကြယ်တာရာများ၏ သဘာဝ အဆုံးအစမဲ့သော အသိစိတ်နယ်ပယ်နှင့်အတူ လေထုထဲတွင် မြူခိုးအဖြစ် လင်းမန်ထံ ပစ်လွင့်သွားလေသည်။

နောက်တစ်ဖန်

ဝှစ်.. ဝှစ်.. ဝှစ်..
လက်နက်လေတိုးသံများ ကြားလိုက်ရသည်။ သို့သော်လည်း မည်သူကမှ လက်နက်ကို မမြင်ကြရပေ။ အေးစက်မည်းမှောင်သော အရှိန်အဝါ သုံးခု ထွက်ပေါ်လာသည်။ သို့သော်လည်း အကောင်အထည် မမြင်ရ။ ၄င်းတို့က ဝိညာဉ်အသိဖြင့် အာရုံခံခြင်းကို ရှောင်ရှားနိုင်သည်။

လင်းမန်အလွန်အမင်း စိုးရိမ်ပူပန်လာသည်။ သူမက သွေးတစ်လုတ် အန်ထုတ်လိုက်ပြီးနောက် အစစ်အမှန်နတ်ဘုရားအဆင့် တတိယအဆင့်၏ စွမ်းအင်ရှိသမျှကို ညစ်ထုတ်လိုက်သည်။

သူမ၏နောက်တွင် ကျောက်စိမ်းသဖွယ် ချောမွတ်တောက်ပနေသော ကျောက်တုံးခန်းဆောင်တစ်ခု ထွက်ပေါ်လာသည်။ ဒါက သူမ၏သန့်စင်သော အရှိန်အဝါဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး အနည်းငယ် မွှေးပျံ့သည်။ ပတ်ဝန်းကျင်လေထုကို လန်းဆန်းစေသည်။ လှပသက်ငြိမ်သော အသိစိတ်နယ်ပယ်ကို ပေးစွမ်းသည်။

အင်ပါယာယန်ခမ်းဒီတို့၏ တိုက်ခိုက်မှုများသည် ထိုကျောက်တုံးခန်းဆောင်ကို ထ်ိတွေ့သောအခါ စွမ်းအင်များ စုစည်းမရအောင် ပျံ့ကျဲကုန်ကြသည်။ ကျောက်တုံးခန်းဆောင်၏ စွမ်းအင်များက အဖိုးတန် ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသည်။ အလွန်လင်းလက် တောက်ပသော အလင်းစက်ဝန်းများ ဖြာထွက်လျက် ရှိသည်။

“ဝုန်း..”
ဥက္ကာပျံက ကျောက်တုံးခန်းဆောင်ကို ဝင်တိုက်သည်။ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ထိုထိချက်ကြောင့် ခေါင်မိုးပေါ်ရှိ ကျောက်မျက်ရတနာ အမြောက်အများ ပြုတ်ကျကုန်သည်။
ထိုအချိန်တွင် နဂါး၏ အစွယ်ကဲ့သို့ ချွန်ထက်လှသော အရိုးလှံတံ သုံးစင်းက ကျောက်တုံးခန်းဆောင်ငယ်ထဲသို့ ထိုးစိုက်သွားသည်။

''ဇွပ်..''

ကျောက်တုံးခန်းဆောင်ငယ်ထက်တွင် အပေါက်ငယ် သုံးပေါက် ထွက်ပေါ်လာသည်။ ခန်းဆောင်ငယ်ထဲတွင် ရှိနေသော လင်းမန်၏ ခန္ဓာကိုယ် ဆတ်ခနဲ တုန်ခါသွားသည်။ သူမ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီးနောက် သူမ၏ရင်ဘတ်တစ်ခုလုံး စိုရွဲသွားသည်။

ထိုတိုက်ခိုက်မှုအပြီးတွင် လင်းမန်က သူမ၏လက်ကျန်စွမ်းအင် အားလုံးကို သုံးစွဲပြီးသွားပြီ ဖြစ်သည်။ အရိုးလှံပျံသုံးစင်း ကျောက်တုံးအိမ်ငယ်ကို ထွင်းဖောက်သွားခြင်းသည် သူမ၏ ဝိညာဉ်ကို ထွင်းဖောက်သွားခြင်းလည်း ဖြစ်သည်။ လင်းမန်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။
သူမ၏ ဝိညာဉ်ကွယ်ပျောက်မသွာစေရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။

သူမ၏အနီးတွင် ရှိနေဆဲ ဖြစ်သော စက်ြဝဠာပြန်လည်ဝင်စားခြင်း ဆေးပေါင်းအိုးကို ကြေကွဲစွာဖြင့် လှမ်းကြည့်သည်။ သူမက မြင်နေ တွေ့နေရသော်လည်း ချိတ်ဆက်မှု ပြတ်တောက်နေလေပြီ။
ရှီယန်၏ တိုက်ခိုက်မှုများက အလွန်တိကျလှသည်။ သူမက စက်ြဝဠာ ပြန်လည်ဝင်စားခြင်း ဆေးပေါင်းအိုးနှင့် ပြန်လည်ချိတ်ဆက်ရန် ကြိုးစားတိုင်း ကြောက်မက်ဖွယ်ရာ စွမ်းအင်များက သူမ၏ ကြိုးစားမှုကို ဖျက်ဆီးပစ်လိုက်စမြဲ ဖြစ်သည်။ အကြိမ်ဖန်များစွာ တိုက်ခိုက်ခံရပြီးနောက် လင်းမန်၏ မာကျောလှသော စိတ်ဓာတ်သည်လည်း ပြိုလဲသွားလေပြီ။

သူမက အသက်ရှင်သန်ရန် မျှော်လင့်ချက်ကိုပင် မထားရှိနိုင်တော့ချေ။ တဖြည်းဖြည်းနှင့် သူမက ပျက်စီးဆုံးရှုံးမည့် အတွေးကိုသာ တွေးမိနေတော့သည်။ အဆင့်မြင့်သိုင်းသမားများက တိုက်ပွဲတွင် သူတို့၏ စွမ်းအင်အဆင့်များထက် သူတို့၏ အော်ရာ အရှိန်အဝါက ပိုမို အရေးကြီးသည်။
ရှီယန်က ကိုယ့်ထက် အဆင့်မြင့်သောသူများနှင့် တိုက်ခိုက်ချိန်တွင် တစ်ဖက်လူကို ရွေးချယ်စရာ မရှိအောင် လုပ်သည်။ ဘက်ပေါင်းစုံမှ ဖျက်ဆီးပြီးနောက် လုံးဝ လွတ်မြောက်နိုင်တော့မည် မဟုတ်ဟူသော ခံစားချက်ကို ရိုက်သွင်းသည်။ ထိုသို့သော ခံစားမှုမျိုး ကြီးထွားလာသောအခါ လင်းမန်ကဲ့သို့ အဆင့်အတန်းမျိုးပင် အကျိုးသက်ရောက်သည်။ အကြိမ်ကြိမ် ကြိုးစားအားထုတ်မှုများ ကျဆုံးခဲ့ပြီးနောက် သူမကိုယ်တိုင်ပင် ကျဆုံးတော့မည်ဟု ထင်မြင်လာသည်။

“လင်းမန်တော့သွားပြီ”
ဆေးလုံး ဆယ်လုံးခန့် ဝါးစားလိုက်ပြီးနောက် သက်တော်ရှည်ဖိုးဖိုး လုံဇူး၏မျက်နှာက တဖြည်းဖြည်း ပြန်လည် ဝင်းပလာသည်။ သူက မြို့လယ်ခေါင်တွင် ဖြောင့်မတ်စွာ ထိုင်နေရင်း တိုက်ပွဲကွင်းပြင်ကို လှမ်းကြည့်လျက်ရှိသည်။

သူမ၏စွမ်းအင် အဆင့်အတန်းက စတင်လွဲချော်လာပြီ။ သိုင်းသမားတစ်ယောက်အတွက် အခြေခံပင်။

“စိတ်ဓာတ်ဟာ အတွင်းဝိညာဉ်နဲ့ ဆက်သွယ်နေတယ်။ အစစ်အမှန်နတ်ဘုရားတွေရဲ့ ဝိညာဉ်ဟာ နတ်ဘုရားဝိညာဉ်ဖြစ်လို့ အလွယ်တကူ ကိုင်လှုပ်လို့ မရဘူး။ အခုတော့ သူမရဲ့အော်ရာ၊ သူမရဲ့ကီ၊ သူမရဲ့ဝိညာဉ်စွမ်းအင်တွေ အကုန်လုံး ပင်ပန်းနွမ်းနယ်နေကြပြီ။ ဝင်္ကပါတွေကြောင့်လဲပါတယ်။ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုမှာ သူမရဲ့ဝိညာဉ်အများကြီး ထိခိုက်ခဲ့တယ်။ ပြီးတော့ အခု ရှီယန်က အဆက်မပြတ် ပေါက်ကွဲ တိုက်ခိုက်တဲ့အခါကျတော့ သူမရဲ့အသိစိတ်က ယိုယွင်းလာတာပဲ”

ယန်ရွှေ၊ ချောင်ကျီလန်းနှင့် လုံယင်းတို့သည် ဘာမှနားမလည်နိုင်ပါ။ သို့သော် သူမတို့က အံ့အားသင့်သည်။ လုံဇူးက တောက်ပစွာ ပြုံးလိုက်ရင်း ရှင်းပြသည်။

“ရိုးရိုးလေးပါပဲ။ ရှီယန်က သူမကို ဖျက်ဆီးဖို့ အတွင်းစိတ် ခံစားချက်တွေကို ထည့်ပေးလိုက်တာပဲ။ စိတ်ဓာတ်ခိုင်မာတဲ့ သိုင်းသမားတွေက တိုက်ပွဲမှာ သိပ်ပြီးတော့ ဖိအားမခံရဘူး။ ဒါပေမဲ့ စိတ်ဓာတ်ပျက်ပြားသွားတာနဲ့ သူမရဲ့စွမ်းအင် ဘယ်လောက်ပဲ ကြီးမားနေပါစေ။ တခြားသူတွေက ထိန်းချုပ်နိုင်သွားတယ်။ အဲလို အချိန်မျိုးမှာ သူ့ရဲ့အကောင်းဆုံး တိုက်ကွက်တွေကို မဖော်ထုတ်နိုင်တော့ဘူး”

“သြော် အဲလိုလား။ ဒီလိုက သိပ်ရက်စက်တာပဲ”
လုံရင်းက ပျော်ရွှင်စွာဖြင့် ပြောသည်။

လုံဇူးက သူမကို ချစ်စနိုးဖြင့် ကြည့်လိုက်ရင်း။
“အဲဒါကို ဉာဏ်ကောင်းတယ်လို့ ခေါ်တယ် သမီးလေးရဲ့။ ဉာဏ်ရည်မြင့်မားတဲ့သူတွေသာ ပြိုင်ဘက်ရဲ့စိတ်ဓာတ်ကို ဘယ်လို ဖြိုဖျက်ရမလဲ ဆိုတာ စဉ်းစားတတ်ကြတယ်။ အထူးသဖြင့် ကိုယ့်ထက် စွမ်းအားမြင့်တဲ့ သိုင်းသမားတွေနဲ့ တိုက်ခိုက်တဲ့အခါမှာပေါ့။ သူက အနိုင်ရရှိဖို့အတွက် အဲဒီသိုင်းသမားရဲ့ စိတ်ဓာတ်ကို အရင်ရိုက်ချိုးရမယ်”

ယွင်ဟောင်၊ ယုဝမ်ကျင်း၊ ပိုင်စီ၊ ပိုင်တိနှင့် ကျူးယီတို့သည် သက်တမ်းရင်း အဖွဲ့အစည်းကြီး ခုနှစ်ခု၏ လူအုပ်ကို ဖြတ်ကျော်နေဆဲ ဖြစ်သည်။ သူတို့က မြို့ပြင် ဧရိယာသို့ ရောက်သောအခါ တိုက်ပွဲမြင်ကွင်းတွင် နှစ်မြှုပ်သွားကြသည်။ ယွင်ဟောင်နှင့် ယုဝမ်ကျင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူတို့က လေထဲသို့ ခုန်တက်သွားသည်။ မြို့လယ်ခေါင်သို့ ဦးတည်ပြီးနောက် အက်ကွဲစွာဖြင့် အော်ဟစ်လိုက်ကြသည်။ ရှာကျင်းဟောင်၊ ပိုင်ကော်စန်းနှင့် ကျန်လူများသည် ငွေရောင်မြို့တော်ကြီး၏ မြို့ရိုးအပြင်ဘက်တွင် တည်ရှိနေသည်။ သူတို့လည်း စိတ်ဓာတ်များ ကျနေကြသည်။
သူတို့က မြို့အတွင်းသို့ မဝင်ရောက်နိုင်ကြပါ။ သို့သော်လည်း သူတို့ မြင်ကွင်းကို ရှင်းလင်းစွာ မြင်နေရဆဲ ဖြစ်သည်။ ရှီယန်နှင့် အင်ပါယာယန်ခမ်းဒီတို့ အုပ်စု လင်းမန်ကို ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ ယွင်ဟောင်နှင့် ယုဝမ်ကျင်းက ထိုကြောင့် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

“ကျေးဇူးပြုပြီး ညှာတာပေးပါ”

ရှီယန်က မဟာသန့်စင်ခြင်းရှစ်ပါး မြို့၏ ဂိတ်တံခါးဝမှ ဖြတ်ကာ လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းခါပြသည်။

“ဖြတ်..”
သွေးနီရောင် ကြိုးမျှင်တစ်ခု အင်ပါယာယန်ခမ်းဒီ၏ လက်ထဲတွင် ထွက်ပေါ်လာသည်။ ထိုကြိုးမျှင်က လင်းမန်၏ လည်ပင်းကို တင်းကျပ်စွာ ရစ်ပတ်သည်။

“ရွှပ်..”
လင်းမန်၏ ဦးခေါင်းက သူမ၏ ခန္ဓာကိုယ်နှင် ကင်းကွာသွားလေသည်။ သွေးများက ကောင်းကင်ထက်တိုင် မြင်မကောင်းအောင် ပန်းထွက်လို့ လာ၏။

----- ----- ----- ----- -----

Chapter 671: ေခါင္းျဖတ္သည္

ေျခမႈန္းျခင္း မိစ္ဆာလိုဏ္ဂူ သုံးဆယ့္ေျခာက္ခုမွ တစ္ေဆဝိညာဥ္မ်ားအားလုံး ေပ်ာက္ကြယ္ကုန္ၾကသည္။

ရွီယန္က ေနာက္ဆုံးတြင္ ေသြးႏြယ္ရွင္လက္စြပ္ႏွင့္ အဆက္အသြယ္ ျပန္ရသည္။ လက္စြပ္ထဲတြင္ေတာ့ မွိန္ေဖ်ာ့ေဖ်ာ့ မီးခိုးေရာင္အရိပ္ သုံးဆယ့္ေျခာက္ခု ရွိေနေလ၏။

ဒါေတြက တစ္ေဆဝိညာဥ္ေတြ ျဖစ္မွန္း သိသာပါသည္။ ေသြးႏြယ္ရွင္လက္စြပ္က သူတို႔အားလုံးကို ဝါးမ်ိဳခဲ့သည္။

ရႈပ္ေထြးေသာ စြမ္းအင္အတက္အက်မ်ားႏွင့္ ေသြးႏြယ္ရွင္လက္စြပ္သည္ ေသြးနီေရာင္အလင္းတန္းမ်ား ျဖာထြက္ေနသည္။ ထူးဆန္းေသာ မ်က္လုံးတစ္ခုသဖြယ္ လူအမ်ားအား မလုံၿခဳံေသာ ခံစားခ်က္ကို ေပးစြမ္းသည္။

နီ႐ူက တစ္ေဆဝိညာဥ္ဓားရွည္ကို လက္တြင္ ဆြဲကိုင္ထားၿပီး ျဖဴေဖ်ာ့ေသာ မ်က္ႏွာျဖင့္ မတ္တပ္ရပ္ေနသည္။ သူ႕မ်က္လုံးတြင္ နတ္ဘုရားအလင္းေရာင္မ်ား ေတာက္ပျခင္း မရွိေတာ့ပါ။ တစ္ေဆဝိညာဥ္ဓားသည္ တစ္ေဆဝိညာဥ္မ်ားအားလုံးကို ဆုံးရႈံးခဲ့ရသည္။

နတ္ဘုရားလက္နက္သည္ ေနာက္ထပ္ နတ္ဘုရားလက္နက္ မျဖစ္နိုင္ေတာ့ပါ။

ဓားႀကီး၏ စြမ္းရည္က ခုႏွစ္ဆယ္မွ ရွစ္ဆယ္ရာခိုင္ႏႈန္းအထိ ေပ်ာက္ဆုံးသြားခဲ့ရေလၿပီ။ ယခုေတာ့ ရွည္လ်ားထက္ျမက္ေသာ ဓားတစ္စင္းအျပင္ မည္သည့္ေအာ္ရာ မည္သည့္ေမွာ္စြမ္းအင္မွ် မရွိေတာ့ပါ။

နီ႐ူက ေသြးအန္လုမတတ္ ေၾကကြဲေနသည္။ သူ၏လည္ပင္းက ပိန္လိုက္ ေဖာင္းလိုက္ ျဖစ္ေနသည္။ အလြန္အမင္း ေမာပန္းေနေသာ လကၡဏာ ျဖစ္၏။ သူ႕ထံတြင္ ေနာက္ထပ္ လႈပ္ရွားရန္ စြမ္းရည္ မက်န္ေတာ့ပါ။

အင္ပါယာယန္ခမ္းဒီႏွင့္ တိရွန္းတို႔ အံ့အားသင့္ ေငးငိုင္ေနၾကသည္။ သူတို႔က ေသြးႏြယ္ရွင္လက္စြပ္ႏွင့္ ခပ္လွမ္းလွမ္းတြင္သာ ရွိေနၾကသည္။ သူတို႔က ေသြးႏြယ္ရွင္လက္စြပ္ကို ေၾကာက္လန့္ေနဟန္ တူသည္။

ဒါက အမွန္တကယ္ပင္ ေၾကာက္စရာ ေကာင္းပါသည္။

တစ္ေဆဝိညာဥ္ဓားသည္ နတ္ဘုရားအဆင့္ လက္နက္တစ္ခု ျဖစ္သည္။ သို႔ေသာ္လည္း ၄င္းကို ဖ်က္စီးရန္အတြက္ ေသြးႏြယ္ရွင္လက္စြပ္က စကၠန့္ပိုင္းသာ အခ်ိန္ယူခဲ့သည္။ ဘာျဖစ္ခဲ့တာလဲ ဆိုတာ အားလုံး ျမင္ေတြ႕ခဲ့ၾကသည္။ သို႔ေသာ္ သူတို႔က မယုံၾကည္နိုင္ေသးပဲ ျဖစ္ေနၾကသည္။

ဒါေတြကို ေသြးႏြယ္ရွင္ လက္စြပ္က လုပ္ေဆာင္သြားမွန္း သိေသာ္လည္း မည္သို႔ လုပ္ေဆာင္သြားသည္ကိုေတာ့ ျမင္ေတြ႕ခြင့္ မရၾကပါ။

ရွီယန္က လက္ကို ေျမာက္ကာ ေဝွ႕ယမ္းလိုက္သည္။ အသိုက္ကို ျပန္ေသာ ငွက္ငယ္သဖြယ္ ေသြးႏြယ္ရွင္လက္စြပ္က သူ႕လက္ဖဝါးအတြင္းသို႔ ပ်ံသန္း က်ဆင္းလာသည္။ ရွီယန္က ေသြးႏြယ္ရွင္လက္စြပ္ကို သူ႕လက္ေခ်ာင္းတြင္ ဝတ္ဆင္လိုက္သည္။

အရသာရွိေသာ စားစရာအနံ႕ကို ရလိုက္သည့္ပမာ သူ၏ အသိစိတ္ပင္လယ္ထဲမွ နတ္ဆိုးငါးေဖာ္က နိုးထလာၾကသည္။ သူတို႔က ရွီယန့္လက္ေမာင္းအတြင္းသို႔ဆင္းလာၾကၿပီး ေသြးႏြယ္ရွင္လက္စြပ္အတြင္းသို႔ တိုးဝင္သြားၾကသည္။

သူတို႔က တစ္ေဆဝိညာဥ္သုံးဆယ့္ေျခာက္ေကာင္ကို ဝါးမ်ိဳလိုၾကသည္။ မၾကာေသးမီကပင္ နတ္ဆိုးငါးေဖာ္သည္ တစ္ေဆဝိညာဥ္ သုံးဆယ့္ေျခာက္ေကာင္ႏွင့္ တုဖက္ယွဥ္ၿပိဳင္နိုင္ျခင္း မရွိၾကပါ။ တိုက္ပြဲစသည္ႏွင့္ပင္ နတ္ဆိုးငါးေဖာ္က ျပင္းျပင္းထန္ထန္ ဒဏ္ရာရခဲ့ၾကသည္။

သို႔ေသာ္လည္း ေသြးႏြယ္ရွင္လက္စြပ္အတြင္းသို႔ ဆြဲသြင္းခံရေသာ တစ္ေဆဝိညာဥ္ သုံးဆယ့္ေျခာက္ေကာင္ကေတာ့ ကြဲျပားျခားနားသြားၿပီ ျဖစ္သည္။ အမွန္တကယ္ပင္ သူတို႔က လႈပ္ပင္ မလႈပ္နိုင္ၾကေတာ့ပါ။ နတ္ဆိုးငါးေဖာ္ ဝါးမ်ိဳသည့္ ရန္မွ လႊတ္ကင္းရန္ ႐ုန္းကန္ဟန္ျပၾကသည္။

သူ၏ ပ်က္သုဥ္းျခင္း စြမ္းအင္မ်ားျဖင့္ ဖြဲ႕စည္းထားေသာ နတ္ဆိုးငါးေဖာ္ ျဖစ္ေသာေၾကာင့္ ရွီယန္က ရွင္းလင္းစြာ ခံစားနိုင္သည္။ ၄င္းတို႔သည္ မၾကာမီပင္ တစ္ေဆဝိညာဥ္ သုံးဆယ့္ေျခာက္ေကာင္ စလုံးကို စားေသာက္ပစ္လိုက္ၾကသည္။ ဒဏ္ရာရထားခဲ့ၾကေသာ နတ္ဆိုးငါးေဖာ္သည္ သူတို႔ကိုယ္သူတို႔ ျပန္လည္တည္ေဆာက္နိုင္႐ုံသာမက သူတို႔၏ နတ္ဆိုးစြမ္းအင္မ်ားက အျပင္းအထန္ ျမင့္တက္လာခဲ့သည္။

နီ႐ူ၏မ်က္ႏွာက ျပာႏွမ္းလာၿပီး သူက အသိစိတ္ေပ်ာက္ကြယ္သြားသည့္ႏွယ္ ထိုေနရာတြင္ပင္ ငူငူႀကီး ရပ္လ်က္ ရွိသည္။ ေၾကာက္႐ြံ႕ျခင္းႏွင့္ စိတ္ဓာတ္က်ျခင္းမ်ား သူ႕ႏွလုံးသားထဲတြင္ ျပည့္လွ်ံလို႔ေနသည္။

သူ႕ကို သတ္လိုက္
ရွီယန္က ခံစားခ်က္ကင္းမဲ့စြာျဖင့္ နီ႐ူကို ၫႊန္ျပလိုက္သည္။ အင္ပါယာယန္ခမ္းဒီတို႔ အုပ္စုသည္ စူးရွေသာ ေလခြၽန္သံ တစ္ခ်က္ ျပဳလုပ္လိုက္ၿပီးေနာက္ နီ႐ူ႕ကို ဝန္းရံလိုက္ၾကသည္။

ျပင္းထန္ေနသည့္ သတ္ျဖတ္လိုေသာ စိတ္ဆႏၵမ်ားႏွင့္အတူ ေသြးဆာေနေသာ တိရိစ္ဆာန္မ်ားသဖြယ္ ရက္စက္လွေသာ တိုက္ခိုက္မႈမ်ားက နီ႐ူ႕ထံသို႔ ေထာင့္ေပါင္းစုံမွ တိုးဝင္သြားသည္။

နီ႐ူ၏ ခႏၶာကိုယ္ႀကီးသည္ ေမာင္းေထာင္းဆုံႀကီးအတြင္း ေထာင္းခံရသည့္ပမာ ပုံပ်က္ပန္းပ်က္ တြန့္လိမ္ေခါက္ေကြး သြားေလေတာ့သည္။

တစ္ေဆဝိညာဥ္မ်ား မရွိၾကသည့္အခါ နီ႐ူ၏ ခႏၶာကိုယ္ထဲတြင္ မည္သည့္ စြမ္းအင္မွ မက်န္ရစ္ေတာ့ပါ။ တစ္ေဆဝိညာဥ္ဓားႀကီးကတည္း သာမန္ဓားရွည္ တစ္စင္းသာ ျဖစ္သြားေလသည္။ နီ႐ူသည္ ေနာက္ဆုံး ႐ုပ္ပ်က္ဆင္းပ်က္ျဖင့္ ေသြးအိုင္ထဲတြင္ လဲက် ေသဆုံးသြားရေလေတာ့သည္။

ရွီယန္က ဝိညာဥ္ေခၚပုလဲကို တိတ္တဆိတ္ ေစလႊတ္လိုက္သည္။ အားေကာင္းေသာ ဝိညာဥ္စုပ္စြမ္းအင္မ်ား ထြက္ေပၚလာ၏။

အရက္မူးေနေသာ လူတစ္ေယာက္ပမာ ယိမ္းယိုင္ကာ ထြက္ေပၚလာေသာ နီ႐ူ၏ ဝိညာဥ္ အစစ္အမွန္နတ္ဘုရား ဒုတိယအဆင့္ ဝိညာဥ္ျဖစ္ေသာ္လည္း ဝိညာဥ္ေခၚပုလဲ၏ စြမ္းအင္မွ မလြတ္ေျမာက္နိုင္ခဲ့ပါ။

''႐ႊစ္''

နီ႐ူ၏ ဝိညာဥ္သည္ အနက္ေရာင္ပုလဲလုံးထဲသို႔ ဝင္ေရာက္သြားသည္။ ပုလဲလုံးက အနက္ေရာင္အလင္းမ်ား လင္းျဖာလို႔ လာသည္။ ဒါက ဝိညာဥ္ေခၚပုလဲထဲတြင္ ဝိညာဥ္စြမ္းအင္မ်ား ျပည့္လွ်ံေနေသာ လကၡဏာပင္ ျဖစ္သည္။

ရွီယန္ အလြန္ေပ်ာ္႐ႊင္သြားသည္။ ယခုနီ႐ူ၏ ဝိညာဥ္ျဖင့္ ဖန္ဆင္းရွင္၏ သန့္စင္ျခင္း ေရကန္ကို လူငါးဦးစာအတြက္ အသုံးခ်၍ ရၿပီျဖစ္သည္။
နီ႐ူတစ္ဦးတည္း၏ ဝိညာဥ္ပင္လွ်င္ ဖန္ဆင္းရွင္၏ ျမင့္ျမတ္ျခင္းေရကန္ကို အခ်ိန္အေတာ္ၾကာ ေထာက္ပံ့နိုင္ေလသည္။

တစ္ခ်ိန္တည္းမွာပင္ ပမာဏမ်ားျပားလွေသာ ကီစြမ္းအင္အဆီအႏွစ္မ်ား ရွီယန့္ခႏၶာကိုယ္အတြင္းသို႔ လွိမ့္ဝင္လာသည္။ ေလာေလာလတ္လတ္ ေသဆုံးသြားေသာ နီ႐ူ၏ အေလာင္းေကာင္ထဲမွ ျဖစ္၏။
သူ႕ခႏၶာကိုယ္တစ္ခုလုံးရွိ ခုႏွစ္ရာ့ႏွစ္ဆယ္ေသာ ေသြးေၾကာကြက္မ်ား ဖူးေရာင္လို႔လာသည္။ ပ်က္သုဥ္းျခင္း စြမ္းအင္မ်ားက သူ႕ပတ္ဝန္းက်င္တြင္ ပ်က္ျပယ္သြားျခင္း မရွိေတာ့ပဲ ဝဲလည္လ်က္ ရွိၾကသည္။ သူ႕ကို ရစ္ဆိုင္းေနေသာ အျဖဴေရာင္ ျမဴခိုးေငြ႕မ်ားက ဆယ္မီတာ ပတ္လည္အထိ ထူထပ္လာျခင္း ျဖစ္သည္။ အျဖဴေရာင္ ျမဴမ်ား ဆိုင္းေနေသာေၾကာင့္ အျခားသူမ်ားက သူ႕ကို ရွင္းရွင္းလင္းလင္း ျမင္ရန္ပင္ ခက္ခဲေနသည္။

လင္းမန္ စိတ္ဓာတ္က်သြားသည္။ သူမ၏ေသးေကြးေသာ ခႏၶာကိုယ္ေလးသည္ ယခုေနရာအႏွံ႕အျပား ဒဏ္ရာဒဏ္ခ်က္မ်ား ရွိေနၿပီး ေသြးမ်ား စို႐ြဲလ်က္ ရွိေနသည္။ သလင္းေက်ာက္ သားရဲႀကီးမ်ား၏ လက္ခ်က္ပင္။ ၿမိဳ႕ေတာ္၏ အေျခခံ အုတ္ျမစ္အျဖစ္ တည္ေဆာက္ထားခဲ့ေသာ ကီသလင္းတုံးမ်ားျဖင့္ တည္ေဆာက္ထားခဲ့ျခင္း ျဖစ္ေသာေၾကာင့္ ထိုပထမတန္းစား ကီသလင္းေက်ာက္ သားရဲႀကီးမ်ားသည္ ၿမိဳ႕ေတာ္ႀကီးတစ္ခြင္လုံးရွိ ေမွာ္အစီအရင္မ်ား ဝကၤပါမ်ားျဖင့္ ခ်ိတ္ဆက္နိုင္စြမ္း ရွိေနၾကသည္။ ထို႔ေၾကာင့္ ၄င္းတို႔၏ တိုက္ခိုက္နိုင္စြမ္းရည္က အဆမတန္ ျမင့္မားလာၾကသည္။

ပုံမွန္အားျဖင့္ ထိုကီသလင္းေက်ာက္ သားရဲမ်ားသည္ လင္းမန္၏ ၿပိဳင္ဖက္ မဟုတ္ၾကပါ။ သို႔ေသာ္ ယခုအခ်ိန္တြင္ သူမ ဒဏ္ရာဆိုးဝါးေနၿပီး စက္ျဝဠာျပန္လည္ဝင္စားျခင္း ေဆးေပါင္းအိုးကိုလည္း ထိန္းခ်ဳပ္နိုင္ျခင္း မရွိခဲ့ပါ။

လင္းမန္က နာက်င္မႈႏွင့္အတူ စိတ္ဓာတ္လည္း က်ေနသည္။ သူမက တိုက္ခိုက္မႈမ်ားကို ေရွာင္တိမ္း႐ုံ ခုခံ႐ုံသာ ျပဳလုပ္ေနၿပီး တန္ျပန္တိုက္ခိုက္မႈ ျပဳလုပ္ရန္အတြက္ စြမ္းအင္ မရွိေတာ့သည့္အလားပင္။

ထိုအခ်ိန္မွာပင္ နီ႐ူ၏ က်ဆဳံးခန္းကို သူမ ျမင္ေတြ႕ခဲ့ရျခင္း ျဖစ္သည္။ သူမက သူ႕ကို ကယ္တင္ခ်င္ေသာ္လည္း ဘာမွ မတတ္နိုင္ခဲ့ပါ။

နီ႐ူ၏ ခႏၶာကိုယ္ႀကီး အသားပုံႀကီးတစ္ခုလို ပ်က္စီးသြားခ်ိန္တြင္ လင္းမန္၏ ႏွလုံးသားထဲတြင္ ေနာင္တတရားမ်ား ႀကီးစိုးလို႔ လာသည္။

သူတို႔က ဒီေကာင္ေလးႏွင့္ အဘယ္ေၾကာင့္ လာရႈပ္မိသနည္း။ သူမ၏ ဆုံးျဖတ္ခ်က္ကို ေနာင္တရမိခဲ့ေသာ ပထမဆုံး အႀကိမ္ပင္ ျဖစ္ေလသည္။

ဘယ္ေတာ့မွ အသက္မႀကီးတဲ့ အျဖဴေရာင္နယ္ေျမရဲ႕ ေခါင္းေဆာင္ႀကီးကို ႏႈတ္ဆက္လိုက္ၾကရေအာင္
ရွီယန္က တည္ၿငိမ္စြာျဖင့္ ေျပာသည္။ သို႔ေသာ္လည္း သူ႕ေလသံကေတာ့ အလြန္တရာ ေအးစက္လို႔ ေန၏။

လင္းမန္၏ ႏွလုံးသားမ်ား ေအးခဲသြားသလို ခံစားလိုက္ရသည္။ သူမ၏ မ်က္ႏွာက ျပာႏွမ္းလို႔ သြားေလသည္။ သလင္းေက်ာက္ျဖင့္ ဖန္တီးထားေသာ သားရဲမ်ား ျဖစ္ေသာ္လည္း သူမအတြက္ အလြန္ပင္ ႐ုန္းကန္ေနရျခင္း ျဖစ္သည္။

အင္ပါယာယန္ခမ္းဒီႏွင့္ တိရွန္းတို႔ ဝင္ေရာက္လာပါလွ်င္ သူမ မည္မွ်ၾကာၾကာ ေတာင့္ခံနိုင္ပါမည္နည္း။

ဟုတ္ပါသည္။ အင္ပါယာယန္ခမ္းဒီတို႔ အုပ္စုက လင္းမန္ကို ေမ့ေလ်ာ့မေနၾကပါ။ ရွီယန့္စကားၾကားသည္ႏွင့္ ခ်က္ခ်င္း လႈပ္ရွားလိုက္ၾကသည္။ ေမွာ္ရတနာမ်ိဳးစုံမွ စြမ္းအင္မ်ားက လင္းမန္ထံသို႔ မိုး႐ြာက်သလို က်ဆင္းသြားၾကသည္။ လင္းမန္၏ ခႏၶာကိုယ္ေလးသည္ ေလျပင္းမုန္တိုင္းထဲမွ မိုးမခကိုင္းငယ္တဖြယ္ တဆတ္ဆတ္ ခါယမ္းလို႔ ေနသည္။ အခ်ိန္မေ႐ြး က်ိဳးပ်က္ေတာ့မည့္ အလာပင္။

ၾကယ္တာရာ ဖ်က္ဆီးျခင္း ဥကၠာပ်ံ။
ရွီယန္က ၾကယ္တာရာဖ်က္ဆီးျခင္း စြမ္းအင္မ်ားကို စုစည္းလိုက္သည္။ မေရမတြက္နိုင္ေသာ ၾကယ္တာရာအလင္းမ်ား က်ဆင္းလာၿပီးေနာက္ ဥကၠာပ်ံတစ္စင္းႏွယ္ အၿမီးတန္း အရွည္ႀကီးျဖင့္ ပ်ံသန္းသြားသည္။ ၾကယ္တာရာမ်ား၏ သဘာဝ အဆုံးအစမဲ့ေသာ အသိစိတ္နယ္ပယ္ႏွင့္အတူ ေလထုထဲတြင္ ျမဴခိုးအျဖစ္ လင္းမန္ထံ ပစ္လြင့္သြားေလသည္။

ေနာက္တစ္ဖန္

ဝွစ္.. ဝွစ္.. ဝွစ္..
လက္နက္ေလတိုးသံမ်ား ၾကားလိုက္ရသည္။ သို႔ေသာ္လည္း မည္သူကမွ လက္နက္ကို မျမင္ၾကရေပ။ ေအးစက္မည္းေမွာင္ေသာ အရွိန္အဝါ သုံးခု ထြက္ေပၚလာသည္။ သို႔ေသာ္လည္း အေကာင္အထည္ မျမင္ရ။ ၄င္းတို႔က ဝိညာဥ္အသိျဖင့္ အာ႐ုံခံျခင္းကို ေရွာင္ရွားနိုင္သည္။

လင္းမန္အလြန္အမင္း စိုးရိမ္ပူပန္လာသည္။ သူမက ေသြးတစ္လုတ္ အန္ထုတ္လိုက္ၿပီးေနာက္ အစစ္အမွန္နတ္ဘုရားအဆင့္ တတိယအဆင့္၏ စြမ္းအင္ရွိသမွ်ကို ညစ္ထုတ္လိုက္သည္။

သူမ၏ေနာက္တြင္ ေက်ာက္စိမ္းသဖြယ္ ေခ်ာမြတ္ေတာက္ပေနေသာ ေက်ာက္တုံးခန္းေဆာင္တစ္ခု ထြက္ေပၚလာသည္။ ဒါက သူမ၏သန့္စင္ေသာ အရွိန္အဝါျဖင့္ ျပဳလုပ္ထားျခင္း ျဖစ္ၿပီး အနည္းငယ္ ေမႊးပ်ံ့သည္။ ပတ္ဝန္းက်င္ေလထုကို လန္းဆန္းေစသည္။ လွပသက္ၿငိမ္ေသာ အသိစိတ္နယ္ပယ္ကို ေပးစြမ္းသည္။

အင္ပါယာယန္ခမ္းဒီတို႔၏ တိုက္ခိုက္မႈမ်ားသည္ ထိုေက်ာက္တုံးခန္းေဆာင္ကို ထ်ိတွေ့သောအခါ စြမ္းအင္မ်ား စုစည္းမရေအာင္ ပ်ံ့က်ဲကုန္ၾကသည္။ ေက်ာက္တုံးခန္းေဆာင္၏ စြမ္းအင္မ်ားက အဖိုးတန္ ေက်ာက္မ်က္ရတနာမ်ားျဖင့္ စီျခယ္ထားသည္။ အလြန္လင္းလက္ ေတာက္ပေသာ အလင္းစက္ဝန္းမ်ား ျဖာထြက္လ်က္ ရွိသည္။

ဝုန္း..
ဥကၠာပ်ံက ေက်ာက္တုံးခန္းေဆာင္ကို ဝင္တိုက္သည္။ ျပင္းျပင္းထန္ထန္ တုန္ခါသြားသည္။ ထိုထိခ်က္ေၾကာင့္ ေခါင္မိုးေပၚရွိ ေက်ာက္မ်က္ရတနာ အေျမာက္အမ်ား ျပဳတ္က်ကဳန္သည္။
ထိုအခ်ိန္တြင္ နဂါး၏ အစြယ္ကဲ့သို႔ ခြၽန္ထက္လွေသာ အရိုးလွံတံ သုံးစင္းက ေက်ာက္တုံးခန္းေဆာင္ငယ္ထဲသို႔ ထိုးစိုက္သြားသည္။

''ဇြပ္..''

ေက်ာက္တုံးခန္းေဆာင္ငယ္ထက္တြင္ အေပါက္ငယ္ သုံးေပါက္ ထြက္ေပၚလာသည္။ ခန္းေဆာင္ငယ္ထဲတြင္ ရွိေနေသာ လင္းမန္၏ ခႏၶာကိုယ္ ဆတ္ခနဲ တုန္ခါသြားသည္။ သူမ၏ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ား စီးက်လာၿပီးေနာက္ သူမ၏ရင္ဘတ္တစ္ခုလုံး စို႐ြဲသြားသည္။

ထိုတိုက္ခိုက္မႈအၿပီးတြင္ လင္းမန္က သူမ၏လက္က်န္စြမ္းအင္ အားလုံးကို သုံးစြဲၿပီးသြားၿပီ ျဖစ္သည္။ အရိုးလွံပ်ံသုံးစင္း ေက်ာက္တုံးအိမ္ငယ္ကို ထြင္းေဖာက္သြားျခင္းသည္ သူမ၏ ဝိညာဥ္ကို ထြင္းေဖာက္သြားျခင္းလည္း ျဖစ္သည္။ လင္းမန္၏ ေက်ာရိုးတစ္ေလွ်ာက္ စိမ့္တက္သြားသည္။
သူမ၏ ဝိညာဥ္ကြယ္ေပ်ာက္မသြာေစရန္ ခက္ခက္ခဲခဲ ႐ုန္းကန္ေနရသည္။

သူမ၏အနီးတြင္ ရွိေနဆဲ ျဖစ္ေသာ စက္ျဝဠာျပန္လည္ဝင္စားျခင္း ေဆးေပါင္းအိုးကို ေၾကကြဲစြာျဖင့္ လွမ္းၾကည့္သည္။ သူမက ျမင္ေန ေတြ႕ေနရေသာ္လည္း ခ်ိတ္ဆက္မႈ ျပတ္ေတာက္ေနေလၿပီ။
ရွီယန္၏ တိုက္ခိုက္မႈမ်ားက အလြန္တိက်လွသည္။ သူမက စက္ျဝဠာ ျပန္လည္ဝင္စားျခင္း ေဆးေပါင္းအိုးႏွင့္ ျပန္လည္ခ်ိတ္ဆက္ရန္ ႀကိဳးစားတိုင္း ေၾကာက္မက္ဖြယ္ရာ စြမ္းအင္မ်ားက သူမ၏ ႀကိဳးစားမႈကို ဖ်က္ဆီးပစ္လိုက္စၿမဲ ျဖစ္သည္။ အႀကိမ္ဖန္မ်ားစြာ တိုက္ခိုက္ခံရၿပီးေနာက္ လင္းမန္၏ မာေက်ာလွေသာ စိတ္ဓာတ္သည္လည္း ၿပိဳလဲသြားေလၿပီ။

သူမက အသက္ရွင္သန္ရန္ ေမွ်ာ္လင့္ခ်က္ကိုပင္ မထားရွိနိုင္ေတာ့ေခ်။ တျဖည္းျဖည္းႏွင့္ သူမက ပ်က္စီးဆုံးရႈံးမည့္ အေတြးကိုသာ ေတြးမိေနေတာ့သည္။ အဆင့္ျမင့္သိုင္းသမားမ်ားက တိုက္ပြဲတြင္ သူတို႔၏ စြမ္းအင္အဆင့္မ်ားထက္ သူတို႔၏ ေအာ္ရာ အရွိန္အဝါက ပိုမို အေရးႀကီးသည္။
ရွီယန္က ကိုယ့္ထက္ အဆင့္ျမင့္ေသာသူမ်ားႏွင့္ တိုက္ခိုက္ခ်ိန္တြင္ တစ္ဖက္လူကို ေ႐ြးခ်ယ္စရာ မရွိေအာင္ လုပ္သည္။ ဘက္ေပါင္းစုံမွ ဖ်က္ဆီးၿပီးေနာက္ လုံးဝ လြတ္ေျမာက္နိုင္ေတာ့မည္ မဟုတ္ဟူေသာ ခံစားခ်က္ကို ရိုက္သြင္းသည္။ ထိုသို႔ေသာ ခံစားမႈမ်ိဳး ႀကီးထြားလာေသာအခါ လင္းမန္ကဲ့သို႔ အဆင့္အတန္းမ်ိဳးပင္ အက်ိဳးသက္ေရာက္သည္။ အႀကိမ္ႀကိမ္ ႀကိဳးစားအားထုတ္မႈမ်ား က်ဆဳံးခဲ့ၿပီးေနာက္ သူမကိုယ္တိုင္ပင္ က်ဆဳံးေတာ့မည္ဟု ထင္ျမင္လာသည္။

လင္းမန္ေတာ့သြားၿပီ
ေဆးလုံး ဆယ္လုံးခန့္ ဝါးစားလိုက္ၿပီးေနာက္ သက္ေတာ္ရွည္ဖိုးဖိုး လုံဇူး၏မ်က္ႏွာက တျဖည္းျဖည္း ျပန္လည္ ဝင္းပလာသည္။ သူက ၿမိဳ႕လယ္ေခါင္တြင္ ေျဖာင့္မတ္စြာ ထိုင္ေနရင္း တိုက္ပြဲကြင္းျပင္ကို လွမ္းၾကည့္လ်က္ရွိသည္။

သူမ၏စြမ္းအင္ အဆင့္အတန္းက စတင္လြဲေခ်ာ္လာၿပီ။ သိုင္းသမားတစ္ေယာက္အတြက္ အေျခခံပင္။

စိတ္ဓာတ္ဟာ အတြင္းဝိညာဥ္နဲ႕ ဆက္သြယ္ေနတယ္။ အစစ္အမွန္နတ္ဘုရားေတြရဲ႕ ဝိညာဥ္ဟာ နတ္ဘုရားဝိညာဥ္ျဖစ္လို႔ အလြယ္တကူ ကိုင္လႈပ္လို႔ မရဘူး။ အခုေတာ့ သူမရဲ႕ေအာ္ရာ၊ သူမရဲ႕ကီ၊ သူမရဲ႕ဝိညာဥ္စြမ္းအင္ေတြ အကုန္လုံး ပင္ပန္းႏြမ္းနယ္ေနၾကၿပီ။ ဝကၤပါေတြေၾကာင့္လဲပါတယ္။ စိတ္ပိုင္းဆိုင္ရာ စိန္ေခၚမႈမွာ သူမရဲ႕ဝိညာဥ္အမ်ားႀကီး ထိခိုက္ခဲ့တယ္။ ၿပီးေတာ့ အခု ရွီယန္က အဆက္မျပတ္ ေပါက္ကြဲ တိုက္ခိုက္တဲ့အခါက်ေတာ့ သူမရဲ႕အသိစိတ္က ယိုယြင္းလာတာပဲ

ယန္ေ႐ႊ၊ ေခ်ာင္က်ီလန္းႏွင့္ လုံယင္းတို႔သည္ ဘာမွနားမလည္နိုင္ပါ။ သို႔ေသာ္ သူမတို႔က အံ့အားသင့္သည္။ လုံဇူးက ေတာက္ပစြာ ၿပဳံးလိုက္ရင္း ရွင္းျပသည္။

ရိုးရိုးေလးပါပဲ။ ရွီယန္က သူမကို ဖ်က္ဆီးဖို႔ အတြင္းစိတ္ ခံစားခ်က္ေတြကို ထည့္ေပးလိုက္တာပဲ။ စိတ္ဓာတ္ခိုင္မာတဲ့ သိုင္းသမားေတြက တိုက္ပြဲမွာ သိပ္ၿပီးေတာ့ ဖိအားမခံရဘူး။ ဒါေပမဲ့ စိတ္ဓာတ္ပ်က္ျပားသြားတာနဲ႕ သူမရဲ႕စြမ္းအင္ ဘယ္ေလာက္ပဲ ႀကီးမားေနပါေစ။ တျခားသူေတြက ထိန္းခ်ဳပ္နိုင္သြားတယ္။ အဲလို အခ်ိန္မ်ိဳးမွာ သူ႕ရဲ႕အေကာင္းဆုံး တိုက္ကြက္ေတြကို မေဖာ္ထုတ္နိုင္ေတာ့ဘူး

ေၾသာ္ အဲလိုလား။ ဒီလိုက သိပ္ရက္စက္တာပဲ
လုံရင္းက ေပ်ာ္႐ႊင္စြာျဖင့္ ေျပာသည္။

လုံဇူးက သူမကို ခ်စ္စနိုးျဖင့္ ၾကည့္လိုက္ရင္း။
အဲဒါကို ဉာဏ္ေကာင္းတယ္လို႔ ေခၚတယ္ သမီးေလးရဲ႕။ ဉာဏ္ရည္ျမင့္မားတဲ့သူေတြသာ ၿပိဳင္ဘက္ရဲ႕စိတ္ဓာတ္ကို ဘယ္လို ၿဖိဳဖ်က္ရမလဲ ဆိုတာ စဥ္းစားတတ္ၾကတယ္။ အထူးသျဖင့္ ကိုယ့္ထက္ စြမ္းအားျမင့္တဲ့ သိုင္းသမားေတြနဲ႕ တိုက္ခိုက္တဲ့အခါမွာေပါ့။ သူက အနိုင္ရရွိဖို႔အတြက္ အဲဒီသိုင္းသမားရဲ႕ စိတ္ဓာတ္ကို အရင္ရိုက္ခ်ိဳးရမယ္

ယြင္ေဟာင္၊ ယုဝမ္က်င္း၊ ပိုင္စီ၊ ပိုင္တိႏွင့္ က်ဴးယီတို႔သည္ သက္တမ္းရင္း အဖြဲ႕အစည္းႀကီး ခုႏွစ္ခု၏ လူအုပ္ကို ျဖတ္ေက်ာ္ေနဆဲ ျဖစ္သည္။ သူတို႔က ၿမိဳ႕ျပင္ ဧရိယာသို႔ ေရာက္ေသာအခါ တိုက္ပြဲျမင္ကြင္းတြင္ ႏွစ္ျမႇုပ္သြားၾကသည္။ ယြင္ေဟာင္ႏွင့္ ယုဝမ္က်င္းတို႔ အၾကည့္ခ်င္း ဖလွယ္လိုက္ၾကသည္။

သူတို႔က ေလထဲသို႔ ခုန္တက္သြားသည္။ ၿမိဳ႕လယ္ေခါင္သို႔ ဦးတည္ၿပီးေနာက္ အက္ကြဲစြာျဖင့္ ေအာ္ဟစ္လိုက္ၾကသည္။ ရွာက်င္းေဟာင္၊ ပိုင္ေကာ္စန္းႏွင့္ က်န္လူမ်ားသည္ ေငြေရာင္ၿမိဳ႕ေတာ္ႀကီး၏ ၿမိဳ႕ရိုးအျပင္ဘက္တြင္ တည္ရွိေနသည္။ သူတို႔လည္း စိတ္ဓာတ္မ်ား က်ေနၾကသည္။
သူတို႔က ၿမိဳ႕အတြင္းသို႔ မဝင္ေရာက္နိုင္ၾကပါ။ သို႔ေသာ္လည္း သူတို႔ ျမင္ကြင္းကို ရွင္းလင္းစြာ ျမင္ေနရဆဲ ျဖစ္သည္။ ရွီယန္ႏွင့္ အင္ပါယာယန္ခမ္းဒီတို႔ အုပ္စု လင္းမန္ကို ျပင္းထန္စြာ တိုက္ခိုက္ေနၾကသည္။ ယြင္ေဟာင္ႏွင့္ ယုဝမ္က်င္းက ထိုေၾကာင့္ ေအာ္ဟစ္လိုက္ျခင္း ျဖစ္သည္။

ေက်းဇူးျပဳၿပီး ညွာတာေပးပါ

ရွီယန္က မဟာသန့္စင္ျခင္းရွစ္ပါး ၿမိဳ႕၏ ဂိတ္တံခါးဝမွ ျဖတ္ကာ လွမ္းၾကည့္လိုက္ၿပီးေနာက္ ေခါင္းခါျပသည္။

ျဖတ္..
ေသြးနီေရာင္ ႀကိဳးမွ်င္တစ္ခု အင္ပါယာယန္ခမ္းဒီ၏ လက္ထဲတြင္ ထြက္ေပၚလာသည္။ ထိုႀကိဳးမွ်င္က လင္းမန္၏ လည္ပင္းကို တင္းက်ပ္စြာ ရစ္ပတ္သည္။

႐ႊပ္..
လင္းမန္၏ ဦးေခါင္းက သူမ၏ ခႏၶာကိုယ္ႏွင္ ကင္းကြာသြားေလသည္။ ေသြးမ်ားက ေကာင္းကင္ထက္တိုင္ ျမင္မေကာင္းေအာင္ ပန္းထြက္လို႔ လာ၏။

----- ----- ----- ----- -----

Continue Reading

You'll Also Like