အသံဖမ်းစက်တပ်ချင်လို့
သူ မြတ်နိုးတဲ့ပန်းအိုးလည်း
စိတ်ဆိုးဟန်ပြပြီး ရိုက်ခွဲဖူးတယ်
အစားပြန်၀ယ်ပေးတဲ့ ပန်းအိုးမှာ
စက်သေးသေးလေးပါတာ သူမရိပ်မိ
ဖုန်းပြောတိုင်း ပန်းအိုးလေးကို
မြင်ချင်ပါတယ်ဆိုပြီး သူ ဖုန်းပြောနေကျ
အိပ်ခန်းထောင့်မှာ ထားတယ်
အဲ့ချိန်ကစ လပေါင်းမနည်း ခေါင်းခဲခဲ့ရတဲ့ ပဟေဠိဟာ အလိုလို လွယ်လာတယ်.....
သက်သေအထောက်အထားအတွက်
ငြင်းမရနိုင်တဲ့ အသံဖိုင်တောင်
အဆစ်ရခဲ့ပါသေးတယ်......
အခုတော့ ကိုယ့်အတတ် ကိုယ်စူး
Chuနဲ့အတူ
သည်ခရီးကို နှင်မိမယ် ထင်မထားခဲ့ဘူးလေး
အသံအတိုင်းသား နားထောင်နေရမဲ့
အလုပ်ခန်းထဲက ဆရာ စီနီယာ ဂျူနီယာတွေ
နောက်ပြီး Chae နဲ့ Lisaကို
Jen မျက်နှာပူပါတယ်....
အလုပ်ခန်းလေးထဲ အားလုံးဟာ တစ်ယောက်တစ်ပေါက်
"ငါ တစ်ယောက်တည်း ကြားနေရတာတော့
မဟုတ်ပါဘူးနော်"
"အဟမ်း အားလုံးပဲ ဆရာ သည်ကိစ္စကို
စစ်ဆင်ရေးအစီအစဥ်ထဲ
ထည့်မဆွဲပေးလိုက်ဘူးနော်
ငါ့နှယ် သည်ကောင်မလေး
ဘာတွေ လျှောက်လုပ်နေပါလိမ့် "
"ဆရာရဲ့ ထူးချွန်လှတဲ့ တပည့်မလေးပါတော်
ဆရာက စစ်ဆင်ရေးကာလအတွင်း သူ့အဖေပဲ
သွားဆူပါ့လား"
"ဆရာလည်း အစ်မ Rubyလို တကယ်ဖြစ်အောင် လုပ်လိုက်လေး
ဆရာ စီနီယာအပျိုကြီးမမ ကို
ကြိတ်ကြွေနေတာမလား သူ မဟုတ်လည်း အစ်မ Rubyရဲ့ အမေအဖြစ် ဟန်ဆောင်လို့ရတဲ့သူ
ပေါလွန်းလို့ ....နော့် သားရီး
အသာနေစမ်းကွာ အသည်းကွဲနေရတဲ့ကြားထဲ"
"သွားပါပြီ ငါ့ရဲ့ Ruby Janeလေး
စစ်ဆင်ရေး ပြီးရင် ချစ်ရေးဆိုမလို့ဟာ...."
"Janeက Janeပဲနော်
Jennieဆိုတဲ့ နာမည်တုမှာ
အကြာကြီး မနေဘူးမလား jane
Chae စိတ်ပူလာပြီ"
"Chaeရာ
ငါတို့ရဲ့ Jane တကယ်ချစ်မိသွားတာလား
သူ စိတ်ယိုင်သွားမှာလား ဟ
တစ်ခုခုလုပ်ကြပါဦး
Jane သူပြန်လာမှာပါ Lisa"
"ပင်ပန်းနေမှာပဲ နားနေနှင့်နော်Jen
Chuရေချိုးပြီး မနက်စာ သွားပြင်လိုက်ဦးမယ်"
အင်း မလုပ် အဲ မလုပ်နဲ့
နှုတ်ခမ်းလေးကို တမင်ဆူထားရင်း
မျက်လုံးကို ခပ်မှေးမှေးလေးဖွင့်ပြီး
ပြုံးစိပြုံးစိနဲ့ Chuကို ကြည့်နေတယ်
အူယားတာမို့
နဖူးကို မနာအောင် တစ်ချက်တောက်ပြီး
"အရမ်းချစ်ဖို့ကောင်းအောင် မနေနဲ့ Jen
အန္တာရာယ် ရှိတယ်
ဧဒင်ဥယျာဥ်ကို နောက်တစ်ခေါက်
ပြန်လိုက်ကြည့်ရလိမ့်မယ်နော်...."
"အပြောင်းအလဲအနေနဲ့ Chu လိုက်ကြည့်လေး
Jenက လိုက်ပြဖို့ အဆင်သင့်ပဲ"
မျက်ခုံးပင့်ကာ ပြန်ပြောလာသည်မို့
Chuလည်း အမြန်ဘဲ အခန်းတံခါးဆီ
ပြေးလိုက်တယ်
တံခါးကို ဆွဲဖွင့်ရင်း လည်ပြန်ကြည့်
လျှာထုတ်ပြပြီး အပြင်ထွက်မယ်အလုပ်
"ဖက်ထားပေးနိုင်မလား Chu"
ဘာလို့ Jenရဲ့အသံက
၀မ်းနည်းစရာကောင်းနေတာလဲ....
"ဒါပေါ့ ခလေးရဲ့"
"အ၀တ်အစား ပြန်၀တ်ရအောင် Jen
မဟုတ်ရင်
နှစ်ယောက်သား အအေးပတ်လိမ့်မယ်"
"ဟင့်အင်း သည်အတိုင်းလေးပဲ နေရအောင်
ဘာကိုမှ ဖုံးကွယ်မထားဘဲ
အရှိကိုအရှိတိုင်းလေး"
စနောက်လိုက်ချင်ပေမဲ့ သူ့မျက်၀န်း
သူ့လေသံတွေဟာ ခါတိုင်းထက် ပိုလေးနက်နေသည်မို့
"သဘောအတိုင်းပါပဲ Jen"
"သည်နေ့လေးကို Jenတို့ရဲ့
နောက်ဆုံးနေ့လေးလို့ တွေးပြီး
အချိန်အတူဖြုန်းရအောင်"
"အင်း ဒါဆို ကိုယ့်အကြောင်း
အားလုံးပြောပြမယ် နားထောင်မလား Jen"
"နားထောင်မှာပေါ့
အရင်ဆုံး Jenကို ချစ်လား"
"ချစ်တာပေါ့ Jenရဲ့
သည်ကောင်မလေးတစ်ချက်ပြုံးလိုက်တာနဲ့
ဘာမဆို လိုက်လျောပေးဖို့ Chuက အမြဲ
အသင့်ဖြစ်နေတာ.....
တွေ့ဆုံမှုတွေ အဆင်သင့်နေခဲ့တာကို ကျေးဇူးတင်လို့ မဆုံးဖြစ်ရတယ်
မင်း ကိုယ့်ရှေ့ ရောက်လာခဲ့တယ်
အဲ့တုန်းက
ကိုယ်တို့ ပုခုံးချင်းတိုက်မိခဲ့ကြတယ်နော်
အာ...ပြန်ပြောနေရင်းကို ရင်ခုန်နေပြန်ပြီ......."
တိုက်မိတာ မဟုတ်ဘူး ၀င်တိုက်တာ Chuရဲ့
အဲ့နေ့က ကိုယ် ရေးခဲ့တဲ့ ဇာတ်က
အခုတော့ အကျိုးအပဲ့တွေ မွေးဖွားတော့မယ်
"အဟမ်း အခု
Jen ကြည့်နေတဲ့ပုံစံက
ကိုယ့်ကိုယ်ကို အရမ်း ခန့်နေသလို
ခံစားရစေတယ်...."
သူ့ လည်ပင်းသားလေးကို အရင် နမ်းလိုက်တယ်
"အင်း အရမ်း ခန့်နေတယ်
Chuက အမြဲ ခန့်နေတာပါပဲ "
"Jen က Jenဟုတ်မနေရင် Chu
ဘယ်လိုလုပ်မလဲ"
"ဟေး....ဟို ပါးဖောင်းဖောင်းနဲ့ ကောင်မလေး
ချစ်တယ်နော်.... အဲ့လို"
Jen မျက်ထောင့်နဲ့ မော်ကြည့်တော့
သူက ပြန်ပြုံးလာတယ်.....
သိပ်ချစ်တာပဲလား Chu
"ဟုတ်တယ်မလား Jen
ပါးဖောင်းဖောင်းလေးက
ပြောင်းလဲသွားမှာမှ မဟုတ်တာ"
"ပြီးတော့ ကိုယ့်အချစ်တွေရောပဲ...."
အနမ်းတစ်ပွင့် ဆုချလိုက်တယ်
Chuသိလား
Jenတို့က အခု ချောက်ကမ်းပါးစွန်းမှာ
ရပ်နေကြတယ် ဆိုတာ
ဆိုးတာက ချောက်နက်ကြီးထဲ Chuကို
တွန်းချမဲ့သူက Jenဖြစ်နေတာပါပဲ.....
သူ့ရင်ခွင်ထဲ ပိုလို့ တိုး၀င်လိုက်တယ်
သူ့လက်ဖဝါးကို တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်လိုက်တယ်
အင်း အခုမှပဲ နေသာထိုင်သာ ရှိတော့တယ်
"ဘယ်လို ရှင်သန်လာခဲ့လဲ ပြောပြပါဦး Chu"
"အင်း ထမင်းနပ်မမှန်ခဲ့ဘူးပေါ့
Chuရယ် Johnရယ်
သည်တိုင်း လမ်းပေါ် ပေတေနေရင်း
တစ်နေ့ ညဘက်ကြီး
လူတစ်ယောက်နဲ့တွေ့တယ်
အခုတော့ Chuတို့ရဲ့ ဆရာပေါ့.....
ထောင်၀တ်စုံကြီးနဲ့လေး
ဖောက်ပြေးလာတာ.....
သူ့ကို တစ်ညပဲ ဖွတ်ပေးရင်
ကျေးဇူးဆပ်ပါမယ်တဲ့
ဘာနဲ့လဲ မေးတော့
သူက အမှောင်လောကရဲ့
သခင်တစ်ပါး ပါ
အလုပ်ပေးမယ် စားစရာ နေစရာ
ပေးမယ်တဲ့လေး
ဒါဆို ကူညီရုံပေါ့
Johnနဲ့နှစ်ယောက်သား ဆုံးဖြတ်ခဲ့ကြတာ
သိပ်မကြာဘူး
လာမေးတဲ့ လူတစ်စုကို ပြန်ဖြေလိုက်တယ်
တွေ့လိုက်တယ် ဟိုဘက်ပြေးသွားတယ် လို့
သူနဲ့အတူ Chuတို့ကို ခေါ်သွားတယ်
ကျွေးမွေးတယ် လက်နက်ကိုင်ကျွမ်းအောင် သင်ပေးတယ်
တပည့်အဖြစ် မွေးတယ်ပေါ့ Jenရယ်
လက် အတော်တည့်လာချိန်မှာ
စခိုင်းတော့တာပဲ......
ကြွက်တွေ ဖမ်းမိခါနီး သားကောင်တွေကို
Chuနဲ့ Johnက ရှင်းပေးရတယ်.....
ဆရာ့မှာ အရင်က သည်လို
ရှင်းပေးမဲ့သူ မရှိခဲ့ဘူး
တစ်ခါသေဖူး ပျဥ်ဖိုး နားလည်တာ ပြောရမလား
သူ ထပ်အဖမ်းမခံချင်တော့ဘူးလေး
ကိုယ်တို့က လိုက်ရှင်းပေးတော့ သူ့ကို ဖမ်းမိမဲ့သဲလွန်စက
ပြတ်ပြတ်သွားတာပေါ့"
"အာ...တောက် သည်ဘိုးတော် အတော်
အဆိပ်ပြင်းတာပဲ
ဖမ်းမိချင်လွန်းလို့ ငါ့ လက်တွေ
အရမ်းယားနေပြီ"
"Chae"
"ဟုတ် ဆရာ"
"ဓာတ်ခွဲဌာနကို သွားမေးလိုက်
အလောင်းတွေမှာ လက်ဗွေရာ
ဘယ်နှခု ပါလဲ လို့ အရေးကြီးတယ်
တတ်နိုင်သလောက် မြန်မြန်လို့သာ ပြောခဲ့"
"Chuက ဘာလို့ မငြင်းတာလဲ"
"သူ လုပ်ပေးတာတွေ အရမ်းများတယ်လေး
ဘာတတ်နိုင်မှာလဲ
သည်လို မလုပ်လည်း ကိုယ်တို့မှာ ရွေးစရာ
တစ်ခြားလမ်းမှ မရှိဘဲ Jen"
"တစ်ခါတစ်လေ ဒဏ်ရါ ရတယ် တစ်ခါတစ်ခါ
ခွေးပြေး ပြေးရတယ်
ဘာလို့ဆို သူ့ ပြိုင်ဘက်တွေကိုလည်း
ရှင်းပေးရသေးတယ်
မြွေမြွေချင်း ခြေမြင်ကြတယ်လေး
တစ်ခုခုဆို ကိုယ်တို့က အရင် အနှပ်ခံရတာ
ကိုယ်တို့က ဓားစာခံ သက်သက်ပဲ
ကံသီလို့ပေါ့ အခုထိ အသက်ရှင်နေတာ
မဟုတ်လည်း
Jenနဲ့တွေ့ပြီး ချစ်ရဦးမဲ့
ကံကြမ္မာကြောင့် ဖြစ်မယ်"
"ဘယ်က ဘယ်လို Jenက ပါလာတာလဲ"
"ဆရာက Jenကို မသင်္ကာ ဖြစ်သေးတယ်
သိလား?
နောက်ကြောင်းရှင်းလားပဲ
တစ်မေးမေး လုပ်နေတာ
သူ့မိဘအသက်နဲ့ ခြိမ်းခြောက်လို့ လိုက်လာတဲ့
ကြောင်တောင်တောင်လေးပါ ဆိုလည်း မရဘူး
အဲ့တာနဲ့ ကိုယ်လည်း ပြောလိုက်တယ်
သူ့ကို ချစ်တယ်
သူ့ကိုထိရင် ဆရာတွေ ဘာတွေ
နားမလည်ဘူးနော် ပြန်ပြောလိုက်တယ်
ကိုယ်က သူ့ရဲ့ ဒိုင်းလေး
ရိုင်းလည်း သည်းခံရတာပေါ့.....
ကိုယ့်ပုံစံကို မြင်စေချင်တယ်
ပထမအကြိမ်
သတ္တိရှိရှိ ဆရာ့ကို ပြန်အာခံပြောခဲ့တာ
မသိလိုက်ခင်မှာပဲ Jenက ကိုယ့်ရဲ့ ခွန်အား
ဖြစ်နေခဲ့တာပေါ့"
ပြောရတာ စျာန်၀င်သွားတယ် ထင်ပါရဲ့
လက်ဟန် ခြေဟန်တွေပါ ပါလာတာ
"အနားလာပါဦး Chuရဲ့
နဖူး ပြီးတော့ မျက်ခွံ ပြီးတော့ နှာခေါင်း
ပြီးတော့ ဘယ်ဘက်ပါး ညာဘက်ပါး
ပြီးတော့ နားရွက်
ပြီးတော့ မေးစေ့ "
"ဘာလို့ နှုတ်ခမ်းကို ကျော်သွားတာလဲ Jen!!"
"Chu နမ်းဖို့လေး
ကြည့်ပါဦး ကျေနပ်နေတဲ့ ခလေးလေး"
ချိုတယ် မြိန်တယ်
တင်းတင်းကြပ်ကြပ် ဖက်လိုက်ရင်း
အနူးညံ့ဆုံး ပြန်တုံ့ပြန်လိုက်တယ်
သည်လုံခြုံမှုကို အမြဲ အမှတ်ရနေပါ့မယ် Chu
နောက်ကျောထိုးမဲ့ ဓားကိုမှ အချစ်ကြီး ချစ်နေတဲ့
Jenရဲ့ မအူမလည်လေး
"ချစ်တယ် Jen"
"သိပ်ကိုချစ်ရပါတယ် Chu"
Zann