Unicode & Zawgyi
(Unicode)
"ကိုကို ပါ တစ်ခုခု ဖြစ်သွားရင် ဆိုတော့ အခြားဘယ်သူ ဘာဖြစ်လို့လဲ..... စေ...
ကိုကို့ကို ပြော...."
တောမင်းတမန် အမှန်ကို စိုးရိမ်မိသည် ။
ထို ကလေးဆိုးလေးက မျက်ရည်အလွယ်တကူ ကျတတ်သူ မဟုတ်ပေ....။
"ကိုကို.....ဖေဖေလေ....ဖေဖေ...ဟင့်....
အခုဆေးရုံမှာ.... "
"ဦးလေး က ဘာလို့ ဆေးရုံ ရောက်ရတာလဲ... ဘာဖြစ်လို့်လဲ...."
"ကားအက်ဆီးဒင့် ဖြစ်လို့....ဖေဖေ အခု အရေးပေါ် ခန်းထဲမှာ...."
"ကိုကို အခု လာခဲ့မယ်..ဘယ်ဆေးရုံမှာလဲ.....စေ.... အခု တစ်ယောက်တည်းလား အနားမှာ ဘယ်သူရှိလဲ...အရမ်းမငိုနေနဲ့နော်.. စေ... ပင်ပန်းနေလိမ့်မယ်...ကိုကို အခုလာခဲ့မယ်.... "
"အနားမှာ ထွန်းမင်း ရှိတယ်....ဆေးရုံကြီးမှာ ...."
"ကိုကို အခု လာခဲ့မယ်... ကိုကို ဖုန်းချလိုက်တော့မယ် စေ......."
"အင်း....ကိုကို...."
တောမင်းတမန် ဖုန်းချ ပြီးသည်နှင့် မြန်မြန် ထွက်လာခဲ့သည်။
တောမင်းတမန် ....ဆေးရုံကြီး ကိုရောက်ရန် ၁၅မိနစ်သာ ကြာလိုက်သည်။
"စေ...."
"ကိုကို......"
စေစားရာ ..... တောမင်းတမန် ကိုမြင်သည်နှင့် ပြေးဖက်ကာ ရင်ခွင်တွင်း မျက်နှာအပ်
လျှက် ငိုနေသည်။
"အဆင်ပြေမှာပါ ဦးလေးက ..စေ..ကို
အချစ်ဆုံးလေ....စေ တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး.....အဆင်ပြေသွားမှာပါ.... စေ.....ကိုကို အနားမှာရှိနေတယ်နော်.... "
တောမင်းတမန်....စေစားရာ စိတ်သက်သာရာ ရစေရန် နှစ်သိမ့်ပြောဆိုနေမိသော်လည်း စိတ်အတွင်း၌ ဦးထွန်းမောင် အတွက် စိုးရိမ်နေမိသည်။
"စေ...ခွဲခန်းဝင်နေတာ ဘယ်လောက် ကြာပြီလဲ...."
"တစ်နာရီလောက်ရှိပြီ...."
"အဆင်ပြေသွားမှာ စိတ်မပူနဲ့တော့နော်..... "
စေစားရာ မှာတော့ ငိုရလွန်း၍ပင်ပန်းနေသည့်အတွက်....
operation resultရရန် စောင့်နေဆဲပင် တောမင်းတမန် ရဲ့ ပုခုံးပေါ်မှီရင်း အိပ်ပျော်သွားခဲ့သည်။
အချိန်၃နာရီ ကြာပြီးသည့် နောက်မှာတော့ operation ပြီးသွားဟန် ရသည်။တာဝန်ကျ ဆရာဝန် ထွက်လာခဲ့သည်။
"စေ.....စေ...ခွဲစိတ်တာ ပြီးသွားပြီ ထင်တယ် ဆရာဝန် ထွက်လာပြီ..."
တောမင်းတမန်...စေစားရာ....ကို လှုပ်နှိုးလိုက်သည်။
"ဒေါက်တာ ခွဲစိတ်မှု အခြေအနေ ဘယ်လိုလဲ ဟင်.....ကျွန်တော့်အဖေ အခြေအနေကောင်းရဲ့လားဟင်...."
"ခွဲစိတ်မှု က အောင်မြင်ပါတယ်..... ဒါပေမယ့် ဦးနှောက်တွင်း သွေးခဲတွေကို ဖယ်ခဲ့ရတယ်....ဒီအတွက် နောက်ပိုင်း
side effect ရှိနိုင်တယ်....စောင့်တော့ ကြည့်ရမယ်...."
ဆရာဝန် က ရှင်းပြခဲ့သည်။
"ကျေးဇူး တင်ပါတယ် ဒေါက်တာ...လောလောဆယ် ဖေဖေ့ ရဲ့ အသက် အန္တရာယ် က လွတ်သွားပြီ......"
စေစားရာ ကျေးဇူးတင်စကားဆိုနေမိသည်။
"ခွင့်ပြုပါဦး....ကျွန်တော် အခြား လူနာ တွေ ကြည့်ဖို့ ရှိသေးလို့ပါ...."
ဆရာဝန်က ထိုသို့ ပြောပြီး ထွက်သွားခဲ့သည်။
"ကိုကို....ဖေဖေ လောလောဆယ်အန္တာရယ် ကင်းပြီ...."
"အင်း... ဟုတ်တယ် ကိုကို ပြောခဲ့တယ်မလား..."
"ခင်ဗျားက တောမင်းတမန် လား...."
"ဟုတ်ပါတယ် ကျွန်တော်က တောမင်းတမန် ပါ....ခင်ဗျားက ဘယ်သူလဲ.... "
"ကျွန်တော်က အမှတ်(၂ )ရဲစခန်း က ဒုရဲအုပ် မြတ်မင်း ပါ....ခင်ဗျား ကျွန်တော် တို့နဲ့ အတူပူးပေါင်း ပေးရင် ကောင်းပါ့မယ်....."
"ကိုကို က ဘာအတွက် ပူးပေါင်းပေးရမှာလဲ...."
စေစားရာ.. သူ့ရှေ့က အခြေအနေ အားလုံးကို နားမလည်နိုင်တော့ ဘာအတွက် ရဲ တွေက ရောက်လာပြီး ပူးပေါင်းခိုင်းနေရတာလဲ..။
"ကားတိုက်ပြေးမှုနဲ့ပါ... မီးပွိုင့်မှာ လူတစ်ယောက်ကို ဝင်တိုက်ပြီး ထွက်ပြေးသွားခဲ့
တယ့် ကားကို CCTVမှာ ရိုက်မိထားတယ်....အခု ဒီပုဂ္ဂိုလ်...တောမင်းတမန် က အဲ့ဒီ ကားပိုင်ရှင်ပဲ..."
"ဟင့်အင်း ကိုကို က အဲ့လို လူမျိုး မဟုတ်ဘူး...ခင်ဗျားတို့ လူမှားနေပြီ....ဟုတ်တယ် လူမှားနေတာ...."
စေစားရာ ....ဒုရဲအုပ် မြတ်မင်းရဲ့ စကားကို လက်မခံနိုင်....။
"ဆရာကြီး သူ့ကို လက်ထိပ်ခတ်လိုက်...."
ဒုရဲအုပ် မြတ်မင်း က သူနှင့် ပါလာသည့် တပ်ကြပ်အဆင့် နောက်တစ်ယောက်ကိုပြောလိုက်သည်။
........................................................................
(Zawgyi)
"ကိုကို ပါ တစ္ခုခု ျဖစ္သြားရင္ ဆိုေတာ့ အျခားဘယ္သူ ဘာျဖစ္လို႔လဲ..... ေစ...
ကိုကို႔ကို ေျပာ...."
ေတာမင္းတမန္ အမွန္ကို စိုးရိမ္မိသည္ ။
ထို ကေလးဆိုးေလးက မ်က္ရည္အလြယ္တကူ က်တတ္သူ မဟုတ္ေပ....။
"ကိုကို.....ေဖေဖေလ....ေဖေဖ...ဟင့္....
အခုေဆး႐ုံမွာ.... "
"ဦးေလး က ဘာလို႔ ေဆး႐ုံ ေရာက္ရတာလဲ... ဘာျဖစ္လို႔္လဲ...."
"ကားအက္ဆီးဒင့္ ျဖစ္လို႔....ေဖေဖ အခု အေရးေပၚ ခန္းထဲမွာ...."
"ကိုကို အခု လာခဲ့မယ္..ဘယ္ေဆး႐ုံမွာလဲ.....ေစ.... အခု တစ္ေယာက္တည္းလား အနားမွာ ဘယ္သူရွိလဲ...အရမ္းမငိုေနနဲ႕ေနာ္.. ေစ... ပင္ပန္းေနလိမ့္မယ္...ကိုကို အခုလာခဲ့မယ္.... "
"အနားမွာ ထြန္းမင္း ရွိတယ္....ေဆး႐ုံႀကီးမွာ ...."
"ကိုကို အခု လာခဲ့မယ္... ကိုကို ဖုန္းခ်လိဳက္ေတာ့မယ္ ေစ......."
"အင္း....ကိုကို...."
ေတာမင္းတမန္ ဖုန္းခ် ၿပီးသည္ႏွင့္ ျမန္ျမန္ ထြက္လာခဲ့သည္။
ေတာမင္းတမန္ ....ေဆး႐ုံႀကီး ကိုေရာက္ရန္ ၁၅မိနစ္သာ ၾကာလိုက္သည္။
"ေစ...."
"ကိုကို......"
ေစစားရာ ..... ေတာမင္းတမန္ ကိုျမင္သည္ႏွင့္ ေျပးဖက္ကာ ရင္ခြင္တြင္း မ်က္ႏွာအပ္
လွ်က္ ငိုေနသည္။
"အဆင္ေျပမွာပါ ဦးေလးက ..ေစ..ကို
အခ်စ္ဆုံးေလ....ေစ တစ္ေယာက္တည္း ထားခဲ့မွာ မဟုတ္ဘူး.....အဆင္ေျပသြားမွာပါ.... ေစ.....ကိုကို အနားမွာရွိေနတယ္ေနာ္.... "
ေတာမင္းတမန္....ေစစားရာ စိတ္သက္သာရာ ရေစရန္ ႏွစ္သိမ့္ေျပာဆိုေနမိေသာ္လည္း စိတ္အတြင္း၌ ဦးထြန္းေမာင္ အတြက္ စိုးရိမ္ေနမိသည္။
"ေစ...ခြဲခန္းဝင္ေနတာ ဘယ္ေလာက္ ၾကာၿပီလဲ...."
"တစ္နာရီေလာက္ရွိၿပီ...."
"အဆင္ေျပသြားမွာ စိတ္မပူနဲ႕ေတာ့ေနာ္..... "
ေစစားရာ မွာေတာ့ ငိုရလြန္း၍ပင္ပန္းေနသည့္အတြက္....
operation resultရရန္ ေစာင့္ေနဆဲပင္ ေတာမင္းတမန္ ရဲ႕ ပုခုံးေပၚမွီရင္း အိပ္ေပ်ာ္သြားခဲ့သည္။
အခ်ိန္၃နာရီ ၾကာၿပီးသည့္ ေနာက္မွာေတာ့ operation ၿပီးသြားဟန္ ရသည္။တာဝန္က် ဆရာဝန္ ထြက္လာခဲ့သည္။
"ေစ.....ေစ...ခြဲစိတ္တာ ၿပီးသြားၿပီ ထင္တယ္ ဆရာဝန္ ထြက္လာၿပီ..."
ေတာမင္းတမန္...ေစစားရာ....ကို လႈပ္ႏွိုးလိုက္သည္။
"ေဒါက္တာ ခြဲစိတ္မႈ အေျခအေန ဘယ္လိုလဲ ဟင္.....ကြၽန္ေတာ့္အေဖ အေျခအေနေကာင္းရဲ႕လားဟင္...."
"ခြဲစိတ္မႈ က ေအာင္ျမင္ပါတယ္..... ဒါေပမယ့္ ဦးႏွောက္တြင္း ေသြးခဲေတြကို ဖယ္ခဲ့ရတယ္....ဒီအတြက္ ေနာက္ပိုင္း
side effect ရွိနိုင္တယ္....ေစာင့္ေတာ့ ၾကည့္ရမယ္...."
ဆရာဝန္ က ရွင္းျပခဲ့သည္။
"ေက်းဇူး တင္ပါတယ္ ေဒါက္တာ...ေလာေလာဆယ္ ေဖေဖ့ ရဲ႕ အသက္ အႏၱရာယ္ က လြတ္သြားၿပီ......"
ေစစားရာ ေက်းဇူးတင္စကားဆိုေနမိသည္။
"ခြင့္ျပဳပါဦး....ကြၽန္ေတာ္ အျခား လူနာ ေတြ ၾကည့္ဖို႔ ရွိေသးလို႔ပါ...."
ဆရာဝန္က ထိုသို႔ ေျပာၿပီး ထြက္သြားခဲ့သည္။
"ကိုကို....ေဖေဖ ေလာေလာဆယ္အႏၱာရယ္ ကင္းၿပီ...."
"အင္း... ဟုတ္တယ္ ကိုကို ေျပာခဲ့တယ္မလား..."
"ခင္ဗ်ားက ေတာမင္းတမန္ လား...."
"ဟုတ္ပါတယ္ ကြၽန္ေတာ္က ေတာမင္းတမန္ ပါ....ခင္ဗ်ားက ဘယ္သူလဲ.... "
"ကြၽန္ေတာ္က အမွတ္(၂ )ရဲစခန္း က ဒုရဲအုပ္ ျမတ္မင္း ပါ....ခင္ဗ်ား ကြၽန္ေတာ္ တို႔နဲ႕ အတူပူးေပါင္း ေပးရင္ ေကာင္းပါ့မယ္....."
"ကိုကို က ဘာအတြက္ ပူးေပါင္းေပးရမွာလဲ...."
ေစစားရာ.. သူ႕ေရွ႕က အေျခအေန အားလုံးကို နားမလည္နိုင္ေတာ့ ဘာအတြက္ ရဲ ေတြက ေရာက္လာၿပီး ပူးေပါင္းခိုင္းေနရတာလဲ..။
"ကားတိုက္ေျပးမႈနဲ႕ပါ... မီးပြိုင့္မွာ လူတစ္ေယာက္ကို ဝင္တိုက္ၿပီး ထြက္ေျပးသြားခဲ့
တယ့္ ကားကို CCTVမွာ ရိုက္မိထားတယ္....အခု ဒီပုဂၢိုလ္...ေတာမင္းတမန္ က အဲ့ဒီ ကားပိုင္ရွင္ပဲ..."
"ဟင့္အင္း ကိုကို က အဲ့လို လူမ်ိဳး မဟုတ္ဘူး...ခင္ဗ်ားတို႔ လူမွားေနၿပီ....ဟုတ္တယ္ လူမွားေနတာ...."
ေစစားရာ ....ဒုရဲအုပ္ ျမတ္မင္းရဲ႕ စကားကို လက္မခံနိုင္....။
"ဆရာႀကီး သူ႕ကို လက္ထိပ္ခတ္လိုက္...."
ဒုရဲအုပ္ ျမတ္မင္း က သူႏွင့္ ပါလာသည့္ တပ္ၾကပ္အဆင့္ ေနာက္တစ္ေယာက္ကိုေျပာလိုက္သည္။
........................................................................